Chapter_4 *remaining part

450 74 0
                                    

[Unicode]"လက်စသတ်​တော့..ရှဲ့ကျန်း..မင်းက..ငါကမင်းလျှို့ဝှက်ချက်ကိုထုတ်​ပြောမိမှာကို​ကြောက်​နေတာလား.."

ရှဲ့ကျန်းကဆိတ်ဆိတ်သာ​နေ​နေ​ပေမယ့်ဟန်ရှင်းက​တော့သူ့မျက်လုံး​တွေက​နေတစ်ဆင့်အ​ဖြေကိုသိပြီးဖြစ်သည်။

"အဲဒီ​နေ့ညက..မင်းလဲမြစ်ထဲကျပြီး​ရောယန်တပ်​တွေကငါတို့ကိုမှီလာတယ်..ဘယ်လိုပဲဖြစ်ဖြစ်​သေရမှာပဲ​လေဘာလို့မကြိုးစားကြည့်ရမှာလဲ..အဲဒါနဲ့ငါတို့အကုန်မြစ်ထဲလိုက်ခုန်ချခဲ့တယ်.."

သူကဓါး​မြှောင်ကိုအားနဲ့ဖိရင်းဆက်​ပြောသည်။

"ငါတို့​သေချိန်မတန်​သေးလို့ထင်ပါတယ်..ကင်းလှည့်​နေတဲ့ရွဲ့စစ်သည်​တွေကငါတို့ကို​တွေ့ပြီးကယ်ခဲ့တယ်."

ဟန်ရှင်းကရှဲ့ကျန်းရဲ့မျက်လုံး​တွေထဲတည့်တည့်စိုက်ကြည့်ရင်း​လှောင်ရယ်လိုက်သည်။

"ဟုတ်တာ​ပေါ့..ငါကမြစ်ထဲကျသွား​တော့အသက်ရှင်ဖို့အခွင့်အ​ရေးကလဲအရမ်းနည်းတယ်အဲ့​တော့ငါမှမ​ပြောရင်မင်း​ဖော်​ကောင်လုပ်တာကိုဘယ်သူမှသိကြ​တော့မှာမဟုတ်ဘူး..ဒါ​ပေမယ့်ငါကဘယ်ကမှန်းမသိ​ပေါ်ချလာပြီးမင်းကို​သောက​ရောက်​အောင်လုပ်မိသွားတယ်..ဒီတော့မင်းကငါ့ကိုတစ်ခါ
တည်းရှင်းပစ်ဖို့​တွေးတယ်..ငါ​ပြောတာဟုတ်တယ်မလား..."

ရှဲ့ကျန်းကမျက်နှာ​အောက်သိုးသိုးဖြစ်သွားရင်း

"ခင်ဗျားကသိပ်​တော်တာပဲဟန်ရှင်း..ခင်ဗျားလိုလူအတွက်ဒါကသိပ်ထက်မြက်လွန်း​နေတယ်.."

​လေ​ပြေတစ်ချက်ကဘယ်ကမှန်းမသိ​ဝှေ့ခနဲတိုက်လိုက်သဖြင့်မီးတုတ်များပင်ပြန်လင်းထိန်လာသည်။ရှဲ့ကျန်းရဲ့မျက်နှာတစ်ခြမ်းကိုမီးတုတ်အလင်းမှတစ်ဆင့်မြင်​နေရသည်။လူသတ်လိုတဲ့အ​ငွေ့အသက်​တွေက​တော့အချုပ်ခန်းထဲမှာပျံ့လို့..။

ဟန်ရှင်းကတစ်ချက်ကြည့်ကာ​လှောင်ရယ်လိုက်သည်။

"စစ်သူကြီးကျိုးကဘာလို့အဲ့​လောက်ကြာ​နေရတာပါလိမ့်..ငါထင်တာ​တော့စစ်သူကြီးကိုအသိ​တောင်မ​ပေးရ​သေးဘူးထင်တယ်.."

Cold Sands[Myanmar Translation]Место, где живут истории. Откройте их для себя