15

4.2K 452 50
                                    

"ဟန်ထယ်အင်းရှိ! ခန.. ထယ်အင်း!!"

ဟိုတယ်ရောက်ရောက်ချင်း အခန်းတစ်ခန်းထပ်ယူလို့ အရင်အခန်းထဲက အထုပ်အပိုးတွေဝင်ယူကတည်းက အစအဆုံး သူလိုက်ကြည့်နေတာ၊ အခုမှ ကိုယ့်ကိုလာဆွဲတော့တာပင်။

ဂျုံးကုက သက်သာပါတယ်ဆိုလို့ပဲ တောင်ကြားရွာလေးကနေ ညတွင်းချင်း ကိုယ် ဟိုတယ်ကို ပြန်ခေါ်လာခဲ့တာ။ မနက်ဖြန် seoulကို ရအောင်ပြန်မယ်။ အခုချိန်မှာ ကိုယ့်စိတ်က အထိန်းအကွပ်တကယ်မဲ့နေတာ။ သူနဲ့တခန်းထဲနေဖို့လဲ လုံးဝမဖြစ်နိုင်တော့သလို သူ့ကိုလဲ မျက်နှာချင်းမဆိုင်ချင်တော့ဘူး။ ရှက်တယ်။ ဖြည်းဖြည်းချင်းစဉ်းစားလေ ကိုယ် စိတ်ညစ်လာလေပဲ။ ဘယ်လိုပဲတွေးတွေး နောက်ဆုံးမှာ
ကိုယ်ခံစားနေရသမျှ ရှက်တယ် ရှက်လွန်းလို့ သေချင်နေတယ်ဆိုတာပါပဲ။

ဂျုံးကုက ခေါင်းက ဒဏ်ရာကြောင့် memory တချို့ကို မေ့သွားတယ်တဲ့။ ဆရာက သူ့ကို အရင်က အကြောင်းတွေမေးကြည့်တော့ သူ့အလုပ် သူ့မိသားစု သူ့ကျောင်းသားဘ၀ တခုမကျန် အမှားအယွင်းမရှိ သူဖြေနိုင်တယ်။ တခုပဲ ကိုယ်နဲ့ပတ်သတ်သမျှ အားလုံးမေ့နေခဲ့တာ။ ဘယ်နေ့က လက်ထပ်ပြီး ဘယ်လိုဆက်ဆံရေးရှိတယ်ဆိုတာအထိပေါ့။

"ကျနော်နဲ့ စကားပြောရအောင် ထယ်အင်း"

ကိုယ့်လက်ထဲက အိတ်ကို သူကဆွဲယူပြီး အရှေ့ကပိတ်ရပ်တယ်။ ဂျုံးကုလဲ စိတ်ညစ်နေပုံပါပဲ မျက်နှာက လုံးဝစိတ်ရှုပ်နေတဲ့ပုံနဲ့။

"ကျနော်တို့က လက်ထပ်ပြီးပြီလို့ ထယ်အင်းပြောတယ်မလား? နည်းနည်းလောက် ဘာတွေဖြစ်နေတာလဲ ဘာတွေဖြစ်ခဲ့တာလဲဆိုတာလေး ရှင်းပြလေ
တချိန်လုံး အဲ့ဒီမျက်နှာနဲ့ ကျနော့်ကို စိတ်ပင်ပန်းအောင်မလုပ်ပါနဲ့တော့လား ဟမ်?
ပြောပါ ထယ်အင်းကို စိတ်ဆိုးစရာတခုခု ကျနော်လုပ်မိခဲ့တာလား?"

ကိုယ် သူ့မျက်နှာကို မော့ကြည့်ပစ်လိုက်တယ်။ အဲ့ဒီမျက်လုံးတွေက တလက်လက်နဲ့ ဖြူစင်နေတုန်းပဲ။ သူအကုန်လုံးကို မေ့သွားတယ်ဆိုတာ ညာနေခဲ့တယ်လို့ပဲ ကိုယ် ထင်နေမိတာ။ တကယ်ကြီး မေ့ပစ်တယ်ပေါ့ ဘာမှမဟုတ်ခဲ့တဲ့ အရေးမကြီးတဲ့ကိစ္စတခုအဖြစ် သူ့ဦးနှောက်က ကိုယ်တို့အတူနေခဲ့တဲ့ ရက်ပိုင်းလေးကို မေ့ပစ်ခံရတယ်ဆိုတဲ့ ခံစားချက်ကြီးက တော်တော်ဆိုးပါတယ်။

Forget Me Not [ Completed ]Where stories live. Discover now