Part 2

385 42 3
                                    

ပြတင်းမှန်ကိုကျူးကျော်ပြီး မျက်နှာပေါ်ထိပါ ဖြာကျနေတဲ့နေရောင်ပြေပြေဟာ အတင့်ရဲလွန်းနေတယ်။ညတုန်းက ဆွဲဖွင့်ခဲ့တဲ့လိုက်ကာစကိုပြန်မပိတ်ခဲ့မိလိုက်တာနဲ့ အချိုးမပြေတဲ့နေရောင်ကဘတ်ဟျွန်းရဲ့ကုတင်တစ်ခုတည်းကိုပဲ ကွက်ပြီး ကျနေတော့တာပဲ။

အိပ်ရာပေါ်ကကောင်ငယ်လေးကတော့ မျက်နှာပေါ်တည့်တည့် နေရောင်ကကျနေပေမဲ့ မျက်လုံးတွေမဖွင့်နိုင်သေးကြောင်းကို ရှုံ့ မဲ့မဲ့ဖြစ်နေတဲ့မျက်နှာလေးက သက်သေပြနေရှာတယ်။နုနယ်တဲ့မျက်နှာလေးပေါ်က မျက်ခွံနုနုလေးပေါ်မှာမထင့်တထင်သွေးကြောလေးတွေယှက်ပြေးနေတယ်။

မျက်တောင်စိတ်စိတ်ကလေးတွေ၊အိပ်ချိန်နည်းလို့ညိုချင်သယောင်ဖြစ်နေတဲ့မျက်ကွင်းလေး၊နှာတံစင်းစင်းပေါ်ကစံပယ်တင်မှည့်သေးသေးလေးတွေနဲ့ချယ်ရီပန်းလေးလို ပါးလျလျနှုတ်ခမ်းလေးက အကြည်ဓာတ်လေးတွေဖြာထွက်နေသလိုမျိုး။ဖြာကျနေတဲ့နေရောင်နုနုကြောင့် ကောင်လေးရဲ့မျက်နှာလေးဟာ ကြည်နူးမှုလေးလို မြတ်နိုးပစ်ချင်စရာအတိ။

မသိစိတ်က ထသင့်နေပြီလို့သတိပေးနေတာကြောင့် မနိုးချင်နိုးချင်နဲ့ ဘယ်ဘက်မျက်လုံးကိုဆက်မှိတ်ပြီးညာဘက်မျက်လုံးကိုဖွင့်လိုက်ရင်း စောင်ကိုတွန်းဖယ်ပြီး တစ်ကိုယ်လုံးတွန့်လိမ်နေအောင် အကြောဆန့်လိုက်တယ်။

စောင်နဲ့အုပ်မိသွားတဲ့Bambi ကပါနိုးလာပြီး ဖင်ထောင်လျက်နဲ့အကြောဆန့်နေပြန်တယ်။အိမ်ခေါ်လာကတည်းကအပျင်းတစ်နေတဲ့ ကြောင်ဝါတုတ်ကြောင့် ဟျွန်းပါလိုက်ပြီးပျင်းရာက သခင်ရောကြောင်ပါ အပျင်းသမားလေးတွေဖြစ်သွားရတာ။

ဒီကောင်လေးကအပျင်းတစ်တယ်ဆိုပေမဲ့ချစ်ဖို့ကောင်းပါတယ်...ဘတ်ဟျွန်းလိုပေါ့။စိတ်ညစ်တိုင်း သူ့ပါးဖောင်းတွေကိုညှစ်ရတာက စိတ်ပြေဆေးတစ်မျိုးပဲ။

"ရှီး...နာရီဝက်ပဲလိုတော့တယ်"
ကျောင်းနောက်ကျတော့မယ့်ကိန်း မြင်နေတာမို့ အိပ်ရာပေါ်ကနေ ဖတ်ခါထ၊ရေချိုးခန်းထဲတန်းဝင်ပြီး ရေအမြန်ပြီးအောင်ချိုးလိုက်ရတယ်။ရေချိုးခန်းထဲကထွက်လာတာနဲ့ ကျောင်းအကျီတောင်မလဲနိုင်သေးဘဲ ကုတင်ပေါ်မှာငုတ်တုတ်မှေးပြီး ဗိုက်ဆာပြီဖြစ်ကြောင်းအော်နေတဲ့ ကြောင်ပုစိကိုအစာကျွေးရသေးတယ်။

PeriwinkleWhere stories live. Discover now