Unicode
Written by JeonYiMon
မြို့ကိုပို့မယ့် အသီးတွေကို စီပြီး နေ့ခင်းထမင်းစားချိန်နားတော့ သတိရမိတာ ကလေးလေးကို။ လာပို့ထားတဲ့ ထမင်းဗူးကို မဖွင့်ရသေးခင် ဖုန်းကို အရင်ကောက်ကိုင်လိုက်မိသည်။ လွမ်းလို့ဆက်ချင်ပေမယ့် ကလေးက အားမအား မသိသေး။
ခုံပေါ်မှာ တင်ထားတဲ့ ထမင်းဘူးက အထီးကျန်နေတဲ့ ကိုယ့်ကိုလာပြီး စိုက်ကြည့်နေသလိုပင်။ အရင်တုန်းက ကလေးလေးကိုယ်တိုင် လာပို့ခဲ့ဖူးသည်။ သူစိုက်ခင်း ထဲနေရာမလပ်ကို ကျားပေါက်လေးက
ပြေးလွှားလျောက်လည်ဖူးသည်။ အရာရာ က မနေ့တစ်နေ့ကလို သူ့စိတ်ထဲမှာ မြင်ယောင်နေတုန်း။Jung Kook မှာ ခပ်တိုတို ဆံပင်ကို သပ်တင်လိုက်ပြီး သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်ကာ ဖုန်းကိုကောက်ကိုင်လိုက်သည်။ လွမ်းတာတွေကတနင့်တစ်ပိုးမလို့ ဖုန်းဆက်ဖို့ကိုသာ ဆုံးဖြတ်လိုက်တယ်။
" ဟယ်လို "
ရေခဲမြစ်လေး စီးဆင်းသွားသလို သူ့ရင်ထဲမှာလည်းစိမ့်ခနဲ အေးခနဲ။
" ဟယ်လို ကလေးလေး ဘာတွေလုပ်နေလဲ "
" တစ်နေကုန်အလုပ်တွေ ရှုပ်နေတာ အခုဘဲ ထမင်းစားပြီးလို့ ကို့ဆီဆက်တော့မလို့ "
" ဟုတ်လား ပင်ပန်းနေပြီ "
" မပင်ပန်းပါဘူး ကို့အသံကိုကြားလိုက်ရတော့ ဟီး "
ကလေးကတော့ပြောလိုက်တာဘဲ သူ့မှာ ထိုင်ရမလို ထရမလို အသဲတွေယားလာလို့ တစ်ခုခုကိုဘဲ လက်သီးနဲ့ ပြေးထိုးလိုက်ရမလို။
" ကိုရော ဘာတွေလုပ်နေလဲ "
" ထမင်းတောင်မစားရသေးပါဘူးဗျာ ကလေးလေးကိုလွမ်းလို့ ဖုန်းအရင်ဆက်လိုက်တာ "
" အမယ် "
" တစ်ကယ်ပြောတာ ဝမ်းရေးထက် နှလုံးသားရေးက ပိုပြီးကိုယ့်အတွက်အရေးကြီးတယ် "
ဖုန်းပြောနေရင်း Tae Hyung တစ်ယောက်မျက်ရည်တွေဝဲလာရသည်။ အတူရှိနေတုန်းကတော့ တစ်ချိန်လုံး အကြောမတည့်ပေ။ စွမ်းအားတွေသာရှိခဲ့ရင် အရင်အချိန်တွေဆီရောက်အောင်ပြန်သွားပြီး ကို့အပေါ် နူးနူးညံ့ညံ့လေးတွေဘဲ ထိုင်ကာပြောနေချင်သည်။
YOU ARE READING
The Village That Starts Our Love [Season 2] (Completed)
FanfictionCollaboration with JeonYiMon 💜