🌼 6 🌼

2.4K 253 12
                                    

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

"Liကလည်း တော်ပြီလို့ဆို.... ဟင့်အင်း မပြင်ချင်ဘူးပါဆို "

"မပြင်လို့မရဘူး "

"ဟင့်အင်း........မပြင်ဘူး"

"ပြင်ရမယ်"

"မပြင်ပါဘူးဆို"

"Jennie Kim"

ခပ်မာမာလေး ခေါ်လိုက်တော့ Jen မျက်လုံးဝိုင်းဝိုင်းလေးနဲ့ မော့ကြည့်လာသည် ။ အခု Jen နဲ့ Li တို့ ပိတ်ရက် Shopping ထွက်လာရင်း Li က Jen ကို ပြင်ဆင်ပေးဖို့ရာ အလှပြင်ဆိုင်ကိုခေါ်လာတာပင် ။​

Jen ကို အလှပြင်ရမယ်ဆိုရအောင် Jen က အရမ်းရုပ်ဆိုးနေတာမှ မဟုတ်တာ ။ ကိုယ့်ရုပ်နဲ့ကိုယ် ဒိထက်ပိုပြီး မလှချင်တော့ပါဘူး ။ ကိုယ်က ပညာရှာနေတာ .... ကြင်ယာရှာဖို့မှ မဟုတ်တာလေ ။ အခု အ၀တ်အစားတွေ လိုက်၀ယ်ပေးထားတာလည်း နည်းတာမဟုတ် ။​ အဲ့ဒါကို ခုလည်း Jen ပုံစံကိုပြောင်းရမယ်ဆိုတာ အလှပြင်ဆိုင်အတင်းခေါ်လာတာ ။

" ဘာလဲဲ ....နင်က ငါ မျက်နှာသာပေးလို့ ရွှေအေးပန်းကန်တက်လုပ်တာလား "

Lisa က အတန်းလဲတူတူ ။ အသက်လဲ သိပ်မကွာတာမို့ ရယ် ... စိတ်ကပေါက်လာတာနဲ့ နင်နဲ့ ငါနဲ့ ပြောတော့သည် ။

" ပန်းကန်ပေါ်ကို ဘယ်လိုလုပ် တက်လို့ရမှာလဲ​"

"ဟာ...... ငါက ရောင့်တက်တာကို ဥပမာ မေးတာဟ "

"ဪ"

" ဘာဪလဲ..... ငါပိတ်ထုလိုက်ရသေတော့မယ် "

"Jen ... ဘာလုပ်လို့လဲ Li ရ "

" နင် င့ါစကားကို နားမထောင်တာလေ "

"ထောင်တာကို "

" ထောင်တဲ့သူက ဟင့်အင်း မပြင်ဘူးလို့ ငြင်းမလား "

"Jen က ပိုက်ဆံအပိုကုန်မဆိုးလို့ ပြောတာကို ...ခုတောင် ၀ယ်ထားတာတွေနဲ့ ကုန်လှပြီ "

"နင့် ပိုက်ဆံကုန်လို့လား ....ပြော "

"ဘယ်သူပိုက်ဆံဖြစ်ဖြစ် .... ပိုက်ဆံဆိုတာ တန်ဖိုးရှိတယ် "

"ကျွတ်"

ကျစ်ကန်ကန်လုပ်နေတဲ့ ကောင်မလေးကို ကိုင်ဆောင့်ချင်စိတ် ဖြစ်သွား၏

Believe That I Love YouWhere stories live. Discover now