⚛ _ 9

1.1K 120 16
                                    

Just like when you were younger.

" ရန်..ပင်း ကော ''

အသက်ရှူရခက်ခဲနေသော်လည်း သူအားတင်းခေါ်ဆိုမိလိုက်သည် ။

" ကော..ကောကော ''

တစ်ချိန်က နမ်စားလေးကို လွှတ်မြောက်ကြောင်းခေါ်ဆိုမိသော်လည်း စိတ်ထဲ၌တော့ မသတီစွာ..

ပြေလျှော့သွားတဲ့ လည်းပင်းဆီကခံစားမှုကို သူသိရှိလိုက်သည် ။ နာကျင်နေသော်လည်း သူ့စိတ်ထဲတော့လှောင်ရယ်နေမိ၏ ။

ဟွင့်..ကျွန်တော့်ရဲ့ အခေါ်အဝေါ်တွေက ခ​ဗျားရဲ့ အားနည်းချက်ဖြစ်နေတုန်းပဲလား

" ဝုန်း...''

လွတ်မြောက်သွားတဲ့ ရှောင်းကျန့်ကိုယ်လေးဟာ အဆောင်ငယ်လေးရဲ့ စာဖတ်ခန်းထဲ ပုံလျှက်သားကျသွားသည် ။ ဆို့တစ်နေတဲ့လည်ပင်းကိုကိုင်ကာ အသက်ကို ခက်ခဲစွာ ရှူနေမိ၏ ။

မတ်တပ်ရပ်ကြီး မေ့နေတဲ့ လူကိုကြည့်မိတော့ မိမိကို စိုက်ကြည့်နေသည်မှာ ကြောက်စရာ ။ ထိုလူ ဒေါသထွက်တိုင်း အသက်တစ်ချာင်း ပေးဆပ်လိုက်ရသည့် အဖြစ်အပျက်တွေက ပုံပြင်မဟုတ် ။

ရည်ရွယ်ချက်တွေမအောင်မြင်မချင်း လျှိုးရန်ပင်းဆိုတဲ့ ဒီလူယုတ်မာလက်ချက်နဲ့ သေဖို့ဆိုတာ မဖြစ်နိုင်သေး..။

" မင်း..မင်း ''

ဆက်ပြောလာခြင်းမရှိတဲ့လေသံက အံ့သြမှုတွေနဲ့ ။ ကြမ်းပြင်မှာ အသက်ကိုအလုအယက်ရှူနေသော ကောင်လေးကို ရန်ပင်း စူးစိုက်ကြည့်နေမိသည် ။ နီရဲရဲ ဖြစ်သွားတဲ့လည်ပင်းကိုအကြည့်ရောက်တော့ လက်ဖဝါးဟာ ခပ်တင်းတင်းလက်သီးစုပ်ဖြစ်သွားတော့၏ ။

ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေဟာ မရေမရာ..

" ကောကော '' ဆိုတဲ့စကားသံလေးနောက် ပြန်လည်ရောက်ရှိသွားတဲ့အတိတ်တွေမှာ ရန်ပင်းဟာ ထိုကောင်လေးရဲ့ အလိုအတိုင်းသာ အသင့်ရှိခဲ့တယ် ၊ ထိုကောင်လေးကို နာကျင်စေဖို့မဆိုထားနဲ့ တခြားသူတွေ မျက်စောင်းတစ်ချက်ထိုးကြည့်စမ်းရင်တောင် အဲ့မျက်လုံးတွေကိုကန်းသွားစေချင်တဲ့အထိ အစွန်းရောက်ချစ်ခြင်းတွေရှင်သန်ခဲ့တယ် ။

Toxic Love Where stories live. Discover now