28 (+)

6.9K 413 91
                                    

[ Age Restricted ]

မိုးက သုံးလေးရက်လောက် ဆက်ပြီး စွေရွာနေအုန်းမယ့်ပုံရသည်။ မနက် ၈နာရီဆိုတာ မစောတော့ပေမယ့် ပတ်ဝန်းကျင်တခုလုံးက မိုးသံတွေညံလို့ မှောင်မှောင်မှိုင်းမှိုင်း။

ဝတ်စုံပြည့်လဲလှယ်ပြီးသွားချိန်မှာတော့အဆင်သင့်လုပ်ပေးခဲ့တဲ့ ဆန်းဝှစ်ပန်းကန်ကို ပုဝါအုပ်ဆောင်းလေးနဲ့ ဖုံးလို့ ကိုယ် ကားသော့ကို ကောက်ကိုင်လိုက်သည်။ စားပွဲနဲ့သော့နဲ့ရိုက်သံ *ဒေါက်* ဆိုတာလေးကတောင် အိပ်ယာပေါ်က စောင်နဲ့လုံးနေဆဲလူသားကို နှောက်ယှက်မိမှာကို စိုးရိမ်စိတ်က ရင်ထဲလှပ်ကနဲ~

မနိုးသွားဘူးဆိုတာ သေချာတော့မှ ကိုယ် အခန်းထဲကနေ တိုးတိုးသက်သာ ထွက်လာခဲ့တော့သည်။ ကားပါကင်မှာလည်း ကိုယ်လှမ်းခေါ်ထားတဲ့ အတွင်းရေးမှူးရှင်းရဲ့ ကား ရောက်နေပြီဖြစ်ကြောင်း အစောပိုင်းကတည်းက ဆက်သွယ်ထားသည်မို့။

မနက်စာအုပ်ဆောင်းလေးပေါ်က ကိုယ် ရုံးသွားတဲ့အကြောင်း စာကြောင်းတိုတိုလေးကိုမြင်ရင် သူ့စကားနားမထောင်ဘဲ ခွင့်မယူမိတဲ့ ကိုယ့်ကို ဂျုံးကု စိတ်မဆိုးဖို့ လုံလောက်ကောင်းပါရဲ့။

ဒီရက်ပိုင်းကျမှ ကိုယ့်မှာလည်း လုပ်စရာတွေက တပုံတပင်။
ဂျုံးကုအတွက် မနေ့က အကုန်လုံးကို ပစ်ထားခဲ့ပြီးပြီ။ ဒီနေ့တော့ မျက်နှာထပ်လွှဲလို့ အဆင်မပြေတော့။

နေမကောင်းတဲ့အချိန်အတောအတွင်းလေးကို ဂျုံးကုအတွက် အချိန်ပေးသင့်တာကိုလည်း သိတယ်။ ကိုယ်တိုင်လဲ နည်းနည်းဖြစ်ဖြစ် အနားယူသင့်တာကိုသိပါရက်နဲ့
ငယ်ငယ်ကတည်းက 'ကိုယ်လုပ်ရမယ့်အလုပ်ကို အမြဲ တာဝန်အပြည့်ယူရမယ်' ဆိုတဲ့ ပုံသေစည်းကမ်းချက်က ဘယ်လိုမှ ပြင်မရနိုင်သေး။
မတတ်နိုင်၊ ဂျုံးကု စိတ်ဆိုးနေခဲ့ရင်လဲ နောက်မှ ချော့ရတော့မှာပေါ့။

မိုးစက်တွေကြားမှာ အတွင်းရေးမှုးရှင်းမောင်းတဲ့ ကိုယ့်ကားလေးက ပုံမှန်အရှိန်လေးနဲ့ ​ ​ပြေးနေခဲ့သည်~

~

မနေ့က လုပ်ဖို့ကျန်နေခဲ့တဲ့ စာရင်းတွေကို နောက်ရက်ထပ်အကြွေးမကျန်စေဖို့ စောစောလာမိလိုက်တာ မို့လို့ပဲလား မိုးကြောင့်ပဲလားတော့မသိ၊ ကိုယ် ရုံးကိုရောက်ချိန် ၀န်ထမ်းတွေတောင် တယောက်စ နစ်ယောက်စသာ ရှိသေးသည်။

Forget Me Not [ Completed ]Where stories live. Discover now