မိုးဦးလေဆန်. . . ဆောင်းဦးဟေမန်. . .
"ချန်း. . . ဘယ်လိုရာသီဥတုမျိုးကိုသဘောကျလဲ"
"ဆောင်းရာသီ. . .ဆောင်းရာသီမှာမိုးရွာတာမျိုးကိုကြိုက်တယ်"
ချန်းနဲ့ကျွန်တော်က စိတ်ချင်းဆက်တဲ့ ဝိညဉ်ဖက်တွေလို့ပြောလို့ရအထိကို စိတ်သဘောထားချင်းရော အတွေးတွေပါ ထပ်တူကျတယ်။
မတူတာဆိုလို့ တစ်ချက်တည်းရယ်၊ ကျွန်တော်က ချန်းကိုချစ်နေပြီး ချန်းက တခြားတစ်ယောက်အပေါ် စိတ်ရောက်နေတယ်ဆိုတာပါပဲ. . .။
ဆောင်းရာသီကိုသိပ်သဘောကျတဲ့ ချန်းက လေအေးတွေတိုက်နေတဲ့ကြားထဲတောင် အနွေးကုတ်တစ်ထည်တည်းနဲ့ ကျောင်းကိုလာနိုင်တယ်။တကယ်လည်း လက်လန်ပါတယ်. . .။ကျွန်တော်ကတော့ အနွေးထည် သုံးလေးထပ်ဝတ်ထားတာတောင် အချမ်းကသိပ်မပြေချင်ဘူးရယ်။ အင်္ကျီနဲ့အသား လွတ်သွားတာနဲ့ နှာဖျားတွေပါရဲလာပြီး နှာတချေချေနဲ့ဖြစ်လာတော့တာ။ချန်းရဲ့ နိုင်စားတဲ့ဒဏ်ကိုခံနိုင်ပေမဲ့ ဆောင်းတွင်းအအေးဒဏ်ကိုတော့ ဘတ်ဟျွန်းနီးလေး မခံနိုင်. . . ။
ဘတ်ဟျွန်းတို့ အထက်တန်းကျောင်းက စာသင်နှစ်တစ်နှစ်ဆုံးခါနီးတိုင်း အခန်းတိုင်းအုပ်စုတွေဖွဲ့ပြီး ပရောဂျက်(project)တွေလုပ်ရတယ်။ပရောဂျက်တွေအားလုံးထဲကမှ အကောင်းဆုံးလို့ယူဆရတဲ့တစ်ခုကို စုဝေးပွဲလုပ်တဲ့ဟောခန်းကြီးထဲမှာ မှတ်တမ်းတင်လေ့ရှိတယ်။
ပရောဂျက်တွေ လုပ်ရတဲ့အချိန်က အတန်းတင်စာမေးပွဲကြီးနဲ့လည်းဝေးသေးတဲ့အပြင် တစ်လကျော် နှစ်လနီးပါးလောက် တစ်ပတ်လုံးမှ၂ရက်လောက်ပဲ စာသင်ရတာမို့ ကျောင်းသားတိုင်းက အပျော်လုံးဆို့မတတ်။အခန့်သင့်ရင် တိတ်တခိုးကြိတ်ပိုးနေရတဲ့crush လေးနဲ့ပါ အဆင့်တတ်လို့ရနိုင်တယ်လေ. . .။
ကျောင်းသားတိုင်းရဲ့အပျော်ဆုံးအချိန်ပေါ့။အဲ့ဒီကျောင်းသားတွေထဲ
ဒီက ဘတ်ဟျွန်းလေးကလည်း မပါမဖြစ်ပဲ. . .။ချန်းကို ကြိုက်တဲ့အချိန် ကြိုက်သလို ငေးလို့ရတယ်. . . ထိုင် ငမ်းငမ်း၊ထ ငမ်းငမ်း၊ကင်းမြီးကောက်ပဲထောင်ပြီး ငမ်းငမ်း တားမယ့်သူမရှိ. . .။