Ch-10

8.1K 771 30
                                    

Zawgyi

ရှောင်းကျန့်​အလုပ်​ကို​ရောက်​ရောက်​ချင်း ဝမ်​ရိ​ပေါ်ရဲ့စားပွဲကို လှမ်းကြည့်​လိုက်​တော့ လူကိုမ​တွေ့ရတာ​ကြောင့်​အတွင်း​ရေးမှူးချန်​ကို မှာခဲ့ကာ အခန်းထဲ ဝင်​လာလိုက်​သည်​။ ဘယ်​တွေကို အ​လေလိုက်​နေလို့ အလုပ်​အချိန်​က​နောက်​ကျ​နေရတာလဲ။ ​ရောက်​လာ​တော့မှ​ မှတ်​လောက်​သား​လောက်​အောင်​ဆူပစ်​လိုက်​ဦးမယ်​လို့လည်း စိတ်​ထဲတွင်​တေးမှတ်​ထားလိုက်​သည်​။

နာရီဝက်​လောက်​ကြာ​တော့ အခန်းထဲကို ဝင်​လာတဲ့ ဝမ်​ရိ​ပေါ်က​ရှောင်းကျန့်​အထင်​တော့ မျက်​နှာမ​ကောင်းဘူးလားလို့။ ထားပါ...ဒါက​သူ့ကိစ္စ​ရှောင်းကျန့်​နဲ့ မဆိုင်​ဘူး။

"ငါ​တောင်းထားတဲ့ ဒီဇိုင်းပုံကြမ်း​တွေ အဆင်​သင့်​ဖြစ်​ပြီလား"

" ဒီမှာပါ...."

စားပွဲ​ပေါ်မှာ ဖိုင်​ချ​ပေးပြီးတာနဲ့ လှည့်​ထွက်​ဖို့ ပြင်​နေတာ​ကြောင့်

"မင်းအလုပ်​လာတဲ့ အချိန်​ကို ကြည့်​ဦး မင်းလာချင်​တဲ့ အချိန်​မှ လာရ​အောင်​ငါ့ကုမ္ပဏီက အ​ပျော်​တမ်းဖွင့်​ထားတဲ့​နေရာမဟုတ်​ဘူး"

"ကျွန်​တော်​တောင်းပန်​ပါတယ်​ ​နောက်​မဖြစ်​စေရပါဘူး"

ရှောင်းကျန့်​ပြောသမျှကို​ ​ခေါင်းငုံ့ပြီး​တောင်းပန်​နေတဲ့ ဝမ်​ရိ​ပေါ်​ကြောင့်​ရှောင်းကျန့်​စိတ်​အလိုမကျ ဖြစ်​သွားရသည်​။ အရင်​ဆို​ရှောင်းကျန့်​နည်းနည်း​လောက်​ပြောလိုက်​တာနဲ့ ကက်​ကက်​လန်​အောင်​ရန်​ပြန်​တွေ့တဲ့ ဝမ်​ရိ​ပေါ်က အခုလို လုပ်​နေတာ အရမ်းထူးဆန်း​နေတယ်​မဟုတ်​ဘူးလား။ အခုဟာက​ရှောင်းကျန့်​ကို တမင်​တကာ လူဆိုးဖြစ်​အောင်​လုပ်​နေသလိုပဲ။

အခုထိ​ရှောင်းကျန့်​ကို ကြည့်​မလာ​သေးတဲ့​ကောင်​လေး​ကြောင့်​အနားကို သွားရပ်​လိုက်​မှ ပြူး​ကြောင်​ကြောင်​လေး​မော့ကြည့်​လာသည်​။ အနီးကပ်​ကြည့်​တော့မှ ဖြူဥဥ ပါး​ဖောင်း​လေး​တွေကို သတိထားမိပြီး မ​နေ့က အဖြစ်​ကို ပြန်​တွေးမိတာ​ကြောင့်​ ပါး​ဖောင်း​ဖောင်းတစ်​ဖက်​ကို ဆွဲလိမ်​လိုက်​တော့ အ ခနဲ အသံထွက်​ကာ မျက်​နှာတစ်​ချက်​မဲ့သွားပြီး မျက်​ရည်​တွေ လိမ့်​စင်းလာတာမို့​ ​ရှောင်းကျန့်​ပင်​ကြောင်​သွားရသည်​။ သူဆွဲလိုက်​တာ အားလည်းမပါပါပဲ ဒီ​လောက်​ထိ ဖြစ်​သွားစရာ လိုလို့လား။ ဒါမှမဟုတ်​....

Dear My Ex-crush[Completed]Where stories live. Discover now