Pls listen_ I'm not her by Clara mae
မျက်နှာလဲပူပြီး အားလဲနာရတဲ့အခြေအနေဆိုပေမယ့် ခပ်တိုက်လာတဲ့ ဆန်ပြုတ်တစ်ဇွန်းပြီးတစ်ဇွန်းကို ငြိမ်ငြိမ်လေးပဲ သောက်ပေးနေရသည်။
ဆေးရုံဖြစ်သော်လည်း အနံ့အသက်လဲကောင်းပြီး ကိုယ့်အိမ်ကိုယ်ယာလိုအဆင်ပြေအောင် ဈေးအကြီးဆုံးအခန်းမှာ အစစအရာရာလုပ်ပေးထားတာမို့ ပိုပြီး မနေတတ်ပါ။ တကယ်ပဲ ဂျုံးကုအမေက ကိုယ်အနား ဘယ်ချိန်ထိ နေပေးနေတော့မှာလဲဆိုတာကိုပဲ စိတ်မသက်မသာဖြစ်နေရသည်။
"Omonyi ကျမဘာသာ သောက်ပါ့မယ်"
"နေနေ အမေပဲ တိုက်ပါ့မယ် ငါ့သမီးက နေမကောင်းရတဲ့ကြားထဲ အားတွေကုန်ထားရတာ"
ဆန်ပြုတ်တိုက်ခြင်းအမှု ပြီးတော့လည်း မပြန်ဘဲ ကိုယ့်ဘေးနားထိုင်လို့ မျက်နှာကို တစိမ့်စိမ့်လာကြည့်နေပြန်သည်။ တကယ်တော့ ကိုယ် ဆေးရုံဘယ်လိုရောက်လာလဲ မမှတ်မိ၊ သတိရတဲ့အချိန် အစ်မကင်မ်နဲ့ ဂျုံးကုအမေက ဘေးမှာ စိုးရိမ်တကြီးနဲ့ စောင့်နေကြတာဖြစ်သည်။ ဂျုံးကုကတော့ ကိုယ်ဆေးရုံတက်ပြီး သတိရလာတဲ့ ၂ရက်အတွင်း မမြင်ရသေးပါ။
"ထယ်အင်း သမီး ဂျုံးကုလေးကို စိတ်ဆိုးနေသေးလား?"
ကိုယ့်လက်ကို ဖွဖွဆုပ်ကိုင်ရင်း နူးနူးညံ့ညံ့လေးမေးလာတာမို့ ကိုယ်ဘာပြန်ဖြေရမှန်းမသိ။ စိတ်ဆိုးလားဆိုတော့...ကျေတော့မကျေနပ်နိုင်ပါ ဒါပေမယ့် အရမ်းကြီး စိတ်ဆိုးနေတာမျိုးလည်းမဟုတ်။
ကိုယ် ခေါင်းပဲ ယမ်းပြလိုက်ပါသည်။
"ဂျုံးကုလေးက အနေအေးပါတယ် သမီးရယ်
ဒေါသထွက်ရင် တခါတလေ သူက အထိန်းအကွပ်မဲ့သွားတတ်တာ နောက်တခါ သမီးကို ထိခိုက်မိအောင် ထပ်လုပ်ရင် အမေ့ကိုပြောနော် သိလား?""မဟုတ်တာပါ ကျမ နေမကောင်းတာက သူနဲ့မဆိုင်ပါဘူး ဒီရက်ပိုင်း အစားအသောက်မဆင်ခြင်လိုက်လို့ပါ
ကျမ ဂျုံးကုအပေါ် ဘယ်လိုမှမမြင်ပါဘူး"အမေက သက်ပြင်းဖွဖွချရှာသည်။ ဒီလို မျက်နှာမကောင်းတာမြင်ရတော့လည်း ကိုယ်လဲ စိတ်ထဲမကောင်းပါ။ အလကားနေ ရန်ဖြစ်ပြီး လူကြီးတွေဝင်ပါခိုင်းတာမျိုးကိုလဲ သဘောမကျတာမို့ အရာရာ ကိုယ်တိုင်ပဲ ကိုယ်က ဖြေရှင်းချင်တဲ့လူမျိုးရယ်။
ခုကိစ္စလည်း ဂျုံးကုက သူ့အမေကို ဘာကိစ္စဝင်ပါခိုင်းမှန်းကို ကိုယ်ဖြင့် နားမလည်နိုင်။