2

6.3K 524 20
                                    

"ရှေ့နေကြီးရဲ့ ဥပဒေကျောင်းကတည်းက စီနီယာအစ်မပါ
ပြည်သူ့ရှေ့နေကနေ အခုတော့ တရားသူကြီးစာမေးပွဲဖြေဖို့လုပ်နေတယ်လို့သိရပါတယ် မိသားစုက အဆင်မပြေတာမို့ ရှေ့နေကြီးကပဲ ကူညီပေးတာပါတဲ့ ပြီးတော့_"

"ရပြီ! ဒီတိုင်း အဲ့ဒီမိန်းကလေးလိုချင်တဲ့နေရာကို ရအောင်စီစဉ်ပေးလိုက်ပါ"

"ဗျာ?"

တဖက်လမ်းက ကော်ဖီဆိုင်ရဲ့ မှန်ပြတင်းကနေ မြင်နေရတဲ့ အရိပ်နှစ်ခုက စကားတွေဖောင်ဖွဲ့လို့ ပြုံးရယ်နေကြတာ။ ထယ်အင်း ဟက်ကနဲရီချလိုက်တယ်။ အခု သူမပုံစံက ဘယ်လိုဖြစ်နေပြီလဲ။

"ဂျုံးကုထပ်ပြီး ကူညီစရာမလိုအောင် အတွင်းရေးမှူးရှင်းက အရင်စီစဉ်ပေးလိုက်လို့!
ကျမ ၂ခါထပ်ပြောမှရမှာလား"

ကားရှေ့ခန်းဆီက အတွင်းရေးမှူးရှင်းဆီက ပြာပြာသလဲ ဟုတ်ကဲ့ဆိုပြီး ထွက်လာတယ်။ ထယ်အင်း စိတ်မရှည်တဲ့ပုံစံက တွေ့ရခဲတာမို့ ဒရိုက်ဘာကတောင် မှန်ထဲကနေ ဖျက်ကနဲလှည့်ကြည့်လာတာ။

တကယ်တော့ ကိုယ်လဲ ဒါမျိုးတွေမလုပ်ချင်ဘူး။ အဲ့ဒီ သူဌေးတွေလုပ်နေကျ ပိုက်ဆံနဲ့အရာရာဖြေရှင်းတဲ့ စောက်ပေါအကျင့်ကြီးတွေကိုပေါ့။ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ ဂျွန်းဂျုံးကုဆိုတာ ကိုယ် မေတ္တာနဲ့နှောင်ဖွဲ့ပစ်ချင်တိုင်း လွယ်လွယ်ကူကူ ပါလာမယ့် ကောင်လေးမှမဟုတ်ဘဲ။

ဒီနေ့ညက ကိုယ်တို့ရဲ့ လက်ထပ်ပွဲ။ နှစ်ဖက်မိဘနဲ့ ကိန်းကြီးကန်းကြီးမိတ်ဆွေတွေနဲ့ ကိုယ်တို့hotelရဲ့ ခေါင်မိုးထပ်villaမှာ ကျင်းပမှာ။ မင်္ဂလာဝတ်စုံဆိုတာလဲ ဂျုံးကုအမေကပဲ လိုက်စီစဉ်ပေးပြီး မင်္ဂလာလက်စွပ်ကို သူမတစ်ယောက်ထဲ သွားရွေးလာခဲ့တာ။ အဟင်းး။ အစကတည်းက ကြိုသိပြီးသား ဂျုံးကုဘက်က အေးစက်မှုကြီးကို ကိုယ်က ဘာတွေများ နွေးထွေးလာဖို့ မျှော်လင့်မိနေရတာလဲ။

တဆစ်ဆစ်ကိုက်ခဲနေတဲ့ နားထင်ကို ခပ်နာနာလေးဖိချပြီး ချထားတဲ့ကားမှန်ကို ပြန်တင်လိုက်တယ်။ တော်ပြီ ဆက်ကြည့်စရာမလိုတော့ဘူး။ မထူးလဲ ဥပဒေအရတော့ ဂျုံးကုက ကိုယ့်ခင်ပွန်းဖြစ်ကို ဖြစ်လာရမှာပဲလေ။

Forget Me Not [ Completed ]Where stories live. Discover now