Ch-11

391 60 26
                                    

(Unicode)

ကိုယ်ကလွဲပြီး မင်းလေးကတစ်ခြားဘယ်သူ့ကို မြင်ချင်သေးလို့လဲဟင်?
______________

ယျန်ယဲ့သည် ထိပ်တန်းအရာရှိ၏အိမ်တော်ထဲသို့ ချင်းကျောင်ရဲ့အနောက်ကနေလိုက်လာခဲ့ပြီး  ဟင်္သပြဒါးရောင် ဆောင်ကူးစင်္ကြံလမ်းကို ဖြတ်သန်း၍ ဟိုဟိုဒီဒီကြည့်ရှု့လေ့လာနေသည်။သူသည် ရာထူးကြီးသူတို့ပိုင်ဆိုင်လေသော ကြီးမားသည့်အိမ်တော်ကို မြှောက်လုံးပင့်လုံးနှင့်ချီးကျူးရင်း ချင်းကျောင်ထံမှ ပါးနပ်သောမေးခွန်း၏အဖြေများကို ဆွဲထုတ်ဖို့ကြိုးစားနေပေမဲ့ အနက်ရောင်ဝတ်စုံနှင့်ထိုလူကတော့ သူ့ကို "အင်း" ဟု မရေမရာနဲ့စကားလုံးအနည်းသာပြန်ဖြေခဲ့သည်။ယျန်ယဲ့လည်း သူလုပ်နိုင်တာဘာမှမရှိသောကြောင့် သူ့ပါးစပ်ကိုသာ တင်းတင်းပိတ်ထားလိုက်တော့သည်။

[T/N:ဟင်္သပြဒါးရောင် ~ အနီရောင်တမျိူးပါပဲ အနက်ရောင်ဝတ်စုံနှင့်လူ ~ ချင်းကျောင်]

ချင်းကျောင်၏ခြေလှမ်းအတိုင်း စာကြည့်ခန်းဆီသို့ လိုက်လာခဲ့ပြီး တံခါးကို ဖြေးညင်းစွာဖွင့်၍မကြည့်ခင် သူ၏အမူအယာကို ပြန်၍ပြုပြင်လိုက်လေသည်။

ချူးမင်ယွင်က မှင်တံကိုမြှောက်၍ မြေပုံပေါ်တွင် ကြောင်ခြစ်သလိုလက်ရေးနှင့်တစ်စုံတစ်ခုကိုရေးနေပြီး;အခြားသူ၏ခြေသံကိုကြားလိုက်၍ ခေါင်းကို မော့လိုက်သော် ယျန်ယဲ့ကို မြင်လိုက်ရလေသည်။
"မင်းက ဘာကြောင့် ဒီကိုရောက်လာရတာလဲ?"

ယျန်ယဲ့က အရိုအသေပေးလိုက်လေပြီး ပြုံး၍ပြန်ဖြေလေသည်။
"ဒီနိမ့်ကျတဲ့သူက ဝန်ကြီးချူပ်ဟောင်းချန်နဲ့ပက်သက်တဲ့ကိစ္စတွေကို စုံစမ်းစစ်ဆေးနေတယ်ဆိုတာ သိရပါတယ်။အဲ့တာကြောင့် ကျွန်တော်အဲ့ဒီ့အကြောင်းကို အနည်းငယ်သိတာမို့ ချက်ချင်း သတင်းပေးဖို့ ရောက်လာခဲ့ရတာပါ။"

ချူးမင်ယွင်သည် သူ၏မှင်တံကိုချလိုက်လေပြီးကုလားထိုင်ကို မှီလိုက်လေသည်။
"ချန်ရွှမ်ဝမ်ရဲ့မိသားစု ဘယ်မှာလဲ မင်းသိလား?"

"ကျွန်တော် နည်းနည်းတော့ သိပါတယ်။"
ယျန်ယဲ့ကပြောလေသည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က လင်အန်းမှာ ဒီနိမ့်ကျတဲ့သူက ဘုရင်ခံနဲ့တွေ့ဖို့ စီစဥ်ထားခဲ့တာပါ။ သူကပြောခဲ့တယ် ဝန်ကြီးချူပ်ဟောင်းချန်ဝမ်ရွှမ်ဟာ သူ့ရဲ့မိသားစုကို လင်အန်းအပြင်က အိမ်တော်ဆီလုံခြုံစွာပို့ဆောင်ပေးရန် ကူညီနိုင်မဲ့သူကိုရှာနေတယ်တဲ့။ဘာအတွက်လဲတော့မသိခဲ့ရပါဘူး။ဝန်ကြီးချူပ်ဟောင်းချန်က ပြောဖို့တွန့်ဆုတ်နေခဲ့တာမို့ ဘုရင်ခံကလည်း ရှေ့ဆက်မမေးခဲ့ပါဘူး။ရက်အနည်းငယ်မကြာသေးခင်ကမှ အဲ့ဒီအိမ်တော်ဟာ ညသန်းခေါင်လောက်မှာရုတ်တရက် မီးထလောင်သွားခဲ့ပါတယ်။နောက်ဆုံး ဘုရင်ခံရဲ့လူတွေရောက်သွားတဲ့အချိန်မှာ အကုန်လောင်ကျွမ်းပြီးသားဖြစ်သွားပါပြီ။"

Jun You Ji Fou 君有疾否《Myanmar Translation》Where stories live. Discover now