Chapter-22.1(နန်းတက်ခြင်း)

222 24 7
                                    

[UNICODE]
သူ့​ရှေ့တွင်ရွဲ့ပြည်ဧကရာဇ်မှန်သမျှတို့​၏ပုံတူပန်းချီများရှိ​နေသည်။ပုလဲသရဖူနှင့်တကွမဟူရာနဂါးက​သောအ​ဆောင်အ​ယောင်(၁၂)မျိုးကိုဆင်မြန်းထားပြီး ခံစားချက်ဗလာဖြစ်​နေ​သောမျက်နှာထားများနှင့်ပုလ္လင်​ပေါ်တွင်စံမြန်း​နေကြသည်။​သေးရှည်ရှည်ဖ​ယောင်းတိုင်များနှင့်​မွှေးရနံ့များသည်စင်မြင့်​ပေါ်တွင် ​ဆွေး​ဆွေး​မြေ့​မြေ့လာင်ကျွမ်းလျက်ရှိ​နေသည်။ နက်​မှောင်​နေ​သောမီးခိုး​ငွေ့တို့သည်​လေထဲတွင်​ဝေ့ဝဲ​နေသည်။​​ဖ​ယောင်းတိုင်ကြီးများသည် သူ့​ဘေးတစ်ဖက်တစ်ချက်တွင်လှစ်ခနဲဆိုသလို​ထထတောက်​နေကြသည်မှာသရဲသဘက်များလို။

ချုံးဝမ်နန်း​တော်သည်လွန်​လေပြီး​သောဧကရာဇ်မင်းတို့၏ပုံတူပန်းချီများထားရာ​နေရာတစ်ခုဖြစ်ပြီး နန်း​တော်ကြီးတစ်ခုလုံးထဲတွင် လူသိအနည်းဆုံး၊အလျှို့ဝှက်ဆုံး​နေရာလည်းဖြစ်သည်။မည်သူမျှခွင့်ပြုချက်မရှိဘဲဝင်ခွင့်မရှိတာ​ကြောင့် အလွန်အမင်းတိတ်ဆိတ်​ခြောက်ကပ်လို့​နေသည်။

ဘုရင်မင်းမြတ်တို့၏မာ​ကျောခက်ထန်​နေ​သောမျက်နှာထားများကသူ့ကိုစိတ်မသက်မသာဖြစ်​စေသည်။အတိတ်သည်ပါးလွှာလွှာစက္ကူများကြားနစ်မြုပ်သွားဟန်တူပြီး အချုပ်အခြာအာဏာအတွက်လင်မျိုးနွယ်တို့​လျှောက်ခဲ့ရသည့်​သွေးစွန်း​သောခ​ယောင်းလမ်းကိုပြန်​ပြောင်း​ပြောပြ​နေသ​ယောင်ပင်။

လက်ရှိ​လောကနှင့်အဆက်အသွယ်ပြတ်​နေသကဲ့သို့ မီးလျှံများကိုသူ​ငေးကြည့်​​နေမိသည်။ပါးရိုက်ချက်များ​ကြောင့်သူ့ပါးသည်ကျိန်းစပ်စပ်နာကျင်​နေ​ဆဲ။

ဧကရီကြီး၏အသံသည်သူ့နားထဲတွင်ပဲ့တင်ထပ်​နေဆဲ။

"မင်း..ဘာမှ​စောက်သုံးမကျတဲ့အ​ကောင်..။မင်းထွက်​ပြေးဖို့ကြိုးစား​နေတာငါအခုမှသိရတယ်.."

အိမ်​တော်မှာ ဧကရီကြီး၏ကိုယ်ပိုင်သက်​တော်​ရစာင့်များတားမြစ်ခြင်းကိုခံခဲ့ရပြီး ယုံအန်းနန်း​တော်ဆီသို့လက်ထိပ်ခတ်လျက်ပြန်​ခေါ်လာခံခဲ့ရသည်။

"လူလိမ်​ကောင်" ဆိုသည့်စကားနှင့်သူအကြိုဆိုခံခဲ့ရသည်။

ထို့နောက်ဧကရီကြီးသည်သူ့ပါးတည့်တည့်ကိုဖြတ်ရိုက်ခဲ့သည်။သူ့နားတစ်ခုလုံးအူသွားပြီး မျက်နှာပါ​လောင်ကျွမ်းလာသလိုပင်။သူမ၏လက်သည်းရှည်များ​ကြောင့်သူ့​ပါး​ပေါ်တွင်​သွေး​တွေယိုစီးကျ​နေ​သောအစင်း​ကြောင်းကြီးများ​ပေါ်လာခဲ့သည်။

Cold Sands[Myanmar Translation]Where stories live. Discover now