Part 9

200 50 6
                                    

Conan Gray-Heather
☝️song track for this part🎶

နိုဝင်ဘာလ.....
ဆောင်းဝင်နေပြီဖြစ်တဲ့ နှစ်တစ်နှစ်ရဲ့ကာလအပိုင်းအခြား

နောက်သုံးလလောက်နေရင် အထက်တန်းကျောင်းပြီးသွားလို့ အပင်အိုကြီးဆီကနေ အသီးသီးကြွေလွင့်ကြရမယ့် ကျောင်းသားတွေအတွက် နှစ်တိုင်း အချိန်ကျလုပ်လေ့ရှိတဲ့ နှုတ်ဆက်ပွဲလို အလေ့အထတစ်ခု. . .ဒီနှစ်မှာလည်းတစ်ခါ ထပ်ရောက်လာပြီ။

နောက်ဆုံးနှစ်ကျောင်းသားတွေမို့လို့ ကျောင်းprojectမဟုတ်ဘဲ အားကစားအဖွဲ့ မှာပါ ကြရမယ်တဲ့လေ။လက်ရွေးစင် ကျောင်းသားတွေကတော့ပါကိုပါရမယ်လို့ ပြောထားပြီးသားမို့ စာလုပ်ချင်တဲ့ကျောင်းသား တွေအတွက်ကတော့ မပါလည်း ကိစ္စမရှိ။

Basketball ကစားရတာကြိုက်တဲ့ချန်းကတော့ basketball teamထဲပါမှာ အသေအချာ. . .ဒါဆို ဟျွန်းကလည်းရွေးနေစရာမလိုတော့ဘူးလေ ချန်းနဲ့အတူတူပဲပေါ့။

ကျောင်းစာနဲ့တင် ဖင်နိုင်အောင်အတော် လုပ်ယူနေရတဲ့ကြားထဲ
ကျောင်းကအားကစားကပါလာပြန်ဦးမယ်။

ဒီတစ်လော မူမမှန်ဖြစ်လာတဲ့အအေးဓာတ်ကြောင့် နေမကောင်းဖြစ်နေတဲ့ ဘမ်ဘီ့ကိုပါ တစ်ဖက် သေချာဂရုစိုက်ကြည့်ပေးနေရသေးတာမို့ အလုပ်ရှုပ်ဦးမယ့်နေ့တွေအတွက် ကြိုတွေးပြီး ရင်တွေလေးသလို ခေါင်းတွေပဲပူလာသလိုဖြစ်လာရတယ်။

နေမကောင်းဖြစ်တာ သုံးလေးရက်လောက်ပဲ ရှိသေးတယ်ဆိုပေမဲ့ ဖောင်းနေတတ်တဲ့ ပါးလုံးတွေက တော်တော်တောင်ကျသွားသလိုပဲ
အစာလည်းသိပ်မဝင်တာကြောင့် ပိုပြီးစိတ်ပူနေရပြီ။

"ဘမ်ဘီရား.....မင်းရဲ့ ပါးလေးတွေတောင် အရိုးပေါ်အရေတင်ဖြစ်တော့မယ် ပူတင်းတုံးလေးရဲ့.... အစာစားချင်စိတ်မရှိဘူးလား ဟွန်"

"အစာစားမှဖြစ်မယ်လေ...အစာစားမှ ကောင်းကောင်းဆော့နိုင်မှာပေါ့လို့"

ကိုယ့်ကိုလည်းမကြည့်ဘဲ သူ့အတွက်ပြင်ပေးထားတဲ့အိပ်ရာလေးမှာပဲကွေးပြီး တအီအီ ညည်းနေတဲ့ ပူတင်းတုံးလေး. . .အမြဲကျန်းကျန်းမာမာရှိနေတဲ့ ကလေး ကဘယ်လိုများဖြစ်ရတာပါလိမ့်. . .စိတ်မကောင်းလိုက်တာ. . .

PeriwinkleWhere stories live. Discover now