Ch-2

784 120 20
                                    

(Unicode)

ရှစ်ယွီ ကိုယ်မင်းကိုဟိုးအရင်တည်းကချစ်နေခဲ့တာ
__________________

ချန်အန်းရှိလက်မထပ်ရသောမိန်းကလေးတွေဟာ သူတို့ကိုသူတို့ အံ့ဝင်ခွင်ကျဖြစ်အောင် ပြုလုပ်နိုင်လျှင် ယခုမင်းဆက်၏ထိပ်ဆုံးစာရင်းတွင်ရှိနေသော ထည်ဝါခန့်ညားတဲ့အတွင်းရေးမှူးစုရှစ်ယွီနှင့်လက်ဆက်နိုင်မည်မှာ သံသယဖြစ်ဖွယ်မရှိဟုယုံကြည်ကြလေသည်။

စုရှစ်ယွီသည် ထင်ပေါ်ကျော်ကြားသောမိသားစုတွင် မွေးဖွားလာခဲ့သူဖြစ်လေပြီး သူ့အရှေ့တွင်ရှိသောမျိူးဆက်သုံးဆက်လုံးမှာ ကျော်စောသောဝန်ကြီးများသာဖြစ်ကြလေသည်။သူ၏ဖခင်စုကျွယ်မှာ ယခင်ဧကရာဇ်မင်းအား တိုင်းပြည်ကို အပ်နှင်းခဲ့လေပြီး သခင်ကြီးသုံးပါးအနက် သူသာလျှင် ဧကရာဇ်မင်း၏ ယုံကြည်မှုကိုပို၍ရခဲ့လေသည်။သို့သော် စုရှစ်ယွီ၏သွင်ပြင်လက္ခဏာမှာ အပေါ်စီးဖြင့်ဆက်ဆံတတ်ခြင်းမရှိသည့်အပြင် စည်းစနစ်ကျကာ အမှူအယာမှာ ယဥ်ကျေးသိမ်မွေ့လေပြီး သူ့ပတ်ဝန်းကျင်က သူတွေကိုပါ နူးညံ့ညင်သာစွာဆက်ဆံလေသည်။သို့သော် သူ၏ဆွေမျိုးများမှတဆင့်အောင်သွယ်ရန်ကြိုးစားသူများ သမက်တော်ရန်တောင်းဆိုသူများကိုတော့ အားမနာစတမ်း ငြင်းပယ်ခဲ့လေသည်။

သို့သော် ချူးမင်ယွင်ကမူ စုရှစ်ယွီ၏အမူအကျင့်ကောင်းတွေဟာ သူနဲ့တခြားသူတွေအတွက် အဆင်ပြေအောင် အထောက်အကူမပြုနိုင်ဟု မှတ်ယူထားသောကြောင့် စုရှစ်ယွီလိုလူမျိူးနှင့်ပက်သက်ဖို့စိတ်မဝင်စားခဲ့ချေ။ထို့ကြောင့် သူတို့ဟာ နှစ်ပေါင်းများစွာတိုင် တရားရုံးတစ်ခုထဲတွင်အလုပ်အတူတူတွဲလုပ်ခဲ့ကြပေမဲ့ ချူးနဲ့စုအုပ်စုဟာ တိုက်ခိုက်နေကြခြင်းကို ဘယ်တော့မှလည်းမရပ်တန့်ခဲ့ကြပေ။သူနှင့်စုရှစ်ယွီ တွေ့ဆုံဆွေးနွေးကြရာတွင်လည်း ခေါင်းတညိတ်ညိတ်လုပ်ခြင်းထက် မည်သည့်အရာမှပိုမလုပ်ကြချေ။

ဒါပေမဲ့ ဒီနေ့ပြီးသည့်နောက်မှာတော့ အရင်ကထက်ပိုပက်သက်ရတော့မှာမြေကြီးလက်ခတ်မလွဲပင်ဖြစ်လေသည်။

ချူးမင်ယွင်ဟာ ခန်းမကြီးထဲမှထွက်လာပြီး ရာနှင့်ချီသောအရာရှိများကြားမှာ မြို့တော်တွင်လူတိုင်းလိုချင်နေကြသောလူ၏ပုံသဏ္ဍာန်ကိုလှမ်းမြင်လိုက်လေသည်။
"အတွင်းရေးမှူးစု"

Jun You Ji Fou 君有疾否《Myanmar Translation》Where stories live. Discover now