🌼 39 🌼

2.8K 252 25
                                    

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

"လူကို တို့ထိချင်တိုင်း တို့ထိပြီး အဲ့လိုထသွားလို့ရမလား "

"မဖက်နဲ့..."

" ဟင် ဘာလို့လဲ "

"ဟိုမိန်းမကို ဖက်ထားတာကြီး "

"သူဖက်တာ ပါ Li မှ ပြန်မဖက်တဲ့ဟာ..."

Back hug အနေအထားနဲ့ ဖက်ထားရင်း Jen လည်တိုင်ဖွေးဖွေးလေးကို အနမ်းလေး ပေးလိုက်ရင်း Lisa ချက်ခြင်း ခွန်းတုံ့ပြန်လိုက်သည်။

"ဘယ်သူက ဖက်ဖက် တူတူပဲ "

"ဟာ..ဘယ်မှာတူလို့လဲ မတူပါဘူး "

"တူတယ် "

"မတူပါဘူးဆို"

" တူတယ်... တူတယ်..."

အိပ်နေတာကိုလည်း ဟိုတို့ ဒီတို့ လုပ်တယ် ။ ပြီးတော့ သူ မဟုတ်သလို ထ ထွက်သွားဖို့ ပြင်တဲ့ ကောင်မလေးလက်ကို Lisa လှမ်းဆွဲလိုက် ပြီး ရင်ခွင်ထဲကို ဆွဲသွင်းကာ ဖက်ထားလိုက်တာပင်။

ဒါကို ရင်ခွင်ထဲကနေ အားမပါပဲ ရုန်းနေပြီး ဖောင်းနေတဲ့ ပါးနှစ်ဖက်ကြားကနေ နှုတ်ခမ်းတွေကို ဆူထော်ထားကာ ကိုယ့်ကို ရန်လုပ်နေသေးတာ ။

Lisa လည်း အသဲယားလာတာကြောင့် Jen ခန္ဓာကိုယ်ကို သူ့ဘက်ကို ဆွဲလှည့်ကာ တင်းတင်းကျပ်ကျပ် ဖက်လိုက်၏။ ထို့နောက် ဆူထော်ထော်နဲ့ ရန်တွေ့နေတဲ့ နီထွေးထွေး နှုတ်ခမ်းလေးကို ငုံထွေးလိုက်ပြီးနောက်...နူးညံ့ခြင်း မည်သော အနမ်းများကို အဆက်မပြတ် ပေးမိတော့သည် ။

Jen ကတော့ အားမပါတဲ့ လက်သီးသေးသေးလေးတွေနဲ့ သူ့ကို ထုနေရာမှ Lisa အနမ်းတွေကို မတွန်းလှန် နိုင်တဲ့ အဆုံးမှာ လက်လျော့သွားကာ ထုရိုက်နေတဲ့ လက်သီးစုပ် သေးသေးလေးတွေကို ဖြေကာ..ထိုလက်သေးသေးလေးတွေက Li ရဲ့ လည်တိုင်ဆီသို့ ခိုတွဲလာပြီး အနမ်းတွေကို ပြန်လည် တုံ့ပြန်လာ၏။

သေချာတာကတော့..........
ဒီနေ့ညလည်း...လမင်းကြီးက အရှက်သည်းစွာ ငုတ်လျိုးနေခဲ့ပြီး ... အိမ်အောက်ထပ်က ထမင်းဝိုင်းလေးကလည်း စားသုံးသူ မဲ့သွားရပြန်တော့သည်။

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

"Young..."

သူမ အလုပ်တွေ နဲ့ ဆက်တိုက်မအားဖြစ်နေတာကြောင့် သူမလေး ကို ပြစ်ထားမိသလိုဖြစ်သွားရတာပင်။ ဒါကို အကြောင်းပြု၍ အခန်းတခါးပင် လော့ချထားပြီး လုံးဝ ဖွင့်မပေးပဲ ဆန္ဒပြကာ စိတ်ကောက် နေလေ၏ ။

Believe That I Love YouWhere stories live. Discover now