Unicode
Written By YonDiညနေစောင်းအချိန်လေး အေးဆေးရှိနေတာမလို့ SeokJinအလုပ်ကိစ္စတစ်ချို့ကို အပြီးသတ်နေမိသည်။ ထိုစဉ် အလုပ်လုပ်နေတဲ့စားပွဲဘေးမှချထားတဲ့ ဖုန်းလေးကနေ viberation နဲ့အတူ ခပ်မြူးမြူးသံစဉ်ကလွင့်လာသည်။ Contact name ကိုကြည်မိတော့ Hobi ဆက်လာတာဖြစ်သည်။
"Hyung"
"အေး Hobi ... မင်းလည်းအခုမှပဲဖုန်းဆက်တော့တယ်ကွာ... မြေကိစ္စရောအဆင်ပြေရဲ့လား"
"ဟုတ် ပြေပါတယ် Hyung ... TaeHyung ကိုရော တွေ့ကြပြီလား"
Hobi စကားကြောင့် SeokJin မှာသက်ပျင်းရှည်ရှည်တစ်ချက်ကို လေးပင့်စွာချ၏။
"လူပျောက်တိုင်ထားတာအခုထိမတွေ့သေးဘူးတဲ့ကွာ...ကလေးကို တော်တော်စိတ်ပူနေပြီ"
"တူတူပါပဲ Hyung ရယ်"
ဖုန်းပြောနေရင်းမှအတွေးကိုယ်စီနဲ့ပြန်လည်တိတ်ဆိတ်သွားကြပြန်သည်။
"ဒါနဲ့ Hyung ရွာမှာလည်းလေ ကျွန်တော်တို့လာလည်ကြတုန်းကနဲ့မတူတော့ဘူး...တစ်ရွာလုံး ညနေလောက်ကတည်းက မီးတွေပိတ်ပြီး တိတ်ဆိတ်ကုန်ကြပြီ"
"ဘာဖြစ်လို့လဲ"
"ရွာမှာ သရဲခြောက်တာတော်တော်ဆိုးဆိုး hyung ရာ...ကျွန်တော်တောင် ၂ ခါအခြောက်ခံထိထားပြီ"
"ဟေ သရဲခြောက်တယ်"
"ဘယ်လိုဖြစ်တာလဲ Hobi ရ"
"ဦးလေးဂျွန် ပထမဆုံးမဲပေါက်တာပဲ...ဦးလေးဆီကနေစပျံ့လာတာ အခုဆိုတစ်ရွာလုံးတော်တော်ခြောက်ကပ်သွားတာ"
JinHyung ဘေးမှာထိုင်နေတဲ့ Jimin ကပါ သရဲခြောက်တယ်ဆိုတာကြောင့် စပ်စပ်စုစုဝင်မေးလာပြီဖြစ်သည်။
"မင်းလည်းအခြောက်ခံရတယ်ဆို"
"အေး Jiminရ...အမလေး ပြောရင်းတောင်ကြက်သီးထ"
"ဘယ်လိုအခြောက်ခံရတာ"
"ဒီလိုကွာ ... @#&&*ש®"
Hobi ကသူအခြောက်ခံရသမျှကိုအိတ်သွန်ဖာမှောက်ပြောပြသည်။ SeokJin မှာဘေးကနေထိုင်နေရင်းကြက်သီးတွေဖြန်းဖြန်း။ Jimin ကတော့ တအံ့တဩကိုဖြစ်နေတော့သည်။
VOUS LISEZ
The Village That Starts Our Love [Season 2] (Completed)
FanfictionCollaboration with JeonYiMon 💜