Zawgyi
"လုပ်ပါကွာရိပေါ်ရာ..နော်"
"မရဘူးဆို မရဘူးပဲ"
ညနေရုံးစဆင်းတဲ့အချိန်ထဲက ရိပေါ်နောက်ကိုတကောက်ကောက်လိုက်ပြီး လမ်းလျှောက်နေတဲ့ရိပေါ်ရဲ့ လက်တစ်ဖက်ကိုဆွဲကာ ကလေးမုန့်ပူဆာသလို အပူကပ်နေတဲ့ကောချန်ကြောင့် ရိပေါ်လေသံမာမာဖြင့်သာ ပြန်ပြောလိုက်သည်။ ကောချန်ကိုကုမ္ပဏီရှေ့မှာတွေ့လိုက်တော့ clubမှာတုန်းကကိစ္စကို လာမေးတယ်ထင်ပြီးရိပေါ်လန့်သွားရသေးသည်။ အဲ့ဒီနေ့တုန်းက ကောချန်အရှေ့မှာပဲ ရှောင်းကျန့်ဆီကအနမ်းခံလိုက်ရတာမို့ ကောချန်ကိုမျက်နှာပူနေပေမယ့် ထိုနေ့ကကိစ္စနဲ့ပတ်သတ်ပြီးတစ်ခွန်းမှမမေးလာတာမို့ တော်သေးသည်။
"ကျောင်းသားဟောင်းတွေ့ဆုံပွဲသွားမှာကို ဘာလို့အဲ့လောက်တောင် ခါးခါးသီးသီးဖြစ်နေရတာလဲရိပေါ် "
ကောချန်ရဲ့ဆူအောင့်အောင့်မေးလာသံကြောင့် ရိပေါ်မျက်နှာကပုံမှန်ထက်ပိုတည်တင်းသွားကာ
"မင်းတကယ်မသိလို့မေးနေတာလား ကောချန်"
"မင်းဘာတွေတွေးနေလဲဆိုတာ ငါသိပါတယ်။ ဒါပေမယ့် ကျောင်းကတူမှမတူပဲလေကွာ..."
"ဘယ်လိုပဲဖြစ်ဖြစ် အတိတ်ကလူတွေနဲ့ငါမတွေ့ချင်ဘူး"
ရိပေါ်စကားကိုကြားတော့ ကောချန်က မျက်နှာမကောင်းစွာဖြင့် ရိပေါ်လက်ကိုကိုင်ထားတဲ့လက်ကိုပြုတ်ရုတ်သွားကာ တောင်းပန်စကားဆိုလာတာမို့ ရိပေါ်နည်းနည်းတော့အားနာမိသွားသည်။ ဒါပေမယ့်လည်း ကောချန်တောင်းဆိုတာကို ရိပေါ်မှမလိုက်လျောပေးနိုင်တာ။
ရိပေါ် ရှောင်းကျန့်ဆီကအငြင်းခံရတာက ရှောင်းကျန့်တို့ရဲ့တက္ကသိုလ်ကျောင်းမှာဆိုပေမယ့် ကျောင်းချင်းနီးတဲ့အပြင် ရိပေါ်ကပါ ရုတ်တရက်ကြီးကျောင်းထွက်သွားတာမို့ ရိပေါ်တို့အထက်တန်းကျောင်းက ကျောင်းသားတော်တော်များများက ရိပေါ်တို့အကြောင်းကိုသိနေသည်။ ဒါကြောင့် အခုကောချန်ခေါ်တဲ့အတိုင်း ကျောင်းသားဟောင်းတွေ့ဆုံပွဲကိုရောက်သွားကာမှ အတန်းဖော်တွေက ရိပေါ်အကြောင်းကိုထုတ်မေးလာခဲ့ရင် ရိပေါ်ဘယ်လိုပြန်ဖြေရမည်ကိုမသိပေ။
YOU ARE READING
Dear My Ex-crush[Completed]
RomanceZawgyi crushတွေက မကောင်းပါဘူး.. ဟုတ်ပါတယ် လုံးဝကိုမကောင်းကြတာပါ ... အဲ့ဒီထဲကမှ ရိပေါ်ရဲ့ex-crushကြီးရှောင်းကျန့်က မုန်းစရာအကောင်းဆုံးပဲ.. Unicode crushတှကေ မကောင်းပါဘူး.. ဟုတ်ပါတယ် လုံးဝကိုမကောင်းကြတာပါ ... အဲ့ဒီထဲကမှ ရိပေါ်ရဲ့...