🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
"ဟုတ်တယ် ဒီခြံပဲ "
စာရွက်ထဲက လိပ်စာကို ပြန်ငုံ့ကြည့်ပြီး တစ်ဦးတည်း ပြန်ရွတ်လိုက်သည်။ ပြီးတော့ ခြံထဲက တိုက်ကြီးကို ပြန်မော့ကြည့်ပြီး ကိုယ်နေခဲ့တဲ့အိမ်လေးကို ပြန်သတိရခြင်းနှင့်အတူ တိုက်ကြီး၏အရှိန်အဝါက သူမခြေထောက်တွေကို တုံ့နှေးစေ၏ ။ လူ့ ချမ်းသာ အသိုင်းအဝိုင်းတွေကို ကြောက်ပါတယ်ဆိုမှ တည့်တည့်ကြီးလာတိုးနေပါတော့လား ။
Omma ရေ Omma ရဲ့ ....Omma ရဲ့နောက်ဆုံးအချိန်မှာ မှာခဲ့တဲ့ စကားအရသာ လာခဲ့ရတာ ။ Omma စကားကိုသာ နားမထောင်တက်ခဲ့ရင် ဒီလို နေရာမျိုးကို မျက်မှာငယ်ခံပြီး လာစရာမလို။ ကိုယ့်အား ကိုယ်ကိုး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်ပေမယ့် Omma က ခွင့်မပြု။ မိန်းကလေး ဆိုတာ အုပ်ထိန်းသူမရှိရင် မတင့်တယ်ဘူးတဲ့လေ ။ တစ်ကယ်ဆိုရင် ကိုယ်ကောင်းလို့က ခေါင်းဘယ်ရွေ့မှာတဲ့လဲ ။
တလောကလုံးမှာကလည်း ပြေးကြည့်ရင် ဒီသားအမိ နှစ်ယောက်သာရှိသည် အားကိုးစရာကလည်းမရှိ။ ဆွေမျိုးဆိုတာကလည်း ရွှေရှိမှ အမျိုးတော်ချင်ကြတာကြီး မဟုတ်လား ။ ဒါကြောင့် Omma က သမီးဖြစ်သူရဲ့ ပညာရေးရှေ့ဆက် နိုင်ဖိုအတွက် Mr Manoban ဆီ ရောက်အောင်သွားပါတဲ့လေ ။ Mr Manoban ၏ အုပ်ချုပ်မှုအောက်မှာမှ သမီးဖြစ်သူကို စိတ်ချမတဲ့လေ။
ဟူး....Jennie Kim တစ်ယောက် ရှေ့ဆက်ဘာတွေ ဖြစ်ဦးမယ်မသိ။ ရင်မောစွာဖြင့် ခြံပေါက်ဝမှနေ ခြံထဲကို လှမ်းကြည့်လိုက်တော့ ကားတစ်စီးအောက်တွင် အပေါ်ပိုင်းခါးထိ တိုးဝင်ကာကားပြင်နေဟန်ရှိသည့် လူတစ်ယောက်ကို လှမ်းတွေ့လိုက်သည် ။ ဘဲလ်သံကြားရင် တစ်ယောက်ယောက်တော့ ထွက်လာမှာပဲဟု လက်က ဘဲလ်ကို တီးလိုက်သည်။
ဘဲလ်သံကြားတော့ ကားအောက်က လူ ထွက်လာပြီး ထ ထိုင်လိုက်တာ တွေ့လိုက်သည် ။ ထိုင်ပြီး ခြံရှေ့ လှမ်းကြည့်သည် လူက မလာ ။ အဲ့တော့ စိတ်မရှည်သလို ဘဲလ်ကို ထပ်တီးလိုက်တော့ ခြံဝဆီသို့လျောက်လာပြီး သူမ ကို မျက်မှောင်ကျုံ့ကြည့်ကာ
"ဘယ်သူနဲ့ တွေ့ချင်တာလည်း"
"ဒီအိမ်က Mr Jiyoung Manoban တို့ အိမ်ဟုတ်ပါတယ်နော် "
YOU ARE READING
Believe That I Love You
FanfictionI will never regret loving you, only believing you loved me too