Ch-4

458 68 24
                                    

(Unicode)

ကောင်းရော။အခုကျီစယ်တာလေးတောင်လုပ်မရတော့ဘူး။
__________________

သူတို့နှစ်ဦးထွက်သွားပြီးသည့်နောက်တွင် ချူးမင်ယွင်နဲ့စုရှစ်ယွီဟာ ပြောလက်စ စီးပွားရေးလုပ်ငန်းကိစ္စများ အခွန်နှင့်ပြည်နယ်ရေးရာကိစ္စများကို ချက်ချင်းရပ်တန့်သွားလေပြီး ထိုကိစ္စများမှာ သူတို့၏မျိူးဆက်ရှစ်ဆက်လောက်ကုန်လွန်သွားရင်တောင် စိတ်ပူစရာမလိုသောကြောင့်ပင်ဖြစ်လေသည်။

မြေခွေးနှစ်ကောင်ဟာ တစ်ဦးနှင့်တစ်ဦးပြုံး၍ကြည့်နေကြလေပြီး ပထမဆုံးစကားစပြောသူမှာ စုရှစ်ယွီပင်ဖြစ်လေသည်။
"အရာရှိချူး...ခင်များအဲ့တာကဘာကိုဆိုလိုတာလဲ?"

"ဘာကိုလဲ?"
ချူးမင်ယွင်က သူ၏ခေါင်းလေးကိုတစ်ဖက်သို့ စောင်းကြည့်၍ ပြန်မေးလေသည်။

စုရှစ်ယွီ : "လာတုန်းက အားယွဲ့ကပြောတယ် သူဒီတစ်ခါမြို့တော်ကိုပြန်လာတာက သူငယ်ချင်းတစ်ယောက်ဆီက ရာထူးတစ်ခုလက်ခံဖို့တဲ့ အဲ့သူငယ်ချင်းက မင်းလားအရာရှိချူး?"

"ဟုတ်တယ်"
ချူးမင်ယွင်က ခပ်သွက်သွက်ပြန်ဖြေလိုက်လေသည်။
"အကယ်၍ သူက မင်းလေးနဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ပက်သက်ပြီးတွေ့ခွင့်ပေးရင် ငါသူ့ကို မနက်စောစောတည်းက ခေါ်လိုက်မယ်လေ။"

စုရှစ်ယွီက ဖွဖွလေးပြုံးနေပေမဲ့ သူ၏အသံမှာတော့ ပို၍လေးနက်တည်ကြည်လာလေသည်။
"သူကဆေးပညာအရည်အချင်းမှာ ကောင်းကောင်းနားလည်တဲ့အတွက် စိတ်မပျက်စေရဘူးဆိုတာ ကျွန်တော်သိတယ်။ဒါပေမဲ့ သူကငယ်ငယ်လေးတည်းက မကောင်းတဲ့ အစိတ်အပိုင်းတွေကို သိပ်မပြောနိုင်ဘူး။အရာရှိချူးကပဲ သူ့ကို လမ်းညွှန်သင်ကြားပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။"

"အတွင်းရေးမှူးစုကသာ ကိုယ်တောင်းဆိုထားတဲ့ကိစ္စကို သဘောတူရင် ကိုယ်တူယွဲ့နဲ့မိသားစုတောင်ဖြစ်ပေးနိုင်ပြီး အလိုအလျောက် ဦးဆောင်လမ်းညွှန်ပေးလိုက်မှာ။"
ချူးမင်ယွင်က ပြုံး၍ပြောလိုက်လေသည်။

"အဲ့ဒီနောက်နေတာတွေ ခဏထားပါ။"
စုရှစ်ယွီက သူ့ကို ကြည့်၍ ထပ်ပြောသည်။
"အားယွဲ့က ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို အထင်လွဲခွင့်တောင် ပေးမှာမဟုတ်ဘူးဆိုတာ ပြောရဲတယ်။"

Jun You Ji Fou 君有疾否《Myanmar Translation》Where stories live. Discover now