S I X T E E N (Final)

5.7K 538 47
                                    

#Unicode
Written by JeonYiMon

မင်္ဂလာပွဲ နေရာကတော့ ရိုးရိုးရှင်းရှင်း JungKook တို့ရဲ့အိမ်မှာပင်။ နေမထွက်ခင်တည်းက ယောက်ယက်ခတ်နေတဲ့ လူတွေက အိမ်ထဲကို ထွက်ချည်ဝင်ချည်။ ကိုယ်နိုင်ရာကို ကူပေးကြတဲ့ ရိုးသားတဲ့ ရွာသားတွေကိုကြည့်ပြီး TaeHyung မှာလည်းကြည်နူးရသည်။

အမှန်ဆို တစ်ရွာလုံးကို ဒုက္ခ ပေးသလို ဖြစ်သွားပေမယ့် တကယ်တမ်း ကြတော့ အပြစ်မမြင်ခဲ့ကြ။ ဖြစ်ခဲ့တာတွေအပေါ်စိတ်ထဲမထားပဲ ကူညီကြတဲ့အချိန်မှာ ကူညီကြတာအားတက်သရောပင်။

ချက်သူကချက်။ အခမ်းနားပြင်သူကပြင်။ မေတ္တာ တရားတွေရဲ့ စစ်မှန်ခြင်းကို ခံစားရတဲ့ ဒီနေရာလေးမှာ TaeHyung ပျော်နေမိသည်။

ဟန်ဆောင်ခြင်း လှည့်ဖြားခြင်းဆိုတာ ဂျိုနဲ့လားမေးယူရလောက်အောင် ဒီနေရာလေးက ပကတိအဖြူထည်လေးပင်။

ဒီလိုအဖြူထည်နေရာလေးမှာ ဖြူစင်ရိုးသားတဲ့ JungKook နဲ့ဆုံတွေ့ခဲ့ရတာကိုက ဘုရားပေးတဲ့ ဆုလာဘ်လေးပင်။

အပန်းဖြေခရီးထွက်ဖို့ ဒီရွာလေးကိုသာမရွေးချယ်ခဲ့မိဘူးဆို ရင် ဒီနေ့ ဒီလိုအချိန်လေးလည်း ရောက်လာစရာမရှိမဟုတ်ပါလား။

ဖြူဖြူဖွေးဖွေးသတို့သားဝတ်စုံလေးက TaeHyung နဲ့လိုက်ဖက်လွန်းနေသည်။ ကြွေရုပ်လေးချထားသလို အလှတရားလေးသည် တချိန်တည်းမှာပဲ တော်ဝင်ဆန်စွာခမ်းနားနေပြန်သည်။

TaeHyung ကအထဲမှာ ပြင်ဆင်နေပေမယ့် JungKook ကအပြင်မှာ လာသမျှလူတွေကို ဧည့်ခံကာ ယောက်ယက်ခတ် နေပြီ။ TaeHyung ကိုမြင်ဖူးတဲ့ ရွာသားတွေကတော့ JungKook ဘယ်လိုကံကောင်းကြောင်း ပြောဆိုသံတွေကမကြားချင်မှအဆုံး။

ထိုလူတွေကြားထဲမှာ ပြုံးပြုံးကြီးနဲ့မိန့်မိန့်ကြီးရှိနေတဲ့ JungKook ပုံစံက ဘေးကလူတွေမြင်တာနဲ့တင်အပျော်တွေကူးစက်လာတာမျိုး။

လာသမျှလူတွေကို မမောနိုင်မပန်းနိုင်ဧည့်သည်။ ခဏလောက် နားပါဆိုလည်းမနား။ ဧည့်သည်တွေကိုဧည့်ခံနေပေမယ့် အခုချိန်ထိ အထဲတွင်ပြင်ဆင်နေတုန်းဖြစ်တဲ့ TaeHyung ကိုမျှော်နေတာလည်း လည် တဆန့်ဆန့်။

The Village That Starts Our Love [Season 2] (Completed)Où les histoires vivent. Découvrez maintenant