ပတ်တီးဖြူ ခေါင်းပေါင်းလေးနဲ့ မျက်နှာနုနုကို ကိုယ် တနေ့လုံး ရေပတ်ဝတ်တိုက်ပေးနေခဲ့တာ။
ခွဲစိတ်မှုလည်း အောင်မြင်ခဲ့သလို
သတိမရသေးဘဲ အိပ်ပျော်နေခဲ့တဲ့ သုံးရက်အတွင်းမှာလည်း ဆေးစစ်ချက်တွေအားလုံး ပုံမှန်ပဲတဲ့။
သူကိုယ်တိုင်ရေးထားခဲ့တဲ့ notebook လေးကို အခေါက်အခါခါဖတ်ရင်း ကိုယ် ခနတိုင်းပြုံးရသေးတယ်။ဆွဒ်ဇာလန်မှာ ရိုက်ထားတဲ့ နှစ်ယောက်တွဲ ဓာတ်ပုံလေးလဲ 'ဟန်းနီးမွန်း' ဆိုတဲ့ စာမျက်နှာမှာ ကပ်ထားသလို၊ သူကိုယ်တိုင် ရိုက်ပေးထားတဲ့ ကိုယ်ပြုံးရယ်နေခဲ့တဲ့ ပုံလေးလဲ နောက်ဆုံးစာမျက်နှာ ကပ်ထားတယ်။
ဖြစ်နိုင်ရင်တော့ ဒီစာအုပ်လေးကို ပေးမဖတ်ရတဲ့ အခြေအနေမျိုးပဲဖြစ်စေချင်ပါတယ်။
လက်ဖဝါးပြင်ကျယ်ကို ရေဝတ်လေးနဲ့ သန်စင်ပြီးတာနဲ့ ကိုယ့်ပါးပြင်တဖက်ကို သူ့လက်ဖဝါးပြင်ပေါ် မှောက်ချအိပ်လိုက်တယ်။
အမှန်အတိုင်း ပြောရရင်
ကိုယ်ကြောက်တယ်။ စက္ကန့်တိုင်းမှာ အခုပဲ ထွက်ပြေးလိုက်ရတော့မလားလို့ တွေးနေမိတာ။
အားလုံးကြိုတွေးပြီးသားပေမယ့် တကယ်ဖြစ်လာခဲ့ရင်လည်း ကိုယ်ပြေးပုန်းရမယ့် ကမ္ဘာဆိုတာ သီးသန့်လည်း ရှိမနေဘူးလေ။*တီ တီ တီ တီ....*
ကိန်းဂဏန်း အတက်အကျတွေ မြန်လာတဲ့ ကုတင်ဘေး စက်ဆီက အချက်ပေးသံတွေကြောင့် မှောက်အိပ်နေရာကနေ ဆတ်ကနဲ ခေါင်းထောင်ရတယ်။
ဂျုံးကုမျက်နှာကို ကမန်းကတန်း ကြည့်တော့မိတော့ မျက်ခွံလေးတွေ လှုပ်လာပြီ။ အောက်စီဂျင်maskထဲမှာလဲ အသက်ရှုသံတွေပြင်းထန်လာတယ်။
"ဒေါက်တာ!!! ဒေါက်တာကင်ဆော့ဂျင်!!!"
"ရှိတယ်! လာပြီ....ဘာဖြစ်တာလဲ?"
ကံကောင်းစွာနဲ့ လာroundတဲ့ ဒေါက်တာက ဘေးလူနာအခန်းတွေမှာ ရှိနေခဲ့လို့ပေါ့။ ချက်ချင်းလာကြည့်တဲ့ ဒေါက်တာက ဂျုံးကုကို နားကြပ်ကိရိယာလေးနဲ့ စစ်ဆေးတယ်။
"ဒေါက်တာ....."
"အင်း ဂျွန်းဂျုံးကု ဘာမှမဖြစ်ဘူး၊ ခနနေရင် သတိရလာလိမ့်မယ်
Brain functions လည်းအကုန်ကောင်းတယ် အရမ်းစိုးရိမ်မနေနဲ့ ကောင်မလေး"