16

4.4K 476 50
                                    

ဘာမှမခံစားရဘူးလို့ပြောရင် ညာရာကျမယ်။
အသေအလဲ မခံမရပ်နိုင်အောင် နာကျင်နေလားလို့ မေးရင်လဲ ကိုယ်မဖြေနိုင်ဘူး။

ဒါပေမယ့် တစ်ရက်ပြီးတစ်ရက် ပုံမှန်လည်ပတ်နေတဲ့ အလုပ်တွေကြားမှာ ကိုယ် နေ့နေ့ညည ရုန်းကန်နေနေတုန်းပဲ။ ဘာမှမဖြစ်ခဲ့သလိုမျိုး။ ဘယ်အရာကမှ အလုပ်ထက် အရေးမကြီးသလိုမျိုး။

ဒီနေ့နဲ့ဆို ကိုယ်နဲ့ ဂျုံးကု ပြတ်စဲခဲ့တာ တစ်ပတ်ပြည့်လောက်ရောပေါ့။ မနက်မိုးလင်းလို့ မျက်လုံး၂လုံးပွင့်တိုင်း ဖျက်ကနဲဝင်လာတဲ့ နောင်တလိုလို ဘာလိုလို လစ်ဟာမှုကြီးကို ငူငူငိုင်ငိုင်ရင်ဆိုင်ပြီးသွားရင် အလုပ်ထဲပဲ ကိုယ်ခေါင်းနှစ်လိုက်တော့တာ။ အလုပ်တွေရှုပ်နေရင် ခံစားရတာသက်သာမယ်လို့ ကိုယ်ယုံထားတယ်။ ကိုယ် နေနိုင်မှာပါ။

"မန်နေဂျင်းဟန် ရုံးချုပ်က emailပါ"

"အင်း ထားခဲ့လိုက်နော်"

ကိုယ် အခု ထိုင်ဝမ်ကို ရောက်နေတာ။ ကိုရီးယားမှာ ရှောင်ရခက်တဲ့ မျက်နှာတချို့ကို တတ်နိုင်သမျှ မမြင်တွေ့ရဖို့ ကိုယ် ခရီးတွေပဲ ဆက်တိုက်ထွက်ဖြစ်တယ်။ ဖေဖေ့ဆီက attentionမရလေ ကိုယ့်အတွက် အသက်ရှုချောင်လေပဲမို့ မလိုအပ်တဲ့ပွဲသေးသေးကအစ ကိုယ် လာတက်ဖြစ်နေတာ။

emailထဲမှာက_ဟယ်အွန်းဒယ်ကမ်းခြေမှာ ဝယ်ယူထားတဲ့ မြေနေရာက ဥပဒေနဲ့မလွတ်ကင်းဘဲ ကန့်သတ်နယ်မြေထဲရောက်နေတဲ့ issue.

ကိုယ် print ထုတ်ပြီးသား emailကို ကိုယ့်လက်ကိုင်notebook လေးထဲ သေချာပြန်ညှပ်ထားလိုက်တယ်။ ရုံးချုပ်က ကိုယ့်ကို ဟိုတယ်သစ်ဘက်ပဲ ဖိအားပေးနေတော့တာ။ တကယ်ဆို jaden jadeရဲ့ ဥပဒေဆိုင်ရာပြသနာတွေက oppaကို တာဝန်ပေးထားတာကြီးကို။ အိမ်မှာ သူ့ကလေးတွေနဲ့ ငြိမ့်နေမယ့် oppaကို အသံတိတ် မေတ္တာပို့ပစ်လိုက်တယ်။ ဒါ သေချာလုပ်နေတာကြီး။ oppa က နင်ယူထားတဲ့ယောကျာ်းက ရှေ့နေပဲဆိုပြီး ဟိုးအရင်ကတည်းက ဒီပြသနာကို ကိုယ့်လက်ထဲအတင်းထည့်ချင်နေတာမျိုး။

ကျစ်!
အစကတည်းက ဖေဖေ ကိုယ့်ကို jeon familyထဲ ဇွတ်ထည့်ခဲ့တဲ့ရည်ရွယ်ချက်ကိုက ဟိုတယ်သစ်မြေနေရာအတွက် jeon lawfirmနဲ့အချိန်းအချက်တွေကို ခိုင်မာစေလိုက်တဲ့သဘောရယ်။ စိတ်ညစ်တယ် ကိုယ် သူတို့နဲ့ထပ်မပတ်သတ်ချင်တော့ဘူး။ ဂျုံးကုနဲ့ ကွာရှင်းထားတာကို ဖေဖေသိသွားလို့လဲ မဖြစ်ပြန်ဘူး။

Forget Me Not [ Completed ]Where stories live. Discover now