#Unicode
Written By YonDiNamJoon တစ်ယောက်အိမ်ကိုပြန်လာရပေမယ့်လည်း စိတ်ထဲမသိုးမသန့်ဖြစ်နေသည်။ အိမ်ပြန်လမ်းတစ်လျှောက်မှာလည်း မိုးကရွာမလိုလိုနဲ့ ညှို့ဟန်ပြင်နေချေပြီ။
"ဟင်း မိုးရွာဦးမယ်ထင်တယ်"
ခပ်လေးလေးဖြစ်နေတဲ့စိတ်ကို သက်ပျင်းတစ်ခုလေးလေးလံလံဖြေလျော့လိုက်ပေမယ့် ပြေကျမသွားပါ။
လေးလံနေတဲ့စိတ်က သူပြောလိုက်တဲ့စကားကြောင့် ထွက်လာတဲ့ "ဘာ" ဆိုတဲ့အသံကြီးကိုပင်။ နည်းနည်းနော နောအသံကြီးမှ မဟုတ်ပဲ။ နှုတ်စည်းမစောင့်မိလိုက်တဲ့ ကိုယ့်ကိုယ်ကိုပဲ ထုချင်မဆုံး။ပတ်ဝန်းကျင်ကိုကြည့်လိုက် ရသမျှဘုရားစာလေးခပ်ဖွဖွရွတ်လိုက်နှင့် ကြောက်စိတ်တွေကိုဖြေလျော့နေရပြန် သည်။ မှောင်စပြုလာပြီဖြစ်တဲ့ လမ်းလေးထက် ခပ်သွက် သွက်လျှောက်လာရင်း အိမ်ကိုသာပြန်လာခဲ့ရသည်။
......................
"အသဲလေးရေ အသဲလေး"
ဘယ်ကိုရောက်လို့ ဘယ်ပေါက်သွားလဲမသိတဲ့ သူ့အသဲလေးကို ခေါ်နေရပြီဖြစ်သည်။ ပုန်းနေတဲ့ကြားထဲကကို ခုနကအသံကြီးထွက်လာတာမလို့ တော်တော်စိတ်ဆိုးသွားပြီမှန်း JungKook တပ်အပ်ပြောနိုင်သည်။
NamJoon ကလည်း NamJoon ။ အရင်ကတည်းက ကိစ္စတစ်ခုကို အခုထိသူ့မှာအသစ်ဖြစ်နေလို့ကောင်းတုန်း။
အဲ့အပျိုကြီးကိစ္စက TaeHyung တို့ မရောက်လာခင်ကတည်းက တော်တော်ကိုကြာနေပြီဖြစ်သည်။ ဘယ်လို စကြိုက်သွားလဲဆိုတာတော့ အလုပ်သမားတွေရဲ့အတင်းသတင်းတွေအရ သူ့လိမ္မော်ခြံကို လိမ္မော်သီးလာဝယ်ရင်းသူ့ကိုစတွေ့ခဲ့တာတဲ့။ သူလိမ္မော်သီးခူးနေတုန်း ချွေးသုတ်လိုက်တဲ့ပုံကို တော်တော်ခိုက်သွားပါသတဲ့။ အဲ့ကတည်းက တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်တစ်ဖုံနဲ့ သူ့ကိုကျူးနေခဲ့တာကြာပါပြီတဲ့လေ။JungKook တစ်ယောက်နောက်ဆုံးမှာ မီးဖိုဘက်က သစ်သားပြားနဲ့ကွယ်ထားတဲ့အကွယ်လေးမှာ ကုတ်ကုတ်လေးထိုင်နေတဲ့ သူ့အသဲလေးကိုတွေ့ပါပြီ။
"အသဲလေးရေ"
သူ့အသံကြောင့် ပင့်ကြည့်လာတဲ့ မျက်လုံးလေးတွေကစူးရှနေရော။ ချွန်ထက်ထက်မြှားတွေ တစ်စင်းပြီးတစ်စင်းပစ်လွှတ်နေသလို။
YOU ARE READING
The Village That Starts Our Love [Season 2] (Completed)
FanfictionCollaboration with JeonYiMon 💜