#Unicode
Written By JeonYiMonအိမ်ရှေ့ ကွပ်ပျစ် မှာထိုင်ပြီးအတွေးနယ်ချဲ့နေမိတဲ့ Hobi မျက်ဝန်းတွေက ကျဉ်းမြောင်းနေသည်။ တစ်စုံတစ်ခု ကိုအကြိတ်အနယ်တွေးနေပုံရပြီး ခေါင်းကုတ်လိုက် သက်ပျင်းချလိုက်ဖြင့်ရှိနေသည်။
မနေ့က NamJoon ရဲ့သတင်းတွေက ရွာတစ်ခွင် ဟိုးလေးတကျော် မဟုတ်လား။ သေသေချာချာပြန်တွေးကြည့်လေ သံသယစိတ်တွေကို မရိုက်ချိုးနိုင်။
ပထမတစ်ချက်က လက်စွပ်။ ဘယ်သရဲမှ လက်စွပ်ဝတ်တာကိုဒီနေ့အချိန်ထိမမြင်ဖူးဘူး။ ပြီးတော့ ထူးဆန်းတာတစ်ခုက အဲ့လက်တွေက သွယ်သွယ်လျလျ။ မပြောကောင်းပြောကောင်း Tae Tae လက်တွေနဲ့တောင်တူနေသလို။
နောက်တစ်ခုက ဟိုတနေ့က ဘာဆိုတဲ့အော်သံ။ ဖြစ်ဖြစ်ချင်းတုန်းကသာ ကြောက်အားလန့်အားနဲ့ပြေးလာမိတာ။ ထင်မိတာသာမမှားဘူးဆို လုံးဝကို Tae Tae အသံနဲ့တစ်ထပ်တည်းရော။
ပျောက်နေတဲ့သူငယ်ချင်းလေးကိုစွပ်စွဲတာမဟုတ်ပေမယ့်စိတ်ကတော့ထင်နေမိတာ။ Tae Hyung တို့ သူတို့ရဲ့ မိသားစုအရှိန်တွေကသေးတာမဟုတ်။ မြို့ပေါ်မှာ နေရာလပ်မကျန်အောင် ပိုက်စိပ်တိုက်ရှာနိုင်သည်။
ဒါပေမဲ့ ဒီနေ့အချိန်ထိမတွေ့။ ဒါကရှာဖွေတဲ့သူတွေညံ့လို့ပဲလားပျောက်သောသူလေးကအပျောက်ကောင်းနေတာပဲလားတော့မသိတော့ပေ။
" ဟယ်လို "
" အေးပြော Hobi ဘာကိစ္စတုန်း "
" Tae Tae ကိစ္စဘာထူးတုန်း Hyung"
တဖက်ကအတန်ကြာအသံတိတ်သွားသည်။ Hyung မှာလည်း သူ့ညီကိစ္စနဲ့ရော အလုပ်တဖက်နဲ့ရော နေ့နေ့ညညပင်ပန်းနေတာ။
" မတွေ့သေးပါဘူးကွာ "
Hyung အသံတွေတုန်နေတယ်။ ဟိုဟိုဒီဒီတွေလျောက်ပြောတာမဟုတ်ပေမယ့် Hyung တို့ကိုတွေးထားတဲ့အကြံကိုပေးချင်တယ်။ ဟုတ်တာမဟုတ်တာ အသာထား။ တွေ့လည်းအမြတ်ဖြစ်ချင်ဖြစ်သွားမှာ။
" Hyung ... Tae Tae ကိုဒီမှာလာရှာပါလား "
" ဟေ ... ဘယ်လို "
Hyung ပုံကတော်တော်လေးအံ့အားသင့်သွားပုံပါပဲ။
" ဟုတ်တယ် Hyung ရွာမှာ မသင်္ကာစရာကိစ္စတွေဖြစ်နေတာကြာပြီ။ မနေ့ကလည်း NamJoon ထိပြီးပြီ "
YOU ARE READING
The Village That Starts Our Love [Season 2] (Completed)
FanfictionCollaboration with JeonYiMon 💜