Jason Mraz-I'm yours
Listen to this song track,please~ဒီနေ့နံနက်ခင်းမှာတော့ ဘတ်ဟျွန်း အစောကြီးနိုးနေမိတယ်။ အတိအကျပြောရရင်နံနက်၅နာရီကတည်းကပေါ့။စိတ်ညစ်ညစ်နဲ့ ထိုးအိပ်ပစ်လိုက်တာမို့ တစ်ညလုံးလည်းတစ်ရေးမှနိုးမလာခဲ့။လှပ်ထားတဲ့လိုက်ကာစကနေ ပြတင်းကိုလှမ်းကြည့်မိတော့ နေမသာ မိုးအုံ့သယောင်နဲ့ လူပျိုကြီးအချစ်လိုဖြစ်နေတာပင်။
မိုးဦးရောက်ပြီဆိုတာနဲ့ ရာသီဉတုက အမြဲဒီလိုကမောက်ကမဖြစ်နေတော့တာ. . .
ဘာလိုလိုနဲ့ အထက်တန်းနောက်ဆုံးနှစ်တောင်ရောက်တော့မှာပဲ။ ကျောင်းပြီးရင် အပြတ်ကဲပြီး အတိုးချဒိတ်ကြမယ် လို့ ချန်း ကပြောဖူးတယ်။ဖြစ်နိုင်ပါ့မလား ချန်းရဲ့. . . မင်းသူ့နောက်တကောက်ကောက်လိုက်နေမှာကို ငါကဘေးကနေအဖော်အနေနဲ့ပဲဖြစ်နေမှာပေါ့။
ကုတင်ခေါင်းရင်းမှာကျောမှီရင်း ကွေးနေတဲ့ ဘမ်ဘီ့ကို လက်နဲ့ပွေ့ပြီးပေါင်ပေါ်တင်လိုက်တယ်။မိုးအေးအေးနဲ့မို့ ဘတ်ဟျွန်းလက်နွေးနွေးတွေကြားထဲ ပုစွန်တုပ်လေးလိုပိုတောင်ကွေးသွားသေးတယ်။
"ဘမ်ဘီရေ . . . ဘယ်သူမှငါ့ဘေးမကျန်တော့ရင်တောင် မင်းကတော့ငါနဲ့အတူ အမြဲရှိနေမယ်မလား။ကတ်ဖု အကောင်းစားတွေအမြဲဝယ်ကျွေးမယ်လေ. . .ဟဟ"
တစ်ယောက်တည်းမေး တစ်ယောက်တည်းပြောရင်းရယ်နေတဲ့ ဘတ်ဟျွန်းကိုတော့ ဘမ်ဘီကအဖက်မလုပ်ရုံတမယ် မျက်နှာလွှဲသွားလေတော့တယ်။
"မွေးရကျိုးနပ်လိုက်တဲ့ ကျေးဇူးရှင်လေး. . . "
ဘမ်ဘီ့ ကိုအချိန်အတော်ကြာ ပွတ်သပ်နေရင်းမှ ဒီကောင်လေး အိမ်ရောက်လာပုံကိုပြန်တွေးမိတယ်. . .
ဘမ်ဘီ့ကို မိုးတွေသည်းနေတဲ့ ညမှာတွေ့ခဲ့တာ။ဘမ်ဘီ ဆိုတဲ့နာမည်လေးကလည်း မိုးည ဆိုတဲ့အဓိပ္ပာယ်လေးပဲလေ။
ညဖက်ဗိုက်ဆာလာလို့အောက်ထပ်ကိုမုန့်ဆင်းယူရင်း ကြောင်ပေါက်အသံသေးသေးလေးကြားတာနဲ့တံခါးဖွင့်ပြီးအပြင်ဘက်ထွက်ကြည့်မိတော့ စက္ကူဂျပ်ဖာပုံးလေးထဲ အဝတ်စုတ်လေးတစ်ထည်နဲ့ အိမ်ရှေ့တည့်တည့်လာချသွားတာ။