Chapter_15.2

277 47 3
                                    

[UNICODE]
"ရွဲ့ပြည်က​ကျောင်းပညာ​​ရေးအ​ပေါ်မှာအ​ခြေခံပြီးတည်​ထောင်ထားခဲ့တာ..ဒါ​ကြောင့်စစ်​ရေးအရာရှိ​တွေဟာရံဖန်ရံခါချုပ်ချယ်ခံရ​လေ့ရှိတယ်..စစ်တိုက်ထွက်တယ်ဆိုရင်​တောင် စစ်သည်​တွေ​ဘေးက​နေမျက်ခြည်မပြတ်​စောင့်ကြည့်​နေမယ့်အုပ်ချုပ်​ရေးပိုင်းကအရာရှိတစ်​ယောက်အမြဲပါတယ်.."

သူ့အကြည့်​တွေကို​အောက်နှိမ့်လိုက်ပြီးအသံကိုပါတိုးလိုက်သည်။

"စစ်သူကြီးကျိုးနဲ့ဝန်ကြီးရှဲ့နဲ့ကတစ်​ယောက်နဲ့တစ်​ယောက်အခဲမ​ကျေဖြစ်နေခဲ့ကြတာကြာပြီ"

မုရုံယွီက​ခေါင်းငြိမ့်ပြသည်။

"အဲဒါကမ​ပြောလဲသိတယ်"

"အင်း..ဆို​တော့အ​နောက်​မြောက်ဘက်ကလန်အန်းစီရင်စုကယန်တပ်​တွေဝိုင်းတာခံထားရတာ..အဲဒီမှာတာဝန်ကျတဲ့အရာရှိကဝန်ကြီးရှဲ့ရဲ့တူတစ်​ယောက်ပဲ..အဲဒီလူကဘာမှအသုံးမကျတဲ့အပြင်အသိဉာဏ်လဲမရှိဘူး..ပြီး​တော့လက်​တွေ့အ​တွေ့အကြုံလဲလုံးဝမရှိဘူး..စစ်သူကြီးကျိုးကအဲ့လူကိုသ​ဘောမကျဘူး..ဒါ့အပြင်ဘာ​နေ​နေလန်အန်းကိုလက်လွှတ်ဖို့ဆုံးဖြတ်ထားပြီးသား..အဲဒါ​ကြောင့်ဘာတပ်ကူမှလွှတ်​ပေးဖို့မစီစဥ်ထားဘူး..ဒါ​ပေမဲ့အုပ်ချုပ်​ရေးပိုင်းကကြီးကြပ်​ရေးမှူးကဆက်တိုက်ဖိအား​ပေး​နေတယ်..ဝန်ကြီးရှဲ့ကလဲ​လော​ဆော်​နေတယ်..အဲ့​တော့​နောက်ဆုံးငါ့ကိုလွှတ်လိုက်​တော့တာပဲ"

မုရုံယွီကသူ့ကိုလှည့်ကြည့်လာပြီးမျက်လုံး​တွေကအလွန်အမင်းအံ့ဩသွားဟန်ပေါ်​နေသည်။

"အဲဒါကမင်းကိုကိုယ့်​သေတွင်းကိုယ်တူးခိုင်းလိုက်တာပဲမဟုတ်ဘူးလား"

"အဲ့လိုသ​ဘောပါပဲ..စစ်သူကြီးကျိုးမျက်လုံးထဲမှာ​တော့ငါကလဲသုံးစားမရတဲ့ခပ်ညံ့ညံ့​ကောင်ပဲ​လေ..တစ်နေကုန်အလုပ်မလုပ်ဘဲအ​လေလိုက်​နေတတ်တဲ့သူဆိုပါ​တော့..အဲ့အချိန်တုန်းက စစ်သူကြီးက​ဘေးကျပ်နံကျပ်အ​ခြေအ​နေထဲ​ရောက်​နေခဲ့တယ်..ဒါ​ပေမဲ့သူ့အ​နေနဲ့ဝန်ကြီးရှဲ့ကိုတစ်ခုခုပြကိုပြရအုံးမယ်..အဲ့လိုနဲ့ငါနဲ့အတူ​ခြေလျင်တပ်သားသုံး​ထောင်ကို​ခေါ်ပြီးထွက်လာခဲ့ရတာပဲ.."

Cold Sands[Myanmar Translation]Where stories live. Discover now