Ch-14

482 53 7
                                    

(Unicode)

မိုက်မဲချက်ကတော့ အထွတ်အထိပ်ပါပဲလား?
_______________

နောက်ဆုံး အစီရင်ခံစာတင်ပြသည့်အချိန်တွင် စုရှစ်ယွီက ချူးမင်ယွင်နှင့်သံသယဖြစ်ဖွယ်ကောင်းသော မင်းသားဟွိုက်နန်အကြောင်းကို ဘာမှမတင်ပြခဲ့ချေ။မင်းသားဟွိုက်နန်သည် လူကုံထံများအကြားတွင် မယုံကြည်နိုင်လောက်အောင် သြဇာအာဏာကြီးမားသူဖြစ်သည်။ကျင်းနန်သည် သာယာဝဖြိုးသောနေရာတစ်ခုဖြစ်ပြီး;သူ၏ချမ်းသာကြွယ်ဝမှုများမှာ တော်ဝင်မိသားစုထက်တော့ မနိမ့်ပေ။သူသည်မာနထောင်လွှားပြီး သူ၏ကွက်ကဲမှုအောက်တွင် ထူးချွန်သောစစ်သားများစွာလည်းရှိလေသည်။ထန်ကျင်း၏စွပ်စွဲချက်သည် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ထိုစကားလုံးများကြောင့် မင်းသားဟွိုက်နန်ကို ဆွဲချဖို့မဖြစ်နိုင်ချေ။ထို့ကြောင့် ရန်သူကိုသတိပေးနေမှာထက် ပထမဆုံးရုပ်လုံးပေါ်လာအောင်ဖြေးဖြေးချင်း ဘာကြောင့် မဖွင့်ချနိုင်ရမှာလဲ?သို့သော်လည်း လီယန်ကျန့်က စုရှစ်ယွီကို အင်ပါယာစာကြည့်ခန်းဆီသို့ ဆင့်ခေါ်လေသည်။

စုရှစ်ယွီရောက်သွားသောအချိန်တွင် ချူးမင်ယွင်လည်း ရှိနေသည်။သူကလီရန်ကျန့်ကို ပုံတူမြေပုံတစ်စောင် ကမ်းလှမ်းနေပြီး စုရှစ်ယွီကိုတွေ့တော့ ပြုံးပြလာသည်။စုရှစ်ယွီကလည်း သူ့အကြည့်များနှင့်ဆုံသွားတာကြောင့် တည်ငြိမ်စွာဖြင့် ခေါင်းလေးညိတ်ကာ နှုတ်ဆက်လိုက်လေသည်။

"ကိုယ်တော်အစီရင်ခံစာကိုဖတ်ပြီးပြီ။ထန်ကျင်းအပေါ်မှာ အပြစ်ဒဏ်က နည်းနည်းများ မပြင်းထန်နေဘူးလား?"
လီယန်ကျန့်က ပြောလိုက်သည်။

"ဥပဒေအရ ခေါင်းဖြတ်ကွပ်မျက်တာနဲ့ ပိုင်ဆိုင်မှုတွေသိမ်းပစ်တာအပြင် သူတို့ရဲ့ဆွေမျိူးများကို သာမန်ပြည်သူတွေအဖြစ်အဆင့်လျောချပြီး တရားရုံးတော်မှာ မျိူးဆက်သုံးဆက် အမှုထမ်းရန် တားမြစ်တာပါ။ဒီနိမ့်ကျတဲ့သူက အားလုံးကို ထည့်တွက်စဉ်းစားပြီးပါပြီ။"
စုရှစ်ယွီက တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။

"ဒီရက်တွေမှာ ကိုယ်တော်လည်း ထန်ကျင်းနဲ့သူ့ဇနီးသည်ဖြစ်ပျက်ခဲ့တာတွေကို ကြားခဲ့တယ်။သူတို့ရဲ့ ချစ်ခြင်းမေတ္တာက နက်ရှိုင်းလွန်းတာမို့ ရာထူးကဖယ်ချပြီး ပြည်နှင်ဒဏ်ပဲပေးလိုက်ပါလား?သူတို့တွေဆက်ပြီး အသက်ရှင်ပါစေ"
လီယန်ကျန့်က ပြောလိုက်လေသည်။

Jun You Ji Fou 君有疾否《Myanmar Translation》Where stories live. Discover now