နာကျင်စရာ သူပြောတဲ့စကားတွေရယ်
မနာနိုင်အောင်ကို...ကိုယ်ကချစ်မိနေတော့လည်း
ရပါတယ်...ချစ်ရသူရယ်...သူပျော်နေဖို့ပဲအရေးကြီးတာ
မင်းထားသွားလည်း ရှိနေမယ့်ငါရယ်ပါ. . .
ဘွား ဆုံးသွားပြီ...ဆိုတဲ့အကြောင်းကို သိသိရချင်းမှာပဲ ကျွန်တော်...ရှိရှိသမျှ ကိုးကွယ်ရာတွေကို ပြစ်တင်ဝေဖန်မိတယ်။ပျော်ရွှင်မှုနဲ့မထိုက်တန်တဲ့ ကျွန်တော့်လိုကောင်အတွက် ရင်ဖွင့်စရာ လူတစ်ယောက်ကိုတောင် ချန်မပေးချင်ဘူးတဲ့. . .
ကံဆိုးနေတဲ့ကျွန်တော့်ဖြစ်တည်မှုအတွက် ဘွားကိုအားနာရတယ်...ကိုယ်တိုင်လည်း ပြစ်တင်ဝေဖန်မဆုံးနိုင်အောင်ပဲ။
နောက်ထပ် ရင်ကိုစွဲရိုက်လိုက်တဲ့ သံမှိုလေး တစ်ခုရှိသေးတယ်...
ကမ်းခြေကနေ ဘွားအိမ်ကိုပြန်တဲ့လမ်းမှာ လင်းခနဲဖြစ်သွားတဲ့ ဖုန်းမျက်နှာပြင်နဲ့အတူ
ချန်းဆီကဝင်လာတဲ့ စာတစ်စောင်...[ငါ့ကို ဆက်မချစ်ပါနဲ့တော့...ဘတ်ဟျွန်း...မင်းအတွက်ပါ ] တဲ့။
လိုင်းပေါ်ကနေချက်ချင်းဆင်းတယ်...ဖုန်းကိိုပါ တစ်ခါတည်းစက်ပိတ်လိုက်မိတယ်...
ဟင့်အင်း...ကျွန်တော် သူ့ကို ပြန်စာမပို့တော့ဘူး။အဖေရေ. . .ကျွန်တော့်ဆုတောင်းက လုံးဝကိုမျက်နှာလွှဲခံလိုက်ရပြီထင်တယ်။
ကျွန်တော် ဒီကိုရောက်လာပြီး ၄ရက်မြောက်နေ့မှာပဲ ဘွားဆုံးတယ်။နှစ်တွေအများကြီး ဝေးကွာနေခဲ့ရပေမဲ့ စကားတွေအများကြီးပြောဖြစ်တာကြောင့် သံယောဇဉ်ရှိလာခဲ့တယ်။
မကြာပါဘူး. . .ဘွားကိုဆွဲထားချိန်တောင်မရလိုက်ဘူး။ကျောင်းကနေယူထားတဲ့ခွင့် တစ်ပတ်ကနေ နှစ်ပတ်မဖြစ်ချင်တာရယ်ကြောင့် နောက်တစ်နေ့ ဘွားကို သဂြိုဟ်ပြီးတာနဲ့ ဆိုးလ်ကိုပြန်လာခဲ့တယ်။
သူသေသွားရင် နေထိုင်လာခဲ့ရတဲ့ ဒီမြေမှာ ကြီးထွားလာမယ့် သစ်တစ်ပင်အတွက် မြေသြဇာဖြစ်ပေးချင်တယ် ဆိုတဲ့ ဘွားရဲ့ဆန္ဒအရ အရိုးပြာတွေကို အဖေ့ရဲ့အုတ်ဂူအနီးနားက အပင်တစ်ပင်ရဲ့ အောက်ခြေမှာ မြေတူးပြီး မြုပ်ပေးခဲ့ရတယ်။