Ch-3

611 82 10
                                    

(Unicode)

အဲ့လိုပြောပုံအရဆို မင်းနဲ့ကိုယ့်ကို​ကံကြမ္မာက ဆုံစည်းစေတာပဲပေါ့...
________________________

အရာရှိနှစ်ယောက် စားသောက်ဆိုင်ထဲသို့ဝင်လာချိန်တွင် အဆိုတော်မလေး၏နူးညံ့သောအသံလေးမှာ ဒုတိယထပ်မှ သာယာစွာလွင့်မျောလာလေသည်။ ထိုလူနှစ်ဦးမှာထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ယဥ်ကျေးသိမ်မွေ့ပြီးသဘောကျစရာကောင်းသော သူမ၏အမှုအယာလေးတွေကို ကြည့်နေပေမဲ့ သူတို့၏နှလုံးသားတွေမှာတော့ ဒီအရာထဲတွင် ပျော်ပါးမမွေ့လျော်နေကြပေ။

ချူးမင်ယွင်သည် သူ၏ရွှေရောင်လေးများဖြင့်တလက်လက်တောက်ပနေသော ယပ်တောင်လေးကို ဖွင့်လိုက်ပိတ်လိုက်လုပ်နေပြီးနောက် ထိုယပ်တောင်လေးကို စိတ်မရှည်စွာနှင့်စားပွဲခုံပေါ်သို့ပစ်တင်လိုက်လေသည်။
"တစ်​ယောက်နဲ့တစ်ယောက်မတွေ့ဖြစ်တာ ခြောက်နှစ်တောင်ကြာသွားပြီ။ငါ့အိမ်တော်မှာတွေမဲ့အစား ဒီနေရာမှာလာချိန်းတယ်။တူယွဲ့ ဘာလှည့်ကွက်တွေသုံးနေပြန်တာလဲ?"

သူဟာ ပျင်းရိစွာနှင့် အဖြူရောင်ကြွေခွက်လေးက လှမ်းယူကာ လက်ထိပ်ဖျားလေးများနှင့်ဆော့ကစားနေပြီး ဘေးတွင်ထိုင်နေသော ချင်းကျောင်ကို ထပ်ပြောလိုက်လေသည်။
"ဘယ်ဦးဏှောက်မရှိတဲ့သူက သူ့ကိုရှာဖို့မြို့တော်ကိုပတ်နေရအုံးမှာလဲ?"

ချင်းကျောင်ဟာ ဘာစကားမှပြန်မ​ဆိုသေးပေ။ခဏအကြာမှ အေးစက်စွာဖြင့် ပြောလေသည်။
"သူမြို့တော်ကို ရောက်ရောက်ချင်း ပထမဆုံးတွေ့တဲ့သူက ကျွန်တော်တို့မဟုတ်ပေမဲ့ သူ့အကိုဝမ်းကွဲပါ။ခဏလောက်နေရင် သူ့အကိုဝမ်းကွဲကလည်း သူနဲ့ဒီနေရာကို လိုက်လာမှာပါ။အဲ့တော့ သူလာတဲ့လမ်းကို သူဘာလို့ရှာမတွေ့ရမှာလဲ?"

ချူးမင်ယွင်သည် မကူနိုင်မကယ်နိုင်သောမျက်နှာလေးနှင့်လှည့်၍ ချင်းကျောင်ပြောလိုက်သောစကားနှင့်အမူအယာကို အနီးကပ်သေချာလေ့လာနေသည်။ချင်းကျောင်ဟာ ဘယ်သောအခါမှ စကားအများကြီးပြောသူမဟုတ်ပေ။အခုလည်းပြောချင်တဲ့စကားများကို တင်းတင်းကျပ်ဖိနှိပ်ထားမှုကြောင့် သူ၏နှုတ်ခမ်းလေးများကိုတောင် အနှောင့်အယှက် ဖြစ်လာရလေသည်။

Jun You Ji Fou 君有疾否《Myanmar Translation》Where stories live. Discover now