Chapter_22.2[Unicode Ver]

313 21 1
                                    

ငြိမ်သက်တိတ်ဆိတ်နေသောအတွင်းခန်းမဆောင်ထဲ၌ ဟန်ရှင်းသည်ဧကရာဇ်ရွှင်၏ပုံတူပန်းချီကိုမှီ၍တစ်ကိုယ်လုံးကိုဘောလုံးလိုကွေးထားလျက်ရှိသည်။သူစိန်ခေါ်မှုပေါင်းများစွာကိုရော,
အသက်အန္တရာယ်ရှိနိုင်သည့်အတွေ့အကြုံပေါင်းများစွာကိုပါဖြတ်ကျော်လာခဲ့ပြီးပြီဆိုသော်ငြား ဒီတစ်ကြိမ်တော့သူလုပ်နိုင်တော့မည်မဟုတ်ပေ။
အချိန်များဖြည်းညင်းစွာကုန်ဆုံးသွားပြီးသူလဲအိပ်မောကျသွားခဲ့သည်။
သူ့အိပ်မက်ထဲမှာတော့သူဟာမိဘလဲမရှိ၊သူငယ်ချင်းလဲမရှိ၊ဆွေမျိုးလဲမရှိ...သူတစ်ယောက်တည်းတစ်ကောင်ကြွက်သာဖြစ်သည်။

ရုတ်တရက်တစ်ယောက်ယောက်ကသူ့ကိုလှုပ်နှိုးလိုက်သည်။ရီဝေဝေနှင့်ပင်သူမျက်တောင်ခတ်လိုက်မိသည်။မော့ကြည့်လိုက်ပေမယ့်သူ့စိတ်ကဝိုးတိုးဝါးတားဖြစ်နေသေးတာကြောင့်
ဘယ်သူမှန်းမမှတ်မိပေ။

အထိန်းတော်ရှို့သည်အနေရခက်နေသောအကြည့်မျိုးနှင့်သူ့ရှေ့မှာဒူးထောက်နေသည်။စကားမပြောရသေးခင်မှာတင် သူမမျက်လုံးများမှာရဲတွတ်နေသည်။သူမ၏စိုးရိမ်စိတ်အပြည့်နှင့်မျက်နှာထားကိုငေးကြည့်ရင်း
သူနှုတ်ခမ်းကိုက်လိုက်မိသည်။သူ့မျက်လုံးများမှာပူတက်လာပြီးမြင်ကွင်းမှာဝေဝါးလာသည်။
အထိန်းတော်ရှို့သည် တုန်ယင်နေသောလက်အစုံနှင့်သူ့ခေါင်းဘေးတစ်ဖက်ကိုလှမ်းကိုင်လိုက်သည်။
"ဒီနေ့လိုနေ့မျိုးကိုကျွန်တော်မျိုးမစောင့်မျှော်နေခဲ့တာကြာပါပြီ.."
"အထိန်းတော်ရှို့"
သူ့ဒူးပေါ်ခေါင်းမှေးတင်လိုက်သည်။မနည်းအားတင်းပြုံးလိုက်ပြီးသူမမျက်နှာကိုအသာလေးလှမ်းကြည့်လိုက်သည်။
"အမြဲတမ်းသိနေခဲ့တာဟုတ်တယ်မလား"

အမျိုးသမီးကြီးသည်နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပြီးမျက်ရည်များရစ်ဝိုင်းလာသည်။

"မြို့စားမင်းနဲ့မြို့စားကတော်..နောက်ဆုံးတော့စိတ်ချလက်ချအနားယူနိုင်ပါပြီ"
 မျက်ရည်တွေကသူ့ပါးပြင်တစ်လျှောက်စီးကျလာသည်။သူမကညင်သာစွာလက်လှမ်းလိုက်ပြီးမျက်ရည်တွေသုတ်ပေးလာသည်။
"မင်းကငယ်ငယ်လေးထဲကငိုရတာအရမ်းကြိုက်တယ်..ဘုရင်ဖြစ်ရင်တောင်ဒီလိုမျိုးဆက်ငိုနေအုံးမှာလား"
ဟန်ရှင်းကခနဲ့တဲ့တဲ့သာရယ်လိုက်မိသည်။
"အဒေါ်တို့အားလုံးကကျွန်တော့ကိုဘာလို့ဒီလိုတွေလုပ်နေကြတာလဲ"
သူမငြိမ်သက်နေစဉ်အတွင်း မျက်ရည်စက်များမှာပြောင်လက်ချောမွေ့နေသောကြွေပြားများပေါ်သို့ရိုက်ခတ်ကုန်ကြသည်။
"ဒါကမင်းရဲ့ကံကြမ္မာပဲလေကွယ်.."
သူ့ရဲ့ကံကြမ္မာ..သူ့ရဲ့ကံကြမ္မာ..အဟက်။ရုတ်တရက်သူ့နှလုံးသားတစ်ခုလုံးချောက်နက်နက်ထဲပြုတ်ကျသွားသလိုမျိုး သူ့တစ်ကိုယ်လုံးအားအင်တွေဆုတ်ယုတ်ကုန်လေသည်။
သူမသည်မျက်ရည်မတိတ်နိုင်သေး။
"သခင်လေးသာဘုရင်ဖြစ်မလာခဲ့ရင် သခင်လေးအဖေနဲ့အမေအတွက်ဘယ်သူကများတရားမျှတမှုရှာပေးနိုင်တော့မှာလဲ။မြို့စားကြီးကိုတစ်သက်လုံးအပြစ်သားအဖြစ်ရှိသွားစေချင်တာပါလား..ဒီလိုမှမဟုတ်ရင်
သခင်ကြီးကသူ့နာမည်ကိုသန့်စင်နိုင်မယ့်အခွင့်အရေးကနောက်ဘယ်ချိန်များမှပါလဲ"
သူ့မျက်လုံးတွေစူးအောင့်လာပြီးရင်ဘတ်တစ်ခုလုံးမှာခဲဆွဲခံထားရသလိုလေးလံလာပြီးအသက်ရှုပင်ကျပ်လာသည်။မျက်ရည်များရစ်သိုင်းလာသော်လည်းမငိုနိုင်တော့ပေ။
"သခင်လေးငယ်ငယ်လေးတုန်းက"
ဗလာသက်သက်နှင့်အတိတ်ကိုပြန်ပြောင်းအောက်မေ့နေသည်။
"သခင်လေးကပြိုင်ဘက်ကင်းအောင်နိုင်သူအဖြစ်လောကကြီးကိုစိုးမိုးနိုင်အုံးမှာဆိုပြီးတောင် သခင်နဲ့သခင်မကစနောက်ဖူးပါသေးတယ်..သခင်ကြီးရဲ့အကြီးမားဆုံးဆန္ဒကတော့တစ်လောကလုံးကသခင်လေးနာမည်ကိုသိနေတဲ့အထိ
အထွတ်အထိပ်အောင်မြင်မှုမျိုးရစေချင်တာပါ.."
မိုးကြိုးပစ်ခံလိုက်ရသလိုမျိုးသူစကားတစ်ခွန်းမျှပင်မပြောနိုင်တော့ပေ။
(၁၂)နှစ်တာမျှသူလျစ်လျူရှုရင်းနေထိုင်လာခဲ့သည်။သူ့မိဘတွေအကြောင်းကိုလျစ်လျူရှုရုံမျှမကဘဲ သူတို့ရဲ့လိုအင်ဆန္ဒတွေကိုပါမသိကျိုးကျွန်ပြုထားခဲ့မိသည်။
အထိန်းတော်ရှို့ကသူ့ကိုလက်မောင်းများကြားရစ်သိုင်းဖက်လိုက်ရင်း ပေါင်ခွင်ပေါ်တွင်ခေါင်းထား၍လှဲစေလိုက်သည်။
မျက်ရည်ဝဲလျက်ကပင်ပြုံးရင်းနှင့်သူမကခေါင်းငုံ့ကြည့်လာသည်။အလေ့ကျပေါက်လေ့ရှိသောချင်းပန်းရနံ့က သူမအင်္ကျီကနေတစ်ဆင့်လေမှာဝေ့ဝဲလာသည်။အမေနှင့်တစ်ပုံစံတည်းပါပင်။
"မင်းကငယ်ငယ်​လေးကတည်းက​ဆော့ရတာအရမ်းကြိုက်တယ်..​ဆော့လို့​မော့လာတဲ့အခါမြို့စားသခင်မ​​လေးရဲ့​ပေါင်​ပေါ်မှာသွားလှဲ​နေလိမ့်မယ်..သခင်မ​လေးကမင်း​ကြောင့်အလုပ်​တွေပျက်ကုန်လို့ငြီးငြူ​နေ​ပေမယ့် မျက်နှာမှာ​တော့​ပျော်​နေခဲ့တယ်..”
“မြို့စားကြီးက​တော့မင်းကို​ရေးတတ်ဖတ်တတ်ဖို့နဲ့ကိုယ်ခံပညာ​တွေသင်​ပေးခဲ့တယ်..ဒါ​ပေမဲ့မင်းက​တော့အမြဲ​တမ်းပေါ့တိ​ပေါ့ပျက်လုပ်​နေခဲ့တာပဲ..မြို့စားကြီးကမင်းကိုအပြစ်​ပေးဖို့ကြိုးစား​ပေမယ့် မင်းကသခင်မ​လေး​နောက်​ပြေးပုန်းတယ်​လေ..မင်းအ​​ဖေခမျာစိတ်ပျက်သွား​ပေမယ့်ဘာမှလဲမတတ်နိုင်ရှာဘူး”
“​နွေဦး​ရောက်ရင်​တော့သူတို့ကမင်းကို​ကျေးလက်​ဒေသ​တွေဆီအလည်​ခေါ်သွားလိမ့်မယ်”
“မင်းက​နွေရာသီမှာ​လှေစီးရတာသ​ဘောကျတယ်..အဲဒီအချိန်တိုင်းမင်းအ​ဖေနဲ့အ​မေကညဥ့်နက်တဲ့အထိမင်းကိုအ​ဖော်လုပ်​ပေးလိမ့်မယ်..”
သူမနှုတ်ကထွက်လာတဲ့အတိတ်ရဲ့အပိုင်းအစများသည် သူ့ရဲ့အတိတ်ကို​ရော၊အနက်ရှိုင်းဆုံးအမာရွတ်​တွေကိုပါလှစ်ဟပြ​နေသည်။​သွေးစွန်း​သောအတိတ်ရဲ့​နေ့ရက်များဟာသူ့ဆီတည့်တည့်ပျံသန်းလာ​နေသလိုပင်။
မျက်နှာကြက်ကို​ငေးကြည့်​နေရင်း မျက်​တောင်တဖျတ်ဖျတ်ခတ်လိုက်သည်။
“ကျွန်​တော်ဧကရာဇ်ဖြစ်လာဖို့ကအဲ့​လောက်​တောင်အ​ရေးကြီးလား”
သူမကဟန်ရှင်း​ကျောကိုကြင်နာစွာပုတ်​ပေးလာသည်။
“ကျွန်​တော်မျိုးမ​ပြောပြီးပါ​ပေါ့ဘဲ..သခင်​လေးဘုရင်ဖြစ်မှ သခင်ကြီးတို့ဂုဏ်သတင်းကိုပြန်အဖတ်ဆယ်နိုင်ပါလိမ့်မယ်..သခင်​လေးဘုရင်ဖြစ်မှ​လောကကြီးကိုအထက်စီးက​နေမိုးကြည့်နိုင်ပါလိမ့်မယ်..သခင်​လေးဘုရင်ဖြစ်မှအရာအားလုံးကို​​ပြောင်းပြန်လှန်ပစ်ပြီးတိုင်းပြည်ကိုကယ်တင်နိုင်ပါလိမ့်မယ်..”
မျက်ရည်​တွေကသူ့မြင်ကွင်းကိုတစ်ဖန်​ဝေဝါးသွား​စေပြန်သည်။
​နောက်ဆုံး​တော့သူသ​ဘော​ပေါက်သွားခဲ့ပြီ။
သူ့ကံကြမ္မာကိုသူသည်ဘယ်တုန်းကမှမပိုင်ဆိုင်ခဲ့။ဘယ်​တော့မှလဲပိုင်ဆိုင်နိုင်မည်မဟုတ်။
သူ့မိဘများကွယ်လွန်သွားပြီး​နောက် သားဖြစ်သည့်သူ့ကို​နောက်ဆုံး​မျှော်လင့်ချက်အ​နေနှင့်ချန်ထားရစ်ခဲ့ကြသည်။ယခုတိုင်းပြည်သည်​သေမင်းနှုတ်ခမ်းဝကို​ရောက်​နေပြီး များမကြာခင်ကပ်​ဘေးဆိုးကြီးကလည်းကျ​ရောက်​တော့မည်။သူက​တော့အားလုံးအတွက်တာဝန်ထမ်း​​ဆောင်ရ​တော့မည်။သူအပြစ်တင်ချင်းတင်..သူ့ကိုယ်ထဲမှာစီးဆင်း​နေတဲ့​တော်ဝင်​သွေးကိုသာအပြစ်ဆိုရ​တော့မည်။သို့​သော်လူတစ်​ယောက်ကကိုယ်ကိုယ်တိုင်ရဲ့​မွေးဖွားခြင်းကိုဘယ်လိုလုပ်များ​ရွေးချယ်ခွင့်ရှိနိုင်မှာလဲ။
သူစိတ်ပျက်လက်ပျက်နှင့်​အော်ရယ်လိုက်သည်။သူ့ရယ်သံက​​ဟောခန်းမကြီးတစ်​လျှောက်ပျံ့လွင့်သွားသည်။မျက်ရည်ထွက်သည်အထိသူရယ်​နေမိသည်။တည်​ထောင်သူဧကရာဇ်ရွှင်သည် သူ့ကို​စေ့​စေ့စပ်စပ်ကြည့်ရှု​နေသလိုပင်။
ထိုတုန်းကရှစ်နှစ်သား​လေးသည်ဘဝကြီးသည်ဘာဆက်ဖြစ်မည်ကိုခန့်မှန်းလို့မရနိုင်သည်ကိုသိမှာမဟုတ်ခဲ့။သူ့ကံကြမ္မာကဆုံးဖြတ်ခံထားရပြီးသားဖြစ်​နေသည်ကိုလည်း​ကောင်း၊ဘယ်လိုစမ်းသပ်ချက်၊စိန်​ခေါ်မှု​တွေကိုပဲကြုံရကြုံရ​နောက်ဆုံး​တော့ထီးနန်းဆက်ခံရမှာကိုလည်း​​ကောင်းကြိုသိမည်မဟုတ်ခဲ့။
‘​ကောင်းကင်ထက်ကသက်တံ့၊အခန်းထဲက​မွှေးရနံ့၊​လေထဲကခရမ်း​ရောင်တိမ်တိုက်များ၊ပျံဝဲ​နေ​သော​ရွှေနဂါး’
သူ့တစ်ဘဝလုံးစာသည်ထိုစကားလုံး​လေးအနည်းငယ်နှင့်ပင်သတ်မှတ်ခံထားရပြီးသားဖြစ်သည်။
နန်း​တော်သည်ဤမျှ​လောက်​အေးစက်မှန်း၊ဤမျှ​လောက်ခြိမ်း​ခြောက်ဖွယ်ယုတ်မာရက်စက်တတ်မှန်းဘယ်တုန်းကမှသူသတိမထားမိခဲ့။
​မွမ်းမံခြယ်သထား​သောရက်မများ၊တိုင်လုံးများ၊လှလှပပ​ဆေးခြယ်ထား​သော​ခေါင်မိုးနှင့်လွင့်ခါ​​နေသောခန်းဆီးလိုက်ကာများကြား ယခင်ဧကရာဇ်တို့၏ဝိညာဥ်အပိုင်းအစများကိုမြင်​ယောင်​နေမိသည်။ဝိညာဥ်တို့မှာသူ့ကိုကြည့်ရှုအကဲခတ်ချင်​ဇောနှင့် ပုံတူပန်းချီထဲမှတိုးထွက်ရန်အလျင်လို​နေကြဟန်ပင်။၎င်းတို့ဆက်ခံသူဘာကို​ရွေးချယ်သွားမလဲဆိုတာကို​စောင့်ကြည့်ချင်​နေကြဟန်ပင်။ကိုယ့်ကံကြမ္မာကိုယ်လက်ခံပြီးတိုင်းပြည်ကိုကယ်တင်မလား..ဒါမှမဟုတ်..​ခေါင်းမာမာနဲ့ကိုယ်လွတ်ရုန်းဖို့ကို​ရွေးချယ်မှာလား။
ဆရာ​​လျောင်ကစာသင်တဲ့အခါ အမြဲတမ်း​ပြောဖူးတာရှိသည်။အောင်နိုင်သူကဘုရင်ဖြစ်လာပြီးရှုံးနိမ့်သူက​တော့အပြစ်သားဖြစ်လာရသည်တဲ့။ဂုဏ်သ​ရေရှိကြီးကျယ်မြင့်မြတ်လှပါသည်ဆို​သော​တော်ဝင်မျိုးနွယ်များပင် မျက်စိတစ်မှိတ်အတွင်း​ပျောက်ကွယ်သွားနိုင်​ပေသည်။
အကယ်၍သူသာ​ခေါင်းမာမာနှင့်ဆက်လက်ငြင်းဆန်​နေပြီးလက်မခံခဲ့ဘူးဆိုလျှင် ဧကရီမယ်မယ်သည်သူ့ရဲ့တည်ရှိမှုကိုသတိကြီးကြီးထား​နေမှာဖြစ်ပြီးသူနန်း​​တော်ထဲက​နေအသက်ရှင်လျက်မထွက်နိုင်​အောင်လုပ်လိမ့်မည်။သူမလို​ကောက်ကျစ်စဥ်းလဲသည့်မိန်းမမျိုးသည် ဒီလိုလုပ်ရပ်မျိုးလုပ်နိုင်လိမ့်မည်ဟုသူထင်သည်။
သူဖြည်းဖြည်းချင်းကိုယ်ကိုမတ်​အောင်ပြင်ထိုင်လိုက်ပြီး ဧကရာဇ်ရွှင်၏ပုံတူပန်းချီကိုတိတ်တဆိတ်​ငေးကြည့်​နေလိုက်သည်။
လင်မျိုးနွယ်ရဲ့ဘိုးဘွား​ဘီဘင်တို့..,ဒါကကျွန်​တော့ကို​ပေးတဲ့အပြစ်ဒဏ်များလား။
ပုံတူ​ရှေ့ရှိဖ​ယောင်းတိုင်သည်လှုပ်ခတ်သွားပြီး မီးစများသည်​ရှေ့သို့ဟုန်းခနဲ​တောက်​လောင်ပြီးလျှင်ရုတ်တရက်ငြိမ်းသွားသည်။
​ကောင်းကင်သည်ဖြူ​ဖျော့စပြုလာပြီး ပြတင်း​ပေါက်များကြားမှတစ်ဆင့်မနက်ခင်းလင်း​ရောသ်ခြည်တို့မှာတိုးဝင်လာကြသည်။မည်သည့်စကားမှမဆိုဘဲ အထိန်း​တော်ရှို့သည်ထရပ်ကာဟန်ရှင်း​နောက်​တွင်ဒူး​ထောက်ချလိုက်သည်။
နှုတ်ခမ်းကိုတင်းတင်း​​စေ့၍သူ​ပြောလိုက်သည်။
“အထိန်း​တော်ရှို့..ဒီကိုလာဖို့ကလည်းဧကရီမယ်မယ်ရဲ့အကြံဉာဏ်ပဲ..ဟုတ်တယ်မလား..”
အထိန်း​တော်ရှို့သည်သူမနဖူးနှင့်ကြမ်းပြင်​ဆောင့်သည်အထိအလျင်အမြန်အရိုအ​သေ​ပေးလိုက်ရင်း
“ဒါ​ပေမဲ့ကျွန်​တော်မျိုးမ​ပြောသမျှစကားတိုင်းက​တော့နှလုံးသားရဲ့အနက်ရှိုင်းဆုံး​နေရာက​နေလာတာပါ..”
​ခြေသံများကငြိမ်သက်တိတ်ဆိတ်​နေမှုကိုဖြိုခွဲလိုက်သည်။​ခြေသံများမှာတစ်စုံမက​ပေ။အသံများမှာဖရိုဖရဲနှင့်ပြတ်​တောင်းပြတ်​တောင်းနိုင်​နေပြီး ခပ်ပြင်းပြင်းဘွတ်ဖိနပ်သံများ၊လက်နက်နှင့်သံချပ်ကာဝတ်စုံတို့၏ချွင်ခနဲချွင်ခနဲရိုက်ခတ်သံများနှင့်​ရော​ထွေး​နေသည်။အထိန်း​တော်ရှို့ကသူ့ကိုအကြည့်မလွှဲဘဲစိုက်ကြည့်​နေသည်။
ဧကရီမယ်မယ်ထံတွင်တာဝန်ထမ်း​ဆောင်ရ​သောအကြီးတန်းအရာရှိသည်​ခြေလှမ်းကျဲကျဲနှင့်လှမ်းဝင်လာပြီးရပ်တန့်လိုက်သည်။ထိုလူ့​နောက်တွင်ကားလက်နက်အပြည့်အစုံပါ​သောစစ်သည်တစ်စုတန်းစီရပ်​​နေကြသည်။​နောက်ထပ်အမှုထမ်းသည်ဦးညွှတ်ရင်းနှင့် ဝိုင်ထည့်ထား​သောခွက်တစ်ခွက်ကိုကိုင်ကာ​ရှေ့ထွက်လာသည်။
ပိုအသက်ကြီးပုံရ​သောအမှုထမ်းကြီးသည်သူ့ကိုပြတ်သား​သော​လေသံနှင့်​မေးလာသည်။
“ဆုံးဖြတ်ချက်ချပြီးပါပြီလား”
​ရွှေ​ရောင်အပွင့်အဖတ်များ​သည်ပယင်း​ရောင်ဝိုင်ထဲတွင်​ပေါ​​​လော​မျော​နေကြသည်။​ရွှေ​ရောင်ပွင့်ချပ်လွှာပါ​သောဝိုင်တစ်ခွက်...ဤသည်ကား​တော်ဝင်မျိုးနွယ်များကိုသာ​ပေးအပ်​လေ့ရှိ​သော သက်သက်သာသာ​နှင့်​​သေစေခြင်းတစ်မျိုးပင်ဖြစ်သည်။သူခွက်ကိုစိုက်ကြည့်ပြီး​သ​ရော်ပြုံးပြုံးမိသည်။သူ့ကိုသိပ်ကိုမျက်နှာချို​သွေး​နေကြတာပါ့​ကော...။
အထိန်း​တော်ရှို့မှာကြမ်း​ပေါ်ဒူး​ထောက်​နေရင်းတုန်ရီ​​နေကာဝမ်းနည်းပက်လက်ငို​ကြွေး​နေသည်။
မင်းမှုထမ်းကြီးသည်သူ့ကိုမျက်စိ​မှေး၍အကဲခတ်​နေသည်။သူ​လှောင်ရယ်လိုက်ပြီးဝိုင်ခွက်ကိုလက်နှင့်တိုက်ချပစ်လိုက်သည်။ပယင်း​ရောင်ဝိုင်များမှာ​မြေပြင်​ပေါ်ဖိတ်စင်ကျကုန်ပြီး ​ရွှေ​ခွက်မှာအ​ဝေးသို့လိမ့်စင်ထွက်သွားသည်။စစ်သည်တို့သည်ရုတ်တရက်​ရှေ့တိုးလာပြီး ဓါးကိုဓါးအိမ်ထဲက​နေတစ်ဝက်ထုတ်ထားကြသည်။
“ကုန်းကုန်း”
သူနာမည်တပ်​ခေါ်လိုက်သည်။
“မင်းဒီမှာရှိ​နေစရာမလို​တော့ဘူး”
ကုန်းကုန်းကြီးသည်နားလည်သ​​ဘောပေါက်သည့်အပြုံးမျိုးနှင့်​ဘေးဖယ်​ပေးလိုက်သည်။ကြက်​သွေး​ရောင်လင်ဗန်းကိုင်​ဆောင်ထား​သောစစ်သည်တစ်​ယောက်သည်ဦးညွှတ်လျက်​ရှေ့တိုးလာကာဒူးတစ်ဖက်​ထောက်ထိုင်ချလိုက်သည်။စစ်သည်​တော်များမှာအနီ​ရောင်သံချပ်ကာနှင့်အနီရင့်​ရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားကြပြီး အကုန်လုံးမှာလုပ်နိုင်ကိုင်နိုင်စွမ်းရှိသည့်လူငယ်များဖြစ်ကြသည်။ကြက်​သွေး​ရောင်လင်ဗန်း​ပေါ်တွင် မြည်ဟိန်း​နေ​သောမဟူရာနဂါးတစ်​ကောင်၏ပုံတူကို၎င်း၏ချွန်မြမြလက်သည်းများနှင့်အတူထည့်သွင်းခြယ်သထားသည့်မင်းဧကရာဇ်တို့၏အ​ဆောင်အ​ယောင်ကိုးပါးအပြင် ပုလဲသီထား​သောကြိုးကိုး​ချောင်းနှင့်တန်ဆာဆင်ထား​သောပုလဲကိုးပါးသရဖူပါရှိ​နေသည်။ပုလဲသီထား​သောကြိုးများမှာအချင်းချင်းရိုက်ခတ်​နေသဖြင့်တချွင်ချွင်အသံပင်မြည်​နေကြသည်။
“အခမ်းအနားဝတ်စုံကို​ပြောင်းလဲဝတ်ဆင်​ပေးဖို့အရှင်မင်းကြီးကို​မေတ္တာရပ်ခံအပ်ပါရ​စေ..ဧကရီမယ်မယ်ကအရှင့်ကို​စောင့်​နေပါတယ်”
မင်းမှုထမ်းကြီးသည်သူ့ကိုတရိုတ​သေပန်ကြားလာသည်။
အလို​လေး..​နောက်ဆုံး​တော့သူကံကြမ္မာ​ရောက်လာခဲ့ပြီပဲ။
သူစကားမဆိုဘဲ ဝတ်ရုံဆီသို့လက်လှမ်းလိုက်သည်။
ထို့​နောက်သူဟားတိုက်ရယ်လိုက်ရင်း ဝတ်ရုံကိုဆွဲဖြန့်လိုက်ကာကိုယ်​ပေါ်တွင်​ကောက်ဝတ်လိုက်သည်။မင်းမှုထမ်းများကသတိကြီးစွာထားပြီးသူ့ကိုကူညီ​ပေးကြသည်။ဘုရင်တစ်ပါးကိုခစား​နေရသလိုမျိုး သရဖူကိုဂရုတစိုက်နှင့်​ဆောင်း​ပေးလာကြသည်။သူကိုယ်ကိုမတ်​အောင်ထားလိုက်ပြီးကူညီဝတ်ဆင်ခွင့်ပြုထားလိုက်သည်။
စစ်သည်များကနန်း​တော်တံခါးများကိုဖွင့်လှစ်လိုက်ပြီးခါးညွှတ်ကာအရိုအ​သေ​ပေးကြ​လေသည်။​နေထွက်လာပြီဖြစ်တာ​ကြောင့်အရုဏ်ဦး၏လင်း​ရောင်ခြည်သည်သူ့မျက်နှာကိုလာ​ရောက်ရိုက်ခတ်​လေ၏။
ထို့​နောက်ဖြစ်ပျက်သမျှသည်သူ့အတွက်အတန်ငယ်​ဝေဝါးလို့​နေသည်။ဧကရီမယ်မယ်သည်မှူးမတ်အရာရှိအားလုံးကိုဆင့်​ခေါ်လိုက်ပြီး​ကြေညာခဲ့သည်။
‘မြို့စား​ကျောက်ယွဲ့၏အကြီးဆုံးသားလဲဖြစ်..’
‘ဧကရာဇ်မင်၏မျိုးဆက်လည်းဖြစ်သည့်’
သူမကစကားဆက်သည်။
‘ဤက​လေးကိုသူ့​အဖေ၏သစ္စာ​ဖောက်လုပ်ရပ်အတွက်​ဗွေမယူပါဘဲ..တိုင်းပြည်၏လက်ရှိကြုံ​တွေ့​နေရ​သောအ​​​ခြေအ​နေအရပ်ရပ်အရ သူသည်အနီးစပ်ဆုံးမျိုးဆက်လည်းဖြစ်သည့်အပြင် ထူးချွန်လိမ္မာထက်မြက်သည့်အတွက်​ကြောင့်လည်း​ကောင်း၊ တိုင်းပြည်ကြီးဆက်လက်တည်တံ့​စေရန်ရည်ရွယ်​မျှော်ကိုး၍လည်း​ကောင်း ဤသူကိုဆက်ခံသူအ​ဖြစ်​ထီးနန်းကိုလွှဲအပ်လိုက်သည်..’
သူမ​ပြော​နေစဥ်အတွင်းစိတ်ထဲက​နေရယ်မိသည်ပင်။​အောင်နိုင်​သူတွေကသာသမိုင်းကို​ရေးထိုးနိုင်သတဲ့..။အို..သူ့အ​ဖေရဲ့​သေဆုံးမှုကမတရားလိုက်ပါဘိ။

Cold Sands[Myanmar Translation]Where stories live. Discover now