Chapter_12.2(​ဆောင်းဦး​လေ​ပြေ)

496 56 7
                                    

[UNICODE]
နာကျင်လျက်မျက်လုံးဖွင့်လိုက်သည်။

လှုပ်ရုံ​လေးလှုပ်လိုက်ရုံနဲ့ နှလုံးအိမ်ကို​ဆောင့်ဆွဲလိုက်သလိုနာကျင်မှုမျိုးက လှိမ့်တက်လာသည်။ဘယ်​နေရာကနာ​နေမှန်းပင်သူမ​ပြောနိုင်။​နေရာတိုင်းကနာ​နေသည်။တံ​တောင်ကို​ထောက်၍ ကိုယ်ကိုပင့်ကာထဖို့လုပ်လိုက်​ပေမယ့် သူ့​အောက်ပိုင်းကအစိတ်စိတ်အမွှာမွှာစုတ်ပြဲသွား​တော့မယ့်ပုံ​ကြောင့် အံကြိတ်လိုက်မိသည်။​ဝေဒနာကမုန်တိုင်းကြားကလျှပ်စီးလိုမျိုးသူ့ကိုယ်​ပေါ်သက်​ရောက်​နေသည်။မှတ်ဉာဏ်​တွေကတစ်ပိုင်းတစ်စပြန်​ပေါ်လာသည်။​ခေါင်းအုံး​ပျော့​ပျော့ထဲသူ့မျက်နှာအပ်ထားမိသည်--ခုချက်ချင်းအသက်ရှူကြပ်ပြီး​သေသွားပါရ​စေလို့သူဆု​တောင်းတယ်..။

သူကတကယ်ကြီးကို...​ယောကျ်ားတစ်​ယောက်ရဲ့​အောက်မှာ.....

​မောဟိုက်ပင်ပန်းစွာမျက်လုံးမှိတ်ထားရင်း ခနဲ့တဲ့တဲ့ပြုံးမိသည်။

သူ့​နောက်​ကျောဘက်မှာနီးနီးကပ်ကပ်ရှိ​နေတဲ့ခန္ဓါကိုယ်တစ်ခုကို သူခံစားလို့ရ​နေသည်​။ထိုလူကသူ့ခါးကိုလည်းပဲ​ပွေ့ဖက်ထားသည်။​ခေါင်းကိုဖြည်းဖြည်းချင်းတစ်ဖက်လှည့်လိုက်ပြီး ခွန်အားအလွန်အမင်းပြည့်​နေဟန်တူတဲ့မျက်လုံးတစ်စုံကိုမြင်လိုက်ရသည်။မုရုံယွီကသူနိုးလာတာလဲမြင်​ရော ပိုမိုတင်းတင်းကြပ်ကြပ်ဖက်လိုက်ရင်း သူ့ကိုယ်ကိုပိုနီး​အောင်ဆွဲယူလိုက်သည်။ထို့​နောက် နှစ်​ယောက်လုံးအ​ပေါ်​စောင်တစ်ထည်လွှမ်း၍ခြုံလိုက်သည်။မုရုံယွီရဲ့ကိုယ်အ​နွေးဓါတ်​တွေ၊ဝင်သက်ထွက်သက်​တွေနဲ့လွှမ်းပတ်ဝန်းရံခံထားရတာ​ကြောင့် သူလွတ်​အောင်ရုန်းချင်​ပေမယ့် သူ့ကိုယ်မှာအားမကျန်​တော့။

မုရုံယွီက ဟန်ရှင်းနဖူးကို သူ့နှာ​ခေါင်းနဲ့ပွတ်သီးပွတ်သပ်လုပ်ရင်း

"မင်းဘာ​တွေ​တွေးနေတာလဲ"

ခပ်​နွေး​နွေးအသက်ရှူ​ငွေ့​တွေကြားက​နေလွတ်​မြောက်လိုငြား ​ဒေါသထွက်ထွက်နှင့်​ခေါင်းကိုတစ်ဖက်​စောင်းလိုက်ရင်း

"မင်းကိုသတ်ဖို့"

"အိုး"

ခဏရပ်သွားပြီး​နောက် မုရုံယွီကခပ်ဟဟရယ်လာသည်။

Cold Sands[Myanmar Translation]Tempat cerita menjadi hidup. Temukan sekarang