Zawgyi
"ရိပေါ် အိမ်သာသွားချင်လို့လား ကိုယ်လိုက်ပို့ပေးမယ်လေ"
"မလိုဘူး.."
ခြေဖဝါးကဒဏ်ရာတွေကြောင့် လမ်းသေချာမလျှောက်နိုင်သေးတဲ့ရိပေါ်က ကုတင်ပေါ်ကဆင်းဖို့ပြင်နေတာကြောင့် အနားသွားကာကူတွဲပေးဖို့လက်လှမ်းလိုက်ပေမယ့် ပြန်ရလိုက်တာကခပ်ပြတ်ပြတ်စကားသံရယ်သာ။ အခုချိန်မှာ ရိပေါ်သဘောမကျမယ့်အရာတွေမလုပ်ချင်တာမို့ စေ့စေ့ပိတ်ထားတဲ့ရေချိုးခန်းအရှေ့မှာသာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။
ထော့နဲ့ထော့နဲ့ဖြင့် ရေချိုးခန်းထဲကပြန်ထွက်လာတဲ့ရိပေါ်ကမလိုဘူးပြောထားပေမယ့်လည်း စိတ်မချတာမို့ ကုတင်ပေါ်ရောက်သွားတဲ့အထိအနားမှာရစ်သီရစ်သီလုပ်နေမိသည်။ ပြန်လှဲအိပ်ဖို့ပြင်နေတဲ့ရိပေါ်ကြောင့် ခြေရင်းကစောင်ကိုဆွဲခြုံပေးဖို့လက်အလှမ်းမှာ ရိပေါ်ခြေထောက်မှာစည်းထားတဲ့ပတ်တီးက သွေးတွေစိမ့်ထွက်နေတာကြောင့် အလန့်တကြားဖြင့်ခြေထောက်လေးကိုလှမ်းကိုင်လိုက်တော့ ရိပေါ်ကခြေထောက်ကိုချက်ချင်းပြန်ရုတ်သွားပြီး
"ခင်ဗျား ဘာလုပ်တာလဲ"
"သွေးတွေထွက်နေတယ်ရိပေါ် ခုနကဖိပြီးလမ်းလျှောက်လိုက်လို့ထင်တယ်။ ကိုယ်ပတ်တီးအသစ်လဲပေးမယ်လေနော်"
ပြောရင်းနဲ့ ကွေးပြီးထိုင်နေတဲ့ရိပေါ်ရဲ့ ခြေထောက်ဖြူဥဥလေးတွေဆီ လက်လှမ်းလိုက်တော့ ရိပေါ်ကအနောက်ကိုဆုတ်သွားပြီး မျက်နှာမှာလည်းအလိုမကျခြင်းများစွာဖြင့် မျက်ခုံးတွေကိုတွန့်ချိုးထားကာ
"မလိုဘူး."
"ခဏလေးပါရိပေါ်ရယ် ဒီအတိုင်းထားလိုက်ရင် ဒဏ်ရာမကျက်ပဲနေ..."
"ခင်ဗျားကို မလိုဘူးလို့ပြောနေတယ်လေ ဒီဒဏ်ရာလောက်နဲ့မသေနိုင်ဘူး"
YOU ARE READING
Dear My Ex-crush[Completed]
RomanceZawgyi crushတွေက မကောင်းပါဘူး.. ဟုတ်ပါတယ် လုံးဝကိုမကောင်းကြတာပါ ... အဲ့ဒီထဲကမှ ရိပေါ်ရဲ့ex-crushကြီးရှောင်းကျန့်က မုန်းစရာအကောင်းဆုံးပဲ.. Unicode crushတှကေ မကောင်းပါဘူး.. ဟုတ်ပါတယ် လုံးဝကိုမကောင်းကြတာပါ ... အဲ့ဒီထဲကမှ ရိပေါ်ရဲ့...