တွေ့ဖို့ အကြောင်းကံပါလာလို့ တွေ့ဆုံခဲ့ရပြီး
ဝေးဖို့ အကြောင်းဖန်လာပြန်လို့ ဝေးကြရပြန်ပါပြီ~~~အဲ့ဒီနေ့က ကိစ္စအတွက် ချန်းကိုတောင်းပန်စကားမစမိသလို ချန်းဘက်ကလည်း အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးပြောလာတာမျိုးမရှိခဲ့ဘူး။
ကျွန်တော်တစ်ယောက်တည်းပဲ အဲ့ဒီနေ့ကတစ်ညလုံးခံစားနေခဲ့ရတာမျိုးတော့ မဟုတ်တန်ရာ။
သူ့ဘက်ကလည်း တစ်ခုခုခံစားမိလောက်မယ်လို့တော့ မျှော်လင့်ရကောင်းပါရဲ့။ချန်းကိုယ်တိုင်ကလည်း အကြောင်းအရင်းကိုပြောပြလာမှာမဟုတ်သလို ကျွန်တော်ကိုယ်တိုင်ကလည်း အကြောင်းပြချက်သက်သက်ကြီး ထုတ်ပြောနိုင်မှာမဟုတ်။
အခုဆို အဲ့ဒီကိစ္စဖြစ်ခဲ့တာ ၁လတောင် ကျော်ပြီးလို့ စာမေးပွဲတောင်ဖြေရတော့မယ်။ချန်းကတော့ မသိလိုက်မသိဘာသာ ထားနေတုန်းပဲ။ဆက်တွေးနေလည်း ဦးနှောက်လေးရုံပဲအဖက်တင်မယ် မတွေးတာပဲအေးတယ်။ရှင်းစရာကိစ္စလည်းမရှိဘူးလို့တော့ ထင်တာပဲ။
ချန်းကိုယ်တိုင်က ကျွန်တော့်ကိုစမ်းသပ်ချင်တာဖြစ်သလို ကျွန်တော်ကလည်း ထင်ထားတာထက်ပိုပြီးတုံ့ပြန်လိုက်ရုံပဲ။ချန်းဆီကနာကျင်မှုက ကျွန်တော့်အသည်းထဲထိပါ စိုက်ဝင်လာတာကတော့ ချွင်းချက်ပေါ့။
စာမေးပွဲပါရှိနေတာကြောင့် အဲ့ဒီကိစ္စကို သူ မေ့ထားတာရော မဖြစ်နိုင်ဘူးလား။ရှီးယား စာမေးပွဲက ရှေ့တည့်တည့်မရောက်လာခင် ချန်းကြောင့်နဲ့ ကျွန်တော်ရူးရတော့မယ်။
စာမေးပွဲပြီးရင် ချန်းကကျွန်တော့် အိမ်အလည်လာမယ် လို့တော့ ပြောထားတာပဲ။စာမေးပွဲပြီးရင်တော့ ဒီကောင် တစ်ခုခု ပြောလောက်မှာပါ။
ဒီနေ့က စာမေးပွဲအတွက် ကိုယ်ပိုင်စာကြည့်ရက်
အနေနဲ့ ကျောင်းမပိတ်သေးခင် နောက်ဆုံးကျောင်းလာရတဲ့ရက်ပဲ။နောက်နေ့ကနေစပြီး စာမေးပွဲပြီးတဲ့ထိ တောက်လျှောက် စာနဲ့ပဲဖြတ်သန်းနေရမှာကြောင့် ချန်းကိုတစ်နေကုန် တွေ့ပြီးမိုတီယူဖို့ ကျွန်တော် တာဆူနေတယ်။ဘတ်ဟျွန်းနီးက ဟိုက်ပါတွေထဲမှာတော့မပါပေမဲ့ အသင့်အတင့်တော့ စာတော်ပါတယ်။တစ်နေ့စာတစ်နေ့ပုံမှန်လုပ်လာတာမို့ စာမေးပွဲအတွက်တော့ စိုးရိမ်တာမျိုးဖြစ်မနေ။