🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
Jennie Kim အခုမှတော့ မထူးစိတ်ကို ပိုက်ရတော့မည် ။ ကံကြမ္မာကိုက ဒီလိုဖြစ်ဖို့ ဖန်တီးပေးလာတော့ Mr Manoban၏ စေတနာနှင့် မေတ္တာကို စက္ကူစုတ်လို စုတ်ဖြဲမပစ်နိုင်။ ဟို နေရာဆိုလည်း Jennie ၊ ဒီနေရာဆိုလည်း Jennie ။ နေရာတကာ Jen ခြေ Jen လက်၊ Jen မပါရင် အလုပ်မဖြစ်သလောက်ရှိနေပြီး ကျန်တဲ့လူတွေက ဒီအိမ်၏ တာ၀န်ထမ်းဆောင်ခြင်းမှ အငြိမ်းစားယူရတော့ မလိုလို ။
ရှိစေတော့ ။ Jennie Kim ဘ၀က သန်းခေါင်ထက်တိုးပြီး ညပိုမနက်တော့ပါဘူး ။ ကျောင်းထားပေမယ် ဆိုတာနှင့် မိန်းကလေးတစ်ယောက်၏ ဘ၀အတွက် အလုံအခြုံဆုံးနေရာမှာ ခိုလှုံခွင့်ရသည့်အတွက်ပဲ ကျေးဇူးတင်မဆုံးကာ နွားလိုပဲ ရုန်းရ ရုန်းရ ။ အ၀တ်လျှော် ။ ကြမ်းတိုက် ။ ထမင်းချက်လည်း ပါ ၊ စျေးသွားလည်းပါ ။
Jen ကို တမင်ဖိခိုင်းနေမှန်းသိသိနဲ့ Jen မှာ အလုပ်လုပ်ရတာ မမောနိုင် မပမ်းနိုင် ။ Omma စကားကို နားထောင်သောအားဖြင့် အရိုးပေါ် အရေတင် ဘ၀ရောက်ပါစေ ဒီအိမ်မှာ ဒူပေဒါပေ ခံယူပါမယ် Omma ရေ။
Jennie Kim အတွေးတွေနှင့် ကြမ်းတိုက်နေရာ မှ ရှေ့မှာ ခြေတစ်စုံလာရပ်တာ မြင်လိုက်ရသဖြင့် မော့ကြည့်လိုက်စဉ် ။ ဪ Mino Oppa ကိုး ။ သူ့ အကြည့်စူးစူးတွေအောက်မှာ Jen ကိုယ်လေး ကျုံ့သွားသလို။
"Mino Oppa"
ခေါ်ပြီး မော့ပဲကြည့်နေဖြစ်၏ ။ သူဟာ ဘယ်အချိန်ပဲ ကြည့်ကြည့် ချောမောနေသော မင်းသားတစ်ပါးပါ။ အသားဖြူခြင်း ။ အရပ်ရှည်ခြင်း တွေနဲ့အတူ မျက်ခုံးကောင်းကောင်း ။ နှာတံပေါ်ပေါ် နဲ့ ဘယ်လိုပဲ ကြည့်ကြည့် ကြည့်ကောင်းနေသူ ။
"Mino Oppa ဘာခိုင်းစရာရှိသေးလို့ . . . . "
" ရော့ "
" ဘာလဲဟင်"
"ယူကြည့် "
Jen သူ့လက်ထဲက စာရွက်ကို ယူကြည့်လိုက်တော့ ကြမ်းတိုက်ပြီးရင် Jen ဆက်လုပ်ရမယ့် အလုပ်တွေကို နံပတ်စဉ်ရေးပြီးစာတမ်းပြုစုထားတာဖြစ်၏ ။
၁ ။ အ၀တ်လျှော်
၂။ အိုးခွက်ပန်းကန်ဆေး
၃။ ပန်းပင်ရေလောင်း
၄။ ခြံသန့်ရှင်းရေး
၅။ အခန်းရှင်း
YOU ARE READING
Believe That I Love You
FanfictionI will never regret loving you, only believing you loved me too