Ch-17

201 15 2
                                    


သူ့‌ရှေ့ကလူသည်သိသိသာသာကြီးမတ်တပ်ရပ်၍နေပြီး မျက်နှာဖုံးအောက်မှာကွေးညွတ်နေသောအပြုံးလေးတစ်ခုကိုလုပ်ထားကာ အေးစက်စက်အပြုံးမျက်လုံးများကိုဖော်ပြ၍ လောင်းကစားစားပွဲကိုလက်ဖြင့်ထောက်ထားပြီး အခြားသူများသူ့အားငေးကြည့်နေတာကို ဂရုမစိုက်သောပုံစံဖြင့်ခွင့်ပြု‌ထားလေသည်။ထိုလူမှာမြင့်မြတ်သောဂုဏ်အသရေရှိသောပုဂ္ဂိုလ်ဖြစ်ကြောင်းငတုံးမျက်လုံးနှင့်ကြည့်တောင်သိသာလေသည်။ရှုထုံသည်ထိတ်လန့်သွားသောစိတ်တို့ကိုအောင့်အည်းမျိူသိပ်ချေဖျက်ကာမေးလိုက်သည်။
"ဘာလို့ရီတာလဲ"

"ဟမ့် "
ချူးမင်ယွင်က ဖြည်းဖြည်းချင်းဖြင့်ပြန်ဖြေလာလေသည်။
"ကိုယ့်နေရာကိုယ်မသိတဲ့သူတွေကိုရီလိုက်တာပါ။ရေတွင်းအောက်ခြေကနေကောင်းကင်ကိုမော့ကြည့်နေရတဲ့အဆင့်ကို...အဲ့လိုအဆင့်နဲ့မြင့်မြတ်တယ်လို့ထင်ပြီးယုံကြည်မှုလွန်ကဲနေတဲ့သူတွေကိုရီလိုက်တာပါ။"

"ဘာကိုဆိုလိုတာလဲ"

"ဧကရာဇ်ရဲ့ဘုန်းအာနုဘော်နဲ့ပက်သက်ပြီး မင်းရဲ့အခြေအမြစ်မရှိ မှတ်ချက်တွေထုတ်ဝံ့နေတာကို အဝေးကနေလှမ်းမြင်လိုက်တာ။ ဒီလောင်းကစားရုံလေးထဲမှာ ကစားပွဲအနည်းငယ်လောက်နိုင်ထားတာနဲ့ ကိုယ့်ကိုကိုယ်ဘယ်သူလဲဘယ်အဆင့်လဲဆိုတာတကယ်မေ့သွားပုံပဲ။ဟမ့်။"

ရှုထုံကသူ့ကိုစိုက်ကြည့်ရင်းအေးစက်စက်အသံနှင့်;
"ငါဘယ်သူလဲဆိုတာငါ့ကိုယ်ငါကောင်းကောင်းသိတယ်။မင်းကမှဘယ်ကပေါ်လာတဲ့ကောင်လဲ။မင်းပြောတာကိုမင်းကောင်းကောင်းနားလည်တယ်ဆိုရင်မင်းပြောလိုက်တဲ့ဧကရာဇ်ရဲ့ဘုန်းအာနုဘော်ဆိုတာဘာလဲပြောပါအုံး"

ချူးမင်ယွင်ကသူ့ကိုအေးဆေးတဲ့အကြည့်နဲ့ပြန်ကြည့်ရင်း;
"ဒါပေါ့ဒါပေါ့ဟုတ်တာပေါ့။ငါကမင်းထက်အများကြီးပိုနားလည်တယ်လေ။တချိန်ကငါကအရှင်မင်းမြတ်နဲ့အတူလိုက်ပါခဲ့..."

"သခင်လေး!!"
စုရှစ်ယွီကအချိန်မှီတားလိုက်ကာချူးမင်ယွင်အနောက်တွင်ရပ်လိုက်လေသည်။

"အင်း။ဒါကမင်းကိုပြောပြဖို့အချိန်မတန်သေးပါဘူးလေ။"

လောင်းကစားဝိုင်းတွင်ဖဲတွေစီစဉ်နေသည့်ခေါင်းဆောင်က ချူးမင်ယွင်ကိုမော့ကြည့်ပြီးမေးလေသည်။
"ဒီကသခင်လေးရဲ့အမည်ကိုသိလို့ရမလား"

You've reached the end of published parts.

⏰ Last updated: Jun 21 ⏰

Add this story to your Library to get notified about new parts!

Jun You Ji Fou 君有疾否《Myanmar Translation》Where stories live. Discover now