တီ..တီ..
"ဟော Chae တို့ လာပြီ...Li....ရ သွားရအောင် Chae တို့လာပြီ "
"အင်း...လာ Somi "
သူက ခေါ်ရပြီး သူ့ကို က အင်း တစ်လုံးသာ ပြောကာ Somi ကို ခေါ်၍ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားသော Lisa ၏ ကျောပြင် ကို Jen မျက်မှောင်တစ်ချက် ကျုံ့ပြီး အလိုမကျစွာ ကြည့်လိုက်သည်။
chae တို့ သွားမယ် ဟု လာပြောတဲ့ နေ့ကတည်းက သူ့ကို မကြည်သလိုနဲ့ စကားကို ကောင်းကောင်းမပြော။ ပြီးတော့ ဒီလို ခရီးကိုလည်း Somi ကို ခေါ်လိုက်သေးသည်။ Lisa တစ်ယောက် ဘာတွေ ဖြစ်နေမှန်းကို Jen မသိတော့ပါ ။
ကားပေါ်ကို Wen Unnie နဲ့ ခြံစောင့် Arjishi တို့က ပစ္စည်းများဝိုင်းတင်ပေးကြ၏။
"Lisa..... ငါနဲ့ နင် က တစ်လှည့်စီမောင်းမယ်နော် ရှေ့မှာထိုင်လိုက်...Jen က Chu နဲ့ ထိုင်လိုက်...ဟိုတစ်ယောက်... နောက်ဆုံးတန်းဝင်လိုက်..နင် ပါလာလို့ ဒီကားကြီးနဲ့ စီစဉ်လိုက်ရတာ... မထိုင်ချင်ရင် မလိုက်နဲ့ "
Chae က သူတို့ကားနားကို ရောက်တာနဲ့ စကားကို ဒလက်ဆက်ပြောကာ နေရာထိုင်ရန် စီမံထားသည့်ကို ပြောလိုက်လေ၏။ Li ကို ရှေ့မှာထိုင်လို့ပြောလိုက်လို့ ရှုံ့မဲ့သွားတဲ့ somi ကို မြင်လိုက်တော့ စကားအဆုံးမှာ ကန်လန့်ပြောပလိုက်သည်။
ဒီလိုမှ မစီစဉ်ထားပြန်ရင်လည်း Somiက Lisa နား ကပ်ထိုင်မည်လေ။ ဒါဆိုရင် Jen က ဒီခရီးမှ မပျော်ရွှင် ရဆုံးသူတစ်ယောက် ဖြစ်သွားပြီး သူစီစဉ်တဲ့ ခရီးလေးကလည်း သာယာတော့မှမဟုတ်ဘူးလေ ။
သူတို့ လင်မယားနှစ်ယောက် မနေ့ကပင် အသည်းအသန် ခေါင်းချင်းဆိုင် စဉ်းစားပြီး သေချာစီစဉ်ထားတာပင်။ Lisa အတိတ်မေ့နေတာတွေ ဘာတွေ သူတို့ စဉ်းစား မနေအား။ အတိတ်မေ့တာပဲဟာ တက်ပြီးသား ပညာတွေတော့ မမေ့လောက်ဘူး ထင်ရတာပဲဆိုပြီး သူတို့ နှစ်ယောက် စီစဉ်ခဲ့ကြခြင်းဖြစ်၏။
Lisa က ခေါင်းညိတ်ကာ ရှေ့ခန်းထဲ ဝင်ထိုင်သွားတာကြောင့် Somi လည်း မတက်သာ ပဲ Chae ပြောထားသလို အနောက်ဆုံးတန်းက ထိုင်ခုံရှိရာသို့ စောင့်စောင့်အောင့်အောင့်ဖြင့် ဝင်ရန်ပြင်လိုက်ရတော့သည်။
YOU ARE READING
Believe That I Love You
FanfictionI will never regret loving you, only believing you loved me too