Zawgyi
ရေချိုးနေရင်းနဲ့မှ ဒီနေ့က ဝမ်ရိပေါ်ရဲ့အားလပ်ရက်ဖြစ်ကြောင်း သတိရတာမို့ ရေကိုအမြန်ချိုးလိုက်ရင်း အဝတ်ဗီရိုရှေ့မှာအတန်ကြာအောင် ရပ်နေမိသည်။ အတွင်းရေးမှူးချန်ပို့လိုက်တဲ့schedule အရဆို မဖြစ်မနေရှောင်းကျန့်သွားရမှာက မနက်၁၀နာရီမှာ Daytoyလက်အောက်က mallတစ်ခုကိုစစ်ဆေးရန်သာရှိပြီး ကျန်တာတွေကတော့ အတွင်းရေးမှူးချန်နဲ့လွှဲထားခဲ့လည်း အဆင်ပြေနိုင်တာမို့ suitအပြည့်အစုံဝတ်မနေတော့ပဲ ခဲရောင်ရှပ်အင်္ကျီကိုသာထုတ်ဝတ်လိုက်သည်။
"ခဲရောင်ဆိုတော့ နည်းနည်းမှိုင်းနေသလိုပဲ မဖြစ်သေးပါဘူး.."
ကြယ်သီးအပြည့်အစုံတပ်ပြီးကာမှ မှန်ထဲကြည့်ပြီး စိတ်တိုင်းမကျတာမို့ ပါးစပ်ကလည်း ရေရွတ်ရင်း အဝတ်ဗီရိုထဲ လှန်လှောကြည့်တော့ အများစုကအနက်တွေသာ ဖြစ်နေတာမို့ အချိန်အတော်ကြာမွှေနှောက်ပြီးတော့မှ ရှားရှားပါးပါးnavyပြာရောင်ရှပ်အင်္ကျီကိုတွေ့တာမို့ style pantအဖြူရောင်ဖြင့် တွဲဝတ်လိုက်သည်။ အခန်းထဲကထွက်ခါနီး မှန်ကိုတစ်ချက်ကြည့်ကာ အဆင်ပြေတာသေချာမှ အောက်ထပ်ကိုဆင်းခဲ့လိုက်သည်။
"သားငယ်လေးနဲ့ ချိန်းထားလို့လား"
ထမင်းစားခန်းထဲရောက်ရောက်ချင်း လှမ်းမေးလိုက်တဲ့မားရဲ့စကားကြောင့် ရှောင်းကျန့်မလုံမလဲဖြင့်
"မဟုတ် ပါ ဘူး မားကလည်း..."
"မဟုတ်ဘူးဆိုတော့လည်း မဟုတ်ဘူးပေါ့။ မနက်စာစားသွားမှာလား ဒါမှမဟုတ် သားငယ်လေးနဲ့တွေ့မှ..."
"မား.."
"ဆောရီးပါသားရယ် မားက သားငယ်လေးရဲ့နာမည်ကို ပါးစပ်ထဲစွဲနေလို့"
"အဲ့ဒါဆိုသားသွားတော့မယ်နော် မား"
"ပိတ်ရက်ကျရင် သားငယ်လေးကိုအိမ်လာလည်ဖို့ ပြောလိုက်ဦးနော်"
YOU ARE READING
Dear My Ex-crush[Completed]
RomanceZawgyi crushတွေက မကောင်းပါဘူး.. ဟုတ်ပါတယ် လုံးဝကိုမကောင်းကြတာပါ ... အဲ့ဒီထဲကမှ ရိပေါ်ရဲ့ex-crushကြီးရှောင်းကျန့်က မုန်းစရာအကောင်းဆုံးပဲ.. Unicode crushတှကေ မကောင်းပါဘူး.. ဟုတ်ပါတယ် လုံးဝကိုမကောင်းကြတာပါ ... အဲ့ဒီထဲကမှ ရိပေါ်ရဲ့...