🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
Jennie Kim ဆိုတဲ့ မိန်းကလေးဟာ အခုတော့ Mr Manoban တို့ရဲ့ မိသားစု၀င် တစ်ယောက်အဖြစ်နဲ့ ထမင်းတစ်ဝိုင်းထဲ ၀င်စားခွင့်ရပါပြီ ။ ထမင်းဝိုင်းမှာ လူတစ်ယောက်တိုးတော့ ပိုပြီး စိုပြည် ပြည့်စုံသွားသလိုပါပဲ ။ Jen ပန်းကန်ထဲသို့ ဟင်းခပ်ထည့်ပေးကြလေရာ CL နှင့် Lisa ဆုံသွားလေတော့....
" ဟော "
" ဆုံကုန်ပြီ "
" ကဲ သမီးJen ရေ ... ထမင်းမစားဘဲ ဟင်းတွေချည်းပဲ ထိုင်စားပေတော့ "
Mr Manoban က ပြောလေတော့ အားလုံး၏မျက်နှာမှာ အပြုံးပန်းတွေနှင့် ။ Mino ကတော့ ပြုံးသည့်တိုင် မချိပြုံးလေး ။ လက္ခဏာ က နောင်တော် ရာမကို အရှုံးပေးတာ ရာဇ၀င်ထဲမှာ ။ အခုတော့ ကိုယ်က ပြောင်းပြန် ။တစ်ဦးတည်းသော ညီမလေးအတွက် အရာရာမှာ ကိုယ့်က ငဲ့ညှာရမှာပေ့ါ ။
Jen ကို ချစ်မိတဲ့ အချစ်ကိုက မောင်နှမ နှစ်ယောက်လုံးမှာ ပထမဆုံးဖြစ်တည်လာကြတဲ့ အချစ်တွေမို့ ချစ်မိတဲ့ ကိုယ့်နှလုံးသားကိုကပဲ ကိုယ့်ကံကြမ္မာကိုယ်ဖန်လာပြီး ဖြစ်လာခဲ့တာ မဟုတ်လား ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အချစ်ရဆုံးညီမလေး ကို ကိုယ်ချစ်တဲ့သူပေးလိုက်ရတာမို့ ဖြေသာပါတယ်။ ညီမလေး ပျော်ရင်ပဲကျေနပ်ပါတယ်လေ ။
" သားကြီး "
"ဗျာ "
" ထည့်စားလေ "
" ဟုတ်ကဲ့ "
" ကိုကို "
" ဟင် "
" စားမကောင်းဘူးလား "
" ကောင်းပါတယ် "
" မသိပါဘူး ... ရင်ခံနေသလားလို့ "
LiLi စကားက အစွန်းမလွတ်ပေမယ့် သူကျေနပ်စွာ ပြုံးလိုက်မိ၏ ။ ရိုးရိုးသားသား သမားရိုးကျ ပြောလိုက်တာလည်းဖြစ်နိုင်တာပဲလေ ။
" သမီး Jen "
" ရှင် "
" သမီး WenWen နဲ့ တူတူ တစ်ခန်းထဲ မနေတော့ပဲ အပေါ်ထပ်က အခန်းလွတ်ကို ပြောင်းလိုက်တော့နော် ၊ သမီးငယ်လေး ဘေးက အခန်းကို "
" ရှင်... ဟို ... .Jen အဆင်ပြေပါတယ် အန်တီ "
" မဟုတ်တာ... သမီးရဲ့... ပြောင်းရမယ် "
YOU ARE READING
Believe That I Love You
FanfictionI will never regret loving you, only believing you loved me too