Music Travel Love - You Are My Sunshine☀️🌾(cover)
ဆောင်းရာသီရဲ့ နေရောင်နွေးနွေး. . . .
နေတောင်ထိုးနေပြီပဲ။ သူဘယ်အချိန်ထိအိပ်မိနေတာလဲ ကိုယ့်အိမ်မှာလည်းမဟုတ်ဘဲနဲ့။
ဖုန်းကိုကောက်ကိုင်ရင်းအချိန်ကြည့်မိတော့ မနက် ၉နာရီ တောင်ထိုးနေပြီ။ဒါတောင် နေရောင်ရဲ့အနွေးဓာတ်ကြောင့်နဲ့ နိုးလာတာ။ နေမသာတဲ့နေ့သာဆိုရင် ကွေးရင်းနဲ့ နေ့လည် ၁၂ကျော်သွားမလားပဲ။
အိပ်ရာပြောင်းရင် မအိပ်တတ်တဲ့ ကျွန်တော်က အခုကျတော့လည်း တအားကို သက်တောင့်သက်သာရှိနေသလိုပဲ။ ဘယ်နေရာရောက်ရောက် ကောင်းကောင်းအိပ်နေနိုင်တဲ့ ဘမ်ဘီ့ကိုတော့ပြောမနေတော့ပါဘူး။
စောင်ကို ခေါက်သိမ်းပြီး ရေချိုးခန်းထဲဝင်ရင်းအမြန်ရေချိုးရတယ်။
အဘွားကို အားနာစရာတွေဖြစ်ကုန်တော့မှာပဲ။ တစ်နေ့လုံးအတူရှိနေပေးမယ်ဆိုပြီး အိပ်ရာထနောက်ကျနေရတယ်လို့။"ဟော. . .ဟျွန်းနီးလေး နိုးလာပြီ။ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား ကလေးလေး"
"ဟုတ် အဘွား။ကောင်းကောင်းအိပ်ပျော်လွန်းလို့ အိပ်ရာထတာတောင် နောက်ကျသွားတယ် ဟီး"
"အားနာစရာ မလိုပါဘူး သားရဲ့။အဘွားလည်း ခုနလေးတင်မှ ထတာ။ကိုယ့်အိမ်လိုပဲ သဘောထားပြီးနေနော် ။နေရမခက်နဲ့"
"မနက်စာ စားတော့မယ်မလား. . .သား။ အကုန်ပြင်ခိုင်းထားပြီးပြီ။ အဘွားတို့ စားကြရအောင်လေ"
"ဟုတ်ကဲ့ အဘွား!"
"ညတုန်းကလေ. . .ဟျွန်းနီးလေးအခန်းထဲကနေ ညည်းသံလိုလို တွေကြားလို့ အဘွား အိမ်တော်ထိန်းအဒေါ်ကြီးကို သွားကြည့်ခိုင်းလိုက်သေးတယ်ကွဲ့။ ဘွားမြေးလေး နေမကောင်းဖြစ်သွားပြီလား ဆိုပြီး"
"နေမကောင်းဖြစ်လို့ ညည်းတာမဟုတ်ဘဲ အိပ်နေရင်း ယောင်ပြီးညည်းနေတာတဲ့လေ. . .ဟဟ၊ ဟျွန်းနီးလေးက ချစ်ဖို့ကောင်းလိုက်တာကွယ်"