Zawgyi
ရိပေါ် ဝန်ထမ်းတွေအတွက် နေရာစီစဉ်ပေးပြီးတာနဲ့ အိမ်ရှေ့မှာရှိတဲ့ ခုံတန်းလေးမှာ ထွက်ထိုင်နေလိုက်သည်။ တောင်ပေါ်ဒေသမို့ ညနေစောင်းလာတာနဲ့အမျှ အချမ်းဓာတ်ပိုလာတာမို့ အချမ်းပြေလိုပြေငြား ဝတ်ထားတဲ့hoodieအိတ်ကပ်ထဲ လက်ထည့်ထားလိုက်သည်။ အအေးဒဏ်မခံနိုင်တဲ့ ရိပေါ်အတွက် အဝတ်ထူထူတွေအများကြီးထည့်သွားဖို့ ကျင်းဟိုင်ကော သတိပေးလို့သာ တော်တော့သည်။
"အေးနေတာကို ဘာလို့အပြင်မှာ ထွက်ထိုင်နေတာလဲ"
"ဟင်..."
"အချမ်းပြေ လမ်းလျှောက်ရင်း စကားပြောကြမလား"
ရှောင်းကျန့်အမေးကို ခေါင်းတဆတ်ဆတ်ငြိမ့်ပြတဲ့ ကောင်လေးကြောင့် အရှေ့ကနေ ဦးဆောင်ပြီး ထွက်လာလိုက်သည်။
"မင်းငါ့ကို စိတ်ဆိုးနေသေးတာလား"
လမ်းလျှောက်နေရင်း အဆက်အစပ်မရှိ ထမေးလာတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်ပင် ကြောင်သွားရသည်။ နောက်မှ ဟိုတစ်ပတ်က အဖြစ်ကို ပြန်တွေးမိကာ
"ဘာကို...အာ....အဲ့ကိစ္စက ခင်ဗျားမမှားပါဘူး။ ခင်ဗျားနေရာမှာ ကျွန်တော်ဆိုလည်း တစ်ဖက်က မိန်းကလေးကို အရမ်းစိတ်ပူမိမှာပဲ"
ရှောင်းကျန့် မဟုတ်ကြောင်း ရှင်းပြဖို့ ပြင်လိုက်ပေမယ့် ဟောက်ရွှမ်းက ခပ်လှမ်းလှမ်းမှာရှိတဲ့ သစ်ပင်နောက်က ထွက်လာကာ ရှောင်းကျန့်တို့ဆီ လျှောက်လာနေတာမို့ ရှောင်းကျန့်ဆက်မပြောဖြစ်တော့။
"ကိုယ်က ရိပေါ် လာမှလာပါ့မလားလို့"
ဟောက်ရွှမ်းစကားကြားတော့ ရိပေါ်က ကြောင်သွားပြီး ခဏကြာမှ အခြေအနေကို သဘောပေါက်သွားပုံရကာ ရှောင်းကျန့်ကို မယုံနိုင်တဲ့မျက်လုံးတွေနဲ့ ကြည့်နေတာမို့ ရှောင်းကျန့် ဟောက်ရွှမ်းပခုံးကို ပုတ်ပြီးသာ ထွက်လာခဲ့လိုက်သည်။
YOU ARE READING
Dear My Ex-crush[Completed]
RomanceZawgyi crushတွေက မကောင်းပါဘူး.. ဟုတ်ပါတယ် လုံးဝကိုမကောင်းကြတာပါ ... အဲ့ဒီထဲကမှ ရိပေါ်ရဲ့ex-crushကြီးရှောင်းကျန့်က မုန်းစရာအကောင်းဆုံးပဲ.. Unicode crushတှကေ မကောင်းပါဘူး.. ဟုတ်ပါတယ် လုံးဝကိုမကောင်းကြတာပါ ... အဲ့ဒီထဲကမှ ရိပေါ်ရဲ့...