Unicode
Written By JeonYiMon
အချိန်သည် တဖြည်းဖြည်း ညီအစ်ကိုမသိတသိ အချိန်သို့ရောက်လာခဲ့သည်။ ကားလေးက တဖြည်းဖြည်း ရွာအနားသို့ရောက်လာလေ Tae Hyung စိတ်တွေလှုပ်ရှားလာခဲ့လေ။လိုက်ချင်တုန်းက မိမိဘဲ တားမရဆီးမရ အခုတော့ ဟိုရောက်ရင် Jung Kook ရဲ့မိဘတွေနဲ့တွေ့ဖို့အရေးကို လန့်လာမိသလို။
" ကို "
" ဗျာ "
ကားမောင်းနေရင်း ဘေးက အသံလေးကြောင့် Jung Kook ကတစ်ချက်လှည့်ကာ ထူးသည်။ ဒီလိုထူးသံ ဒီလို ဟန်ပန်တွေက Tae Hyung ကြွေကျခဲ့ရတဲ့ အရာတွေထဲကတစ်ခုဖြစ်သည်။ ဘေးတစောင်းမြင်နေရတဲ့ မျက်နှာ ခပ်ချောချောကိုကြည့်ပြီး ဒါငါ့အပိုင်ပါလား ဆိုတဲ့ စိတ်က စကြဝဠာ တစ်ခုလုံးကို အပိုင်စားထားရသလို ခံစားရစေသည်။
" ဟိုလေ ဟိုရောက်ရင် မေမေတို့ကိုအသိပေးမှာလား "
" အသိပေးမှာပေါ့ ကိုယ့် ယောက်ျားအသစ်စက်စက်လေးကို မေမေတို့ကို ကြွားလုံးထုတ်ရမှာပေါ့။ပြီးရင် ကလေးရဲ့မိဘတွေကိုအသိပေးမယ် ပြီးရင် မင်္ဂလာပွဲ လေးလုပ်ကြမှာပေါ့ "
Jung Kook ရဲ့အဖြေကို Tae Hyung သဘောမကျနိုင်။ မျက်နှာလေးက ဆူပုတ်နေသည်။
" မေမေတို့နဲ့မတွေ့ချင်သေးဘူး မင်္ဂလာပွဲ လည်းမလုပ်ချင်သေးဘူး ဘယ်သူ့ကိုမှလည်း အသိမပေးချင်သေးဘူး "
အဆိုးလေးရဲ့စကားကြောင့် Jung Kookမှာ ကားမောင်းရင်း ခေါင်းဆင်နင်းသွားသလို ခံစားလိုက်ရသည်။ ခဏလေးငဲ့ကြည့်တော့ မျက်နှာလှလှလေးကတစ်ခုခုကို အကြိတ်အနယ် တွေးတောနေဟန်ရှိသည်။ ရုတ်တရက် လက်မှာ အမွှေးနုနုလေးတွေထောင်တက်လာသည်။ ပြောရရင် ဒါကြက်သီးထတာ။ ဒီကလေး ဒီလိုရုပ်လေးနဲ့ တစ်ခုခုတွေးတိုင်း သူလည်း တစ်ခုခုဖြစ်မှာကို ကြိုသိတာမလို့ဖြစ်သည်။
" မဖြစ်ဖူးလေကွာ အခု ကိုက ခိုးပြေးလာတာဘဲ ။ မိဘတွေကို အသိပေးရမယ် ပြီးရင် လုပ်သင့်လုပ်ထိုက်တာတွေကို စီစဉ်ပြီး မင်္ဂလာပွဲ လုပ်ကြရမယ်လေ။ ဒီအတိုင်းနေလို့မှမရတာ ဟုတ်တယ်မလား "
YOU ARE READING
The Village That Starts Our Love [Season 2] (Completed)
FanfictionCollaboration with JeonYiMon 💜