Ch-8

514 79 32
                                    

(Unicode)

ကိုယ့်ကို နမ်းလိုက် အဲ့တာဆို ကိုယ်တို့တစ်ယောက်နဲ့တစ်ယောက်အကြွေးမရှိတော့ဘူး။
_______________

ကျောက်သားနံရံရှိ အက်ကွဲကြောင်းများသည် တစ်စတစ်စများပြားလာပြီး အနည်းငယ်ကျယ်လောင်စူးရှသည့်အသံနှင့် အကျိုးအပဲ့အပိုင်းအစများဟာ ဥမင်လိုဏ်ခေါင်းမှထွက်ပေါ်ထားသော ကျဥ်မြောင်းသောလမ်းရဲ့ မြေပြင်ပေါ်သို့ တစ်ပိုင်းတစ်စဆီပြုတ်ကျကုန်သည်။စုရှစ်ယွီသည် လက်ကိုပြန်ချလိုက်ပြီး သူ၏လက်အတွင်းမှ ချွန်ထက်သောအရာ၏လင်းလက်သွားမှုကြောင့် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နှင့် အကြည့်များမှာ အကျ••ထဲသို့  ကျဆင်းသွားလေသည်။သို့သော် ချူးမင်ယွင်က ထိုလူသား၏လက်အတွင်းမှာ ဝှက်ထားတာဟာ ဓားမြှောင်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းကြည့်ဖို့ လုံလောက်လေသည်။

စုရှစ်ယွီ ယပ်တောင်ကို မဆိုင်းမတွ ချိုးပစ်လိုက်တာ အံ့သြစရာတော့မရှိ။ဘာကြောင့်လည်းဆိုတော့ သူကိုယ်တိုင်တွင် လက်နက်ယူဆောင်လာသောကြောင့်ပင်။

သူသည် မတ်တပ်ရပ်လိုက်ပြီး နံရံမှ ဆီမီးခွက်ကိုယူ၍ ပြန်လှည့်လာကာ ချူးမင်ယွင်ကို မတ်တပ်ရပ်ဖို့ပြောလိုက်သည်။

ချူးမင်းယယွင်သည် သူ၏ပုခုံးကို အားအင်ကုန်ခန်းသည့်ပုံစံနှင့်လှုပ်ရှားလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။သူ၏ဒဏ်ရာကို စည်းရာတွင် ပြသခဲ့သော စုရှစ်ယွီ၏ထူးခြားသောကျွမ်းကျင်မှုတို့ကြောင့် သူ့အားကူညီဖေးမဖို့တော့ မလိုတော့ချေ။သူ၏အကြည့်များက စုရှစ်ယွီ၏လက်ဆီသို့ ကျရောက်သွားသောကြောင့် ရုတ်တရက်ပြောလိုက်သည်။
"အတွင်းရေးမှူးစုရဲ့ အစွမ်းသတ္တိတွေကြောင့် အဲ့ဒီအစောင့်က မင်းလေးကို ပုန်းလျှိူးကွယ်လျှိူးနဲ့  ဆင်ခြင်တုံတရားမဲ့ကာ စောင့်ကြည့်နေမှာမျိူးတော့ မဖြစ်နိုင်ပါဘူးနော့်။"

စုရှစ်ယွီသည် ပြုံး၍ ရိုးရိုးသားသားပြန်ဖြေလိုက်သည်။
" အွန်း မဖြစ်နိုင်ပါဘူး။"

ချူးမင်ယွင်: "ဒါဆို အစောပိုင်းက မင်းလေးသူ့ကို မပြလိုက်ရတဲ့ အကြံအစည်တွေက ဘာများလဲဗျ?"

Jun You Ji Fou 君有疾否《Myanmar Translation》Where stories live. Discover now