Unicode
Written by JeonYiMon
" ကိုရေ ... ကိုရေ "
မနက်ဝေလီဝေလင်း အနောက်ဖေးကနေ ထော့ကျိုးထော့ကျိုး နဲ့ဝင်လာတဲ့ Tae Hyung ။ အီစလန်ဝေနေသော ဒဏ်ရာကြောင့် မျက်နှာလေးကလည်း ရှုံ့မဲ့နေသည်။ ကုတင်ပေါ် တင်ပါးလွှဲထိုင်ပြီးတဲ့အထိ Jung Kook ကမနိုးသေးတာကြောင့် ဒေါသကထွက်ချင်လာသည်။
" ဒီလောက်နှိုးနေတာကို မထဘူး ... ကို ... ကို "
အတင်းလှုပ်နှိုးလိုက်မှ မျက်စိအနည်းငယ်ပွင့်လာတဲ့ Jung Kook ဒါတောင် အိပ်ယာနိုးခါစမလို့ ယောင်ယောင်ဝါးဝါးနဲ့။
" နာနေပြီလို့။ ထအုံးဆို "
Tae Hyung ငိုသံကြားမှ Jung Kook မှာ ပျာပျာသလဲ နဲ့ကုန်းထလာသည်။ ပြီးမှ ဘယ်နားကဘာဖြစ်လာတာလဲဆိုသော စူးစမ်းတဲ့အကြည့်နဲ့ Tae Hyung ကိုယ်လေးကို ကြည့်သည်။
" ဘာဖြစ်လို့လဲ ကို့အသဲလေး "
" အိပ်နေအဲ့မှာ။ တစ်ခုခုဖြစ်တာတောင် ကိုယ့်ဘာသာ ကုန်းထလာရယ်။ ခေါ်မကြားအော်မကြားနဲ့ "
အပြစ်တင်မှုကို Tae Hyung ဆိုတော့ Jung Kook မှာ ကိုယ့်အပြစ်နဲ့ကိုယ် ဘာမှပြန်မပြောရဲ။ သူကလည်း သူ အခုထိ ဘာဖြစ်လို့ ဖြစ်နေမှန်းကိုမသိသေး။
" ကိုယ့်ကိုပြော ဘာဖြစ်တာလဲ "
" ကိုကလေ ဒီလောက်ပိုက်ဆံရှိတာကို အိမ်သာလေးဘာလေးပြင်ဆောက်ပါ့လား။ အခုကြည့်စမ်း ခြေနင်းကရေစိုပါများတော့ ဆွေးနေပြီ။ ချီးပါချင်လို့သွားတာ ပျဉ်ကဆွေးပြီးအပေါက် ကျွံကျလို့ ပါချင်တဲ့ချီးတောင် ဘယ် ကမ္ဘာကိုလွင့်သွားလဲမသိ "
Jung Kook မှာ Tae Hyung စကားကြောင့် ခွီခနဲအသံထွက်လာပြီးမှ ဒိုင်းခနဲ ရောက်လာတဲ့အကြည့်ကြောင့် မျက်နှာပိုးကိုသပ်လိုက်သည်။ ခြေထောက်ကိုကြည့်တော့ ဖြူနုနုခြေထောက်လေးမှာ အဆစ်နေရာက ရောင်နေတာကြောင့် စိတ်မကောင်းဖြစ်ရသည်။
" ကိုယ့်အသဲလေး တော်တော်ထိသွားတာပဲ "
" အခုမှ "
" ပေး ကိုယ်ဆေးလိမ်းပေးမယ် "
ဆေးပူလေးလိမ်းကာ အဝတ်စပတ်ပေးတော့ ငြိမ်နေရှာသည်။ Jung Kook မှာ မိမိကပ်စေးနဲမှုအတွက် နောင်တရမိသည်။ အဲ့အိမ်သာကို ပြင်မယ် ပြင်မယ်နဲ့ သူမပြင်ဖြစ်သေးတာ။ ပါလို့ ရသလောက်ပါနေတာ နောက်ဆုံး အပေါက်ကျွံကျမှ ကို ထပြင်ဖြစ်တော့တဲ့အဖြစ်။
YOU ARE READING
The Village That Starts Our Love [Season 2] (Completed)
FanfictionCollaboration with JeonYiMon 💜