ယောက္ခမကြီးတွေဆီက ဖုန်းကိုလက်ခံပြီးတဲ့နောက်မှာ ဂျုံးကု စိတ်ပင်ပန်းလွန်းစွာ ထိုင်ခုံမှာ လျှောထိုင်ချပစ်လိုက်ရသည်။
သူ ဒါတွေကို ထင်တော့ထင်လိုက်ပြီးသားပါ။ သူ့ကိုမကျေနပ်ကြတဲ့ ပြဿနာထဲ မဆိုင်တဲ့ ထယ်အင်းကို ဒီလိုပဲ ဆွဲထည့်လိုက်မိမယ်ဆိုတာ...
ပခုံးကိုလာဆုပ်ကိုင်တဲ့ နမ်ဂျွန်းဟျောင်းက ကော်ဖီတစ်ခွက်ချလာပေးသည်။
ဟိုဆော့ဟျောင်းလည်း မနေ့ညကတည်းက မနားမနေ ကွန်ပြူတာတွေရှေ့မှာ အလုပ်ရှူပ်နေသည်။"ဝမ်သန်းငါးထောင်တဲ့လား?"
"အင်း"
ဟိုဆော့ဟျောင်းက တဖက်ကပေးပို့လာတဲ့ ဓားစာခံvideoကို ထပ်ကာထပ်ကာကြည့်ရင်း စစ်ဆေးသည်။ Screenပေါ်မှာ မြင်နေရတဲ့ ထယ်အင်းကိုမြင်တိုင်း သူ နာကျင်စွာ မျက်နှာလွှဲရစမြဲ။ ဝတ်ထားတဲ့ရှပ်အကျီအဖြူလေးမှာ သွေးစက်တွေက ဟိုတကွက် ဒီတကွက်နဲ့ မျက်နှာသေးသေးပေါ်က အပေါက်အပြဲတွေကလည်း မျက်နှာကိုရိုက်ခံထားရမှန်း အထင်းသား။
သူဘယ်လိုစိတ်နဲ့များ...
"တောက်!!! အားးးး"
စားပွဲခုံပေါ်က ပစ္စည်းတွေကို ဂျုံးကု အကုန်တွန်းချလို့ စားပွဲကိုပါ ခပ်ဝေးဝေးထိ တွန်းကန်ပစ်လိုက်သည်။
"ဂျုံးကု! စိတ်ထိန်းကွာ မင်း နေကောင်းတာလည်း မဟုတ်ဘူး"
ရုံးခန်းရဲ့ မှန်တွေပေါ်မှာထင်နေတဲ့ သူ့မျက်နှာကလည်း အရင်ရက်တွေထက် နှစ်ဆလောက်ဖြူဖျော့လို့။
ဒီအချိန်မှာ နေမကောင်းဖြစ်နေတဲ့ သူ့ကိုယ်သူ ဂျုံးကု ပိုစိတ်တိုရပါသည်။
ကိုယ်ချစ်ရတဲ့ မိန်းကလေးကိုတောင် ကောင်းကောင်းမစောင့်ရှောက်နိုင်တဲ့ကောင်!"ကျွန်တော်တို့ ရေပိုင်နက်တစ်လျှောက်လုံး အင်အားအများကြီးတောင်းပြီး ပိတ်လိုက်ကြရအောင် ဟျောင်း!!"
"စိတ်စောပြီး လုပ်ပစ်လိုက်လို့မရဘူးလေကွာ ဂျုံးကုရာ ခနလေးပါ
ဟိုဆော့ကို ယုံလိုက်ရအောင်""ကျွန်တော် သူတို့တောင်းတဲ့ပမာဏဘယ်လောက်ဖြစ်ဖြစ် ပေးနိုင်တယ် ထယ်အင်းကိုအရင်ပြန်ခေါ်ကြရင်ရော?"