Zawgyi
အလုပ်ပိတ်ရက် ဖြစ်သော်လည်း ဥက္ကဌဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ မနားရတာမို့ ပန်းပင်လေးတွေ ဝယ်စိုက်ချင်လို့ ပူဆာနေတဲ့ မားကို ဝယ်နေကြ ပန်းဆိုင်မှာ ခဏထားခဲ့ကာ ဧည့်သည်နဲ့ ဝင်တွေ့ပြီး အပြန်မှ ဝင်ကြိုဖို့ လုပ်ထားတာ ဖြစ်သည်။ မားကိုကြိုဖို့ သွားနေရင်း မားဆီက ဖုန်းဝင်လာတာမို့ ကိုင်လိုက်တော့ အိမ်ပြန်လိုက်ပို့ပေးမယ့်သူ ရှိတာမို့လာကြိုစရာ မလိုတော့ပါဘူးတဲ့လေ။
ဘယ်သူမှန်းမသိတာမို့ နာမည်မေးတော့လည်း အိမ်မှာပဲပြန်စောင့်နေဖို့ပြောတာကြောင့်မားကို စိတ်မချပေမယ့်လည်း မားကလည်းအရမ်းနုံအနေတဲ့သူမဟုတ်တော့ စကားနားထောင်ပြီးတော့သာ အိမ်မှာပြန်စောင့်နေရသည်။
ရှောင်းကျန့်ရောက်ပြီးတော်တော်ကြာတဲ့အထိ ရောက်မလာသေးတာမို့ ဖင်တကြွကြွဖြစ်ကာ အိမ်အပြင်ထွက်စောင့်နေတုန်း ခြံထဲဝင်လာတဲ့ ကားကို မြင်ဖူးသလို ရှိတာကြောင့်ကြည့်နေရင်း အနားရောက်တော့မှ ကားမောင်းသူနေရာမှာ မြင်လိုက်ရတဲ့သူကြောင့်ဒေါသထွက်ရပြန်သည်။ သူဒီလောက်ပြောထားရဲ့သားနဲ့...
အိမ်ဝမှာ ရပ်နေတဲ့ရှောင်းကျန့်ကို မမြင်ချင်ယောင်ဆောင်ကာ ဝမ်ရိပေါ်လက်ကိုဆွဲပြီး အိမ်ထဲဝင်သွားတဲ့ မားကြောင့် မေးဖို့ပြင်လိုက်ပေမယ့်ရှောင်းကျန့်ရှိနေတာတောင်ရယ်မောနေနိုင်တဲ့ ဝမ်ရိပေါ်ကို စိတ်တိုလာတာမို့ လှည့်ထွက်ရန်ပြင်တော့မှ မားဆီက အသံထွက်လာသည်။
"ဘယ်သွားမလို့လဲရှောင်းကျန့် ဒီမှာလာထိုင်"
သူနဲ့ မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်တဲ့အထိရှောင်းကျန့်ကို တစ်ချက်တောင်လှမ်းမကြည့်ပဲ မားနဲ့ပဲ စကားအပြော မပြတ်နေနေတဲ့ ဝမ်ရိပေါ်ဆီက ကြားလိုက်ရတဲ့ အခေါ်အဝေါ်ကြောင့်ရှောင်းကျန့်မျက်ခုံးပင့်မိသွားသည်။ မား...မားတဲ့ရှောင်းကျန့်အရှေ့မှာရှောင်းကျန့်ရဲ့မားကို မားလို့ခေါ်ရဲတဲ့အထိ ဒီကောင်လေး ဘယ်ကသတ္တိတွေ ရလာတာလဲ။
YOU ARE READING
Dear My Ex-crush[Completed]
RomanceZawgyi crushတွေက မကောင်းပါဘူး.. ဟုတ်ပါတယ် လုံးဝကိုမကောင်းကြတာပါ ... အဲ့ဒီထဲကမှ ရိပေါ်ရဲ့ex-crushကြီးရှောင်းကျန့်က မုန်းစရာအကောင်းဆုံးပဲ.. Unicode crushတှကေ မကောင်းပါဘူး.. ဟုတ်ပါတယ် လုံးဝကိုမကောင်းကြတာပါ ... အဲ့ဒီထဲကမှ ရိပေါ်ရဲ့...