"အ!"
အရှိန်နဲ့ထောက်ကျသွားတဲ့ ဒူးက မြေပြင်က မညီမညာ ခဲလုံးကြီးငယ်တို့ဆီ တိုက်ရိုက်။
တံတွေးကိုခတ်ခတ်ခဲခဲမြိုချပြီး အားပြန်တင်းလို့ နောက်ကျောပေါ်က ဂျုံးကုကိုယ်လုံးကို သေချာပြန်ထိန်းပြီးတာနဲ့ တောင်အောက်ကိုဆက်ဆင်းတယ်။
မိုးကဆဲသွားပြီ။
ရေမှုန်မွှားမွှားလေးတွေကြောင့် ဟိုးဘက်တောင်တန်းတွေဘက်မှာ သက်တန့်တစ်ကြောင်းကထင်းလို့။
နေ့လည်ကတည်းက ဂျုံးကုကိုခတ်ခတ်ခဲခဲကုန်းပိုးလို့ ကိုယ်ဆင်းလာခဲ့တာ အခုဆို ညနေတောင်စောင်းရောပေါ့။ ရောက်တော့မယ် ဟိုးရှေ့မှာ အိမ်စုစုကိုလဲ မြင်နေရပြီ။
"ဂျုံးကု...သတိထားအုန်းနော်
ကျမပြောတာကြားလား?"တလမ်းလုံး ဂျုံးကုရဲ့အသက်ရှုသံပြင်းပြင်းကို ကြားနေခဲ့ရပေမယ့် ကိုယ်သတိမထားမိခင် ကျောပေါ်က အသံကငြိမ်ကျသွားတာမို့ ကိုယ်လဲ အိမ်တွေဆီ အမြန်ရောက်ချင်ဇောက ကပ်လှပြီ။
"ဂျုံးကု..ဂျုံးကုအာ..."
အသံကထွက်မလာတော့။
တလမ်းလုံးလဲငိုခဲ့ပြီးပြီ။ အခုလဲ ကိုယ်မျက်ရည်တွေကျနေတုန်းပဲ။
တခြားဘယ်လိုစိတ်ဆင်းရဲစရာမျိုးကိုဖြစ်ဖြစ် ကိုယ့်အတွက် အဆင်ပြေတာမို့လို့ ဂျုံးကုတစ်ယောက်ကိုပဲ အန္တရာယ်ကင်းစေချင်တာ။ ကျေးဇူးပြုပြီး။
မောလွန်းလို့ ခြောက်ကပ်နေတဲ့လည်ချောင်းက ရှိုက်ငိုဖို့တောင် အားအင်က မလုံလောက်တော့ဘူးရယ်။ ခြေထောက်တွေလဲ ထုံပြီး ကိုယ် ပစ်မလဲမိအောင်ပဲ ထိန်းထားရမယ်။ ဂျုံးကုကို ကိုယ်ရအောင် ကယ်မှာ။ သေချာပေါက် သဘောကျတဲ့အကြောင်း ဖွင့်ပြောထားတာမို့လို့ သူ ပြန်ဖြေရအုန်းမယ်လေ။ ကျမတို့ အဆင်ပြေဖို့ ကြိုးစားရအုန်းမယ်လေ။ ဂျူံးကုသာ ကိုယ့်ကို လက်ခံမယ်ဆို ကွာရှင်းတာလဲ မလုပ်ဘဲ တသက်လုံးဘေးမှာရှိနေမှာလို့။
ရောက်ပြီ။
မိုးကပြင်းထန်တာမို့ အိမ်ငယ်လေးတိုင်းက တံခါးတွေပိတ်ပြီး ဆိတ်ငြိမ်လွန်းလှသည်။