🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
ဒီနေ့သူတို့ Final စာမေးပွဲ နောက်ဆုံးနေ့ ....
သူတို့ ၄ ယောက်ရဲ့ စာမေးပွဲခန်းထဲက ထွက်တဲ့အချိန်က မတူနိုင်တာမို့ သူတို့ အားလုံးပြီးရင် စုရပ်အဖြစ် စာကြည့်တိုက်သွားရာလမ်းက သူတို့ ထိုင်နေကြ ခုံလေးမှာ ချိန်းထားကြသည် ။ Lisa တစ်ယောက် စုရပ်ဆီသို့ လာရာ... လမ်းတစ်ဝက်လောက်မှာ....
" Lisa...."
"ဪ Somi shi. . . "
" ဖြေနိုင်လား Lisa "
" အင်း မဆိုးပါဘူး ..Somi shi ရော ဖြေနိုင်တယ် မဟုတ်လား "
" အင်း...ဖြေနိုင်ပါတယ် .... ဟို.... Lisa"
" ဟင် "
"Somi ...Lisa ကို ပြောစရာရှိလို့... ပြီးတော့ ဒီနေ့က စာမေးပွဲနောက်ဆုံးနေ့လည်းဖြစ်တော့ နောက်ဆို နေ့တိုင်း တွေ့နေနိုင်တော့မှာ မဟုတ်ဘူးလေ .. အဲ့ဒါကြောင့် ဒီစကားကို Lisa ကိုပြောချင်လို့ ... ပြောချင်တယ်ဆိုတာထက် ၀န်ခံချင်တယ်ဆိုရင် ပိုမှန်ပါတယ်.."
"ဟမ်...ဪ အင်း... ပြောလေ..."
" ဟို...Lisa ကို ချစ်တယ် ... Somi ငယ်ငယ်လေး ကတည်းက Lisa ကို ချစ်ခဲ့တယ်ဆိုတာ Lisa လည်း သိမှာပါ။ အခုက သေချာလေး ပြောချင်လို့.... ၀န်ခံချင်လို့ပါ ... Lisa ကိုချစ်ခွင့်ပေးပြီး Somi ကို ပြန်ချစ်ပေးပါလား ..."
" အာ...."
"Lisa ကို Somi တစ်ကယ်ချစ်တာပါ ... "
Lisa တစ်ယောက် အကျပ်ရိုက်သွားရသည် ။ စိတ်လည်း ရှုပ်သွားရ၏ ။ လေပူတွေကို တစ်ချက် မှုတ်ထုတ်လိုက်ရင်း...
" အင်း... သိပါတယ် ... ဒါပေမယ့်...အားနာမိပါတယ် ... Lisa ...Somi ကို မချစ်နိုင်ဘူး "
" ဘာလို့လည်း... Lisa မှာ....ချစ်......"
" အင်း ဟုတ်တယ်... Lisa မှာ ချစ်ရတဲသူ ရှိတယ် ။ သူ့ကို ပဲချစ်တယ် ။ သူနဲ့ပဲ လက်ထက်မှာမို့ ။ Somi ကို.. တစ်ကယ်ကို အားနာမိပါတယ် "
" ဘယ်သူလဲ သိခွင့်ရှိမလား ..."
" အချိန်တန်တော့ သိရမှာပေ့ါ ...... ကဲ... အခုတော့ သွားလိုက်ပါဦးမယ်... ခွင့်ပြုပါဦး"
Lisa အမြန်စကားဖြတ်ကာ ရှောင်ထွက်လာခဲ့တော့သည် ။ ကျန်နေခဲ့သည့် Somi ကတော့ မျက်ရည်များကျရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ...
YOU ARE READING
Believe That I Love You
FanfictionI will never regret loving you, only believing you loved me too