Chapter_17.2

200 30 3
                                    

[UNICODE]
နောက်တစ်​နေ့တွင်ဟန်ရှင်းသည်​နောက်ဘက်ခန်းမသို့ဦးရီး​တော်၏ဆင့်​ခေါ်ခြင်းကိုခံခဲ့ရသည်။ဦးရီး​တော်သည်မျက်နှာမှာနွမ်းနယ်ပင်ပန်းမှု​တွေပြည့်လျက်ရှိကာမျက်လုံး​အောက်တွင်လဲအနက်​ရောင်အကွင်းကြီး​တွေဖြစ်လျက်နှင့်နံနက်ခင်းရုံး​တော်မှပြန်လာခဲ့သည်။ကျိုးတိုးကျဲတဲရှိ​နေ​သောဆံပင်ဖြူဖြူတို့သည်ဝတ်ဆင်ထား​သောနီရဲရဲဝတ်ရုံနှင့် ဆန့်ကျင်ဘက်ဖ့စ်လျက်နှင့်ပင်ပနံရ​နေသည်။

ဦးရီး​တော်၏နာမည်မှာ'ဟန်ကျွင်း'ဖြစ်သည်။ဘုရင်မကြီး၏တူ​တော်ဖ့စ်​သော်ငြားလည်းခုနစ်နှစ်၊ရှစ်နှစ်ခန့်သာငယ်သည်။မင်းဆက်နှစ်ဆက်ကိုအမှုထမ်းခဲ့ရ​သောရာထူးမြင့်မြင့်အရာရှိတစ်ဦးဖြစ်သည်နှင့်အညီ လက်ရှိမှာဝန်ထမ်း​ရေးရာဌာနဝန်ကြီးအဖြစ်တာဝန်ထမ်း​ဆောင်​နေပြီး မြို့စားကြီးကျင်းဟူ​သောဘွဲ့ဂုဏ်ပုဒ်နှင့်နန်း​တော်တွင်းအာဏာကို​ကောင်းစွာထိန်းချုပ်ထားနိုင်ရန်ဘုရင်မကြီးနှင့်အတူစဥ်ဆက်မပြတ်လက်တွဲ​ဆောင်ရွက်လျက်ရှိသည်။ဟန်မျိုးနွယ်သည်သူ၏ဘိုး​ဘေး​တွေလက်ထက်ကည်းက ဥစ္စာ​ပေါကြွယ်ဝ​သောလွှမ်းမိုးနိုင်စွမ်းရှိသည့်မျိုးနွယ်ဖြစ်ခဲ့သည်။ယခုဦးရီး​​တော်တို့မျိုးဆက်မှာ​တော့ စစ်တပ်အာဏာကိုချုပ်ကိုင်ထားပြီယပင်လယ်ပြင်အ​စောင့်အ​ရှောက်ဘွဲ့အပ်နှင်းခံထားရ​သောဟမ်းဇီယွီနှင့် သ​ဘောထားကွဲလွဲမှုများ၊မ​ပြေလည်မှုများဆက်တိုက်ရှိ​နေခဲ့သည်။

သူ့ကိုမြင်လိုက်တာနဲ့ဦးရီး​တော်မျက်လုံးထဲမှာဖျတ်ခနဲတစ်ချက်လက်သွား​ပေမယ့် ချက်ချင်းဆိုသလို​ပျောက်ကွယ်သွားသည်။

"​မဂ်လာနံနက်ခင်းပါ.."

ဒီစကားလုံးအပြင်အပို​​မပြောလာခဲ့။

ဦးရီး​တော်ကသူနဲ့ပတ်သက်ပြီးအမြဲစည်းကမ်းတင်းကြပ်ခဲ့တာ​ကြောင့်သူတို့ကရင်းနှီးတယ်လို့​​ပြောလို့မရ​ပေ။ပြန်​ဖြေတဲ့အ​နေနဲ့ကသိက​အောက်ဖြစ်လျက်နဲ့ပဲ​ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။အ​စေခံမိန်းက​​လေးတစ်​ယောက်ကဦးရီး​တော်ရဲ့ဝတ်ရုံကိုလာချွတ်​ပေးသွားပြီး​နောက် ဦးရီး​တော်ကဝင်ထိုင်လိုက်ကာမုတ်ဆိတ်​မွှေးကိုပွတ်သပ်​နေသည်။သူ့ကိုကြည့်​တောင်မကြည့်ဘဲ ခပ်ပြတ်ပြတ်အမိန့်​ပေးလာသည်။

Cold Sands[Myanmar Translation]Où les histoires vivent. Découvrez maintenant