🌼 11 🌼

2.5K 255 31
                                    

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

ဒီနေ့ Jen တို့ လေ့လာရေးခရီးသွားမယ့်နေ့မို့ စုရပ်ဖြစ်တဲ့ ကျောင်း၀င်းအတွင်းကို Jen နဲ့ Lisa အခုပဲ ရောက်ပါတယ် ။​ တခြားလူတွေလည်း အတော်များများရောက်နေကြတာတွေ့ရ၏ ။ သူမတို့ နှစ်ယောက်လဲ မျက်လုံးတစ်ချက်ဝေ့ကာ ကိုယ့်သူငယ်ချင်း၂ ယောက်ကို ရှာရတော့သည် ။​ ဟော တွေ့ပါပြီ။ Jen အပြေးလေး သွားလိုက်ပြီး ခေါ်လိုက်၏ ။ Lisa ကတော့ စာရင်းပေးပြီးလိုက်လာခဲ့မယ်ဆိုပြီး ကျန်ခဲ့သည် ။

"Jisoo yah. . . . "

"အာ ... Jendueki ရောက်ပြီလား ။ ရောက်ကြောင်း စာရင််းကောပေးခဲ့ပြီလား ။​ ငါတို့ ကား B မှာ လိုက်ရမှာ ။ အခုက စီနီယာတွေကောဆိုတော့ ငါတို့ကားလည်း စီနီယာတွေ နဲ့ ရောထိုင်ရမှာထင်တယ် ။ ထိုင်ခုံနေရာတော့ ငါတို့ ၂ ယောက်တစ်တွဲဆီပေ့ါ ။ "

" အင်း Li စာရင်းသွားပေးနေတယ် ။​ ဒါနဲ့ မျက်နှာက ဘာလို့ စူပုတ်နေတာလဲ ။ Chae ရော"

ရောက်ကတည်းက သတိထားမိတာ အမြဲပြုံးနေတက်တဲ့ Jisoo က ခုတော့ စူပုတ်လို့ တစ်ယောက်ထဲ ရပ်နေတာမို့ Chae ကိုလည်း မတွေ့တာမို့ မေးလိုက်မိတာ ။ ညာဘက် ခပ်လှမ်းလှမ်းသို့သာ မေးငေ့ါပြရင်း မေးလာတဲ့အမေးကို ဖြေလေ၏ ။ Jen လှမ်းကြည့်လိုက်တော့ senior အစ်မ တစ်ယောက်ဖြစ်မည်ထင်သည် ။ ထို အစ်မနှင့် ရယ်မောကာ ဘာတွေပြောနေသည် မသိသည့် Chae ကို တွေ့လိုက်ရသည် ။

"Senior လား .. အဲ့ အစ်မ "

" အင်း တတိယနှစ်က Suzy Bae လေ ။ အရင်က သူ့ Crush ကြီး ... ရယ်မောနေလိုက်တာများ ယင်ကောင်တေဥ လို့ တစ်ကမ္ဘာတောင် တည်လို့ရနေပြီ ။ လာသွားမယ် ။ Jen တို့ကို စောင့်နေတာမို့ ဒီနားမှာ ဒီလောက်ထိ ရပ်စောင့်နေတာ ... ကားပေါ်သွားကြစို့ ။ Soo နဲ့ Jen နဲ့ပဲ ထိုင်မယ်နော် "

" အင်း .. သွားမယ်လေ "

ပြောပြောဆိုဆို တစ်ခါထဲပါ လက်ကို ဆွဲကာထွက်သွားတာမို့ Jen မှာ Jisoo နောက် တရွတ်တိုက်မတက် ပါသွားရ၏ ။

" ဟေ့ Chae ဟိုနှစ်ယောက်ကော ...."

Lisa ရောက်လာတော့ senior Suzy နဲ့ ရပ်စကားပြောနေသော Chae ကို သာတွေ့ရ၍ မေးလိုက်မိတော့၏ ။ ထိုအခါကျမှ Chae တစ်ယောက် ခေါင်းကို ချာလပတ်ရမ်းအောင်လှည့်ရင်း

Believe That I Love YouWhere stories live. Discover now